နိုင္ငံတကာသတင္း

ကိုဗစ်ကုထုံးအသစ်တွေ့ရှိခဲ့တဲ့ (၁၄)နှစ်အရွယ်ကောင်မလေး၊ ဒေါ်လာ(၂၅၀၀၀)ဆုကြေးရ

အမေရိကန် တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၁၄)နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ အလားအလာကောင်းတဲ့ ကိုဗစ်ကုထုံးအသစ်တစ်ခုကို တွေ့ရှိခဲ့တာကြောင့် ဒေါ်လာ(၂၅၀၀၀)အထိ ဆုကြေးရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကောင်မလေးအမည်ကတော့ Anika Chebrolu ဖြစ်ပါတယ်။

Anika ဟာ Frisco က အလွတ်အထက်တန်း ကျောင်းသူဖြစ်ပြီး၊ သူမရဲ့ လုပ်ဆောင်နိုင်စွမ်းကြောင့် အမေရိကန်ရဲ့ အသက်အငယ်ဆုံး သိပ္ပံပညာရှင်အဖြစ် သတင်းမီဒီယာတွေရဲ့ ကောင်းချီးပေးမှုကို ခံနေရပါတာယ်။ Anika ဟာ သူမရဲ့ လုပ်ဆောင်ချက်ကြောင့် 2020 3M Young Scientist Challenge မှာ ဆုရရှိခဲ့တာပါ။

Photo credit

သူမဟာ မော်လီကျူးတစ်ခုကို ဖန်တီးခဲ့ပြီး၊ ၎င်းဟာ ကိုဗစ်ဗိုင်းရပ်စ်အပေါ်က တိကျတဲ့ပရိုတင်းတွေနဲ့ ပေါင်းစပ်နှီးနွယ်နိုင်ပါတယ်။ ဒီလို ပေါင်းစပ်နီးနွယ်ခြင်းအားဖြင့် အဆိုပါ ပရိုတိန်းဓာတ်ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်စေနိုင်ပါတယ်။ သူမဟာ ဒြပ်ပေါင်း (၆၈၂)သန်းကျော်ရဲ့ ဒေတာဘေ့စ်နဲ့အတူ ဒီလုပ်ဆောင်ချက်ကို စတင်နိုင်ခဲ့တာလို့ CBS သတင်းနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

Anika ဟာ သန်းပေါင်းများစွာသော ဆေးဝါးသွင်ပြင်လက္ခဏာများအတွက် ဂုဏ်သတ္တိများ၊ ADMET ဂုဏ်သတ္တိများနဲ့၊ Array of software tool တွေကို သုံးပြီး၊ ပရိုတိန်းဆန့်ကျင် နှီးနွယ်မှုများကို ခင်းကျင်းပြသနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရဲ့ မတူညီတဲ့ရှုထောင့်ကနေ မထင်မှတ်ထားတဲ့ ရလဒ်တွေကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ရပါတယ်။ ဒီလို ပေါင်းစပ်ပူးသတ်နည်းနဲ့ ဗိုင်းရပ်စ်ကို ဆဲလ်တွေအတွင်း မဝင်ရောက်အောင် တားဆီးဖို့ အလားအလာကောင်းပါတယ်။

Photo credit

တကယ်က Anika ဟာ ရာသီတုပ်ကွေးဖျားနာခြင်းတွေကို အခြေခံလေ့လာခဲ့တာဖြစ်ပြီး၊ မထင်မှတ်ဘဲ သူမရဲ့နည်းက ကိုဗစ်ကုထုံးအတွက် အဆင်ပြေနိုင်တဲ့ အလားအလားကို လမ်းပြပေးခဲ့တာပါ။ သူမရဲ့ မိဘတွေကလည်း အလွန်ဝမ်းသာနေကြပါတယ်။ 2020 3M Young Scientist Challenge မှာ ဒုတိယဆု ရရှိသူကတော့ Kyle Tianshi ဖြစ်ပါတယ်။

Kyle ကတော့ ရေထဲမှာရှိတဲ့ မမြင်နိုင်တဲ့အမှုန်လေးတွေကို ခြေရာခံနိုင်မယ့်စက်ကို တီထွင်နိုင်ခဲ့တာပါ။ တတိယဆုရရှိသူကတော့ Laasya Acharya ဖြစ်ပါတယ်။ သူမတော့ ပုံရိပ်တွေကိုခွဲခြမ်းစိတ်ဖြာပြီး၊ အာရုံကြောကွန်ရက်စနစ်ကို အသုံးပြုကာ ကောက်ပဲသီးနှံတွေရဲ့ရောဂါတွေကို ရှာဖွေနိုင်ဖို့် နည်းလမ်းအသစ်တွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လင်းဇော်ကို

Ref ; UniLad

Zawgyi

ကုိဗစ္ကုထုံးအသစ္ေတြ႕ရွိခဲ့တဲ့ (၁၄)ႏွစ္အရြယ္ေကာင္မေလး၊ ေဒၚလာ(၂၅၀၀၀)ဆုေၾကးရ

အေမရိကန္ တကၠဆက္ျပည္နယ္မွာ ေနထုိင္တဲ့ အသက္(၁၄)ႏွစ္သာရွိေသးတဲ့ ေကာင္မေလးတစ္ေယာက္ဟာ မထင္မွတ္ဘဲ အလားအလာေကာင္းတဲ့ ကိုဗစ္ကုထုံးအသစ္တစ္ခုကို ေတြ႕ရွိခဲ့တာေၾကာင့္ ေဒၚလာ(၂၅၀၀၀)အထိ ဆုေၾကးရရွိခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ေကာင္မေလးအမည္ကေတာ့ Anika Chebrolu ျဖစ္ပါတယ္။

Anika ဟာ Frisco က အလြတ္အထက္တန္း ေက်ာင္းသူျဖစ္ၿပီး၊ သူမရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းေၾကာင့္ အေမရိကန္ရဲ႕ အသက္အငယ္ဆုံး သိပၸံပညာရွင္အျဖစ္ သတင္းမီဒီယာေတြရဲ႕ ေကာင္းခ်ီးေပးမႈကို ခံေနရပါတာယ္။ Anika ဟာ သူမရဲ႕ လုပ္ေဆာင္ခ်က္ေၾကာင့္ 2020 3M Young Scientist Challenge မွာ ဆုရရွိခဲ့တာပါ။

သူမဟာ ေမာ္လီက်ဴးတစ္ခုကို ဖန္တီးခဲ့ၿပီး၊ ၎ဟာ ကုိဗစ္ဗုိင္းရပ္စ္အေပၚက တိက်တဲ့ပ႐ုိတင္းေတြနဲ႔ ေပါင္းစပ္ႏွီးႏြယ္ႏုိင္ပါတယ္။ ဒီလုိ ေပါင္းစပ္နီးႏြယ္ျခင္းအားျဖင့္ အဆုိပါ ပ႐ုိတိန္းဓာတ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ရပ္တန္႔ေစႏုိင္ပါတယ္။ သူမဟာ ျဒပ္ေပါင္း (၆၈၂)သန္းေက်ာ္ရဲ႕ ေဒတာေဘ့စ္နဲ႔အတူ ဒီလုပ္ေဆာင္ခ်က္ကို စတင္ႏုိင္ခဲ့တာလုိ႔ CBS သတင္းနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာခဲ့ပါတယ္။

Anika ဟာ သန္းေပါင္းမ်ားစြာေသာ ေဆးဝါးသြင္ျပင္လကၡဏာမ်ားအတြက္ ဂုဏ္သတၱိမ်ား၊ ADMET ဂုဏ္သတၱိမ်ားနဲ႔၊ Array of software tool ေတြကို သုံးၿပီး၊ ပ႐ုိတိန္းဆန္႔က်င္ ႏွီးႏြယ္မႈမ်ားကို ခင္းက်င္းျပသႏုိင္ခဲ့ပါတယ္။ သိပၸံပညာရဲ႕ မတူညီတဲ့႐ႈေထာင့္ကေန မထင္မွတ္ထားတဲ့ ရလဒ္ေတြကို မီးေမာင္းထုိးျပသလုိ ျဖစ္ခဲ့ရပါတယ္။ ဒီလုိ ေပါင္းစပ္ပူးသတ္နည္းနဲ႔ ဗုိင္းရပ္စ္ကို ဆဲလ္ေတြအတြင္း မဝင္ေရာက္ေအာင္ တားဆီးဖုိ႔ အလားအလာေကာင္းပါတယ္။

တကယ္က Anika ဟာ ရာသီတုပ္ေကြးဖ်ားနာျခင္းေတြကို အေျခခံေလ့လာခဲ့တာျဖစ္ၿပီး၊ မထင္မွတ္ဘဲ သူမရဲ႕နည္းက ကိုဗစ္ကုထုံးအတြက္ အဆင္ေျပႏုိင္တဲ့ အလားအလားကို လမ္းျပေပးခဲ့တာပါ။ သူမရဲ႕ မိဘေတြကလည္း အလြန္ဝမ္းသာေနၾကပါတယ္။ 2020 3M Young Scientist Challenge မွာ ဒုတိယဆု ရရွိသူကေတာ့ Kyle Tianshi ျဖစ္ပါတယ္။

Kyle ကေတာ့ ေရထဲမွာရွိတဲ့ မျမင္ႏုိင္တဲ့အမႈန္ေလးေတြကို ေျခရာခံႏုိင္မယ့္စက္ကို တီထြင္ႏုိင္ခဲ့တာပါ။ တတိယဆုရရွိသူကေတာ့ Laasya Acharya ျဖစ္ပါတယ္။ သူမေတာ့ ပုံရိပ္ေတြကိုခြဲျခမ္းစိတ္ျဖာၿပီး၊ အာ႐ုံေၾကာကြန္ရက္စနစ္ကို အသုံးျပဳကာ ေကာက္ပဲသီးႏွံေတြရဲ႕ေရာဂါေတြကို ရွာေဖြႏုိင္ဖုိ္႔ နည္းလမ္းအသစ္ေတြ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

လင္းေဇာ္ကို