လူတွေ စားနေကြတဲ့ ဆေးဘဲ ဥထဲက ကြောက်စရာ ကောင်းတဲ့ အ ဆိပ်အကြောင်း
လူတိုင်းသိအောင် မျှဝေပေးကြပါလူတွေစားနေကြတဲ့ ဆေးဘဲဥထဲက ကြောက်စရာကောင်းတဲ့ အဆိပ်အကြောင်း မြန်မာနိုင်ငံရဲ့ ရိုး ရာ ဟင်းအမယ် မဟုတ် ပေမယ့် ဆိုင်တွေ မှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ်) ဆေးဘဲဥ သုပ်ကို လူတိုင်း စားဖူး ကြမှာပါ။
အထူးသဖြင့် ဘီယာသောက် တတ်တဲ့ လူငယ်တွေ အကြားမှာ ဖီတန်ဟာ အမြည်း တစ်ခု အဖြစ် အမြဲ ဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ်လည်း ဖြစ်ပါတယ်။ဖီတန်လို့ ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကို လိုအပ် သလို ထည့်ပြီးဆေးဘဲဥ ရဖို့အတွက် လပေါင်းများစွာ ကြာအောင် လုပ်ကြ ရပါ တယ်။
အဲ့ဒီနောက်မှာတော့ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည်အညိုနက်ရောင် သို့ ပြောင်းလဲ သွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီ အဖြစ်သို့ ပြောင်းလဲ သွားပါတယ် ။အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ ) ဘ က်သို့ ပြောင်းလဲ သွား ပါတယ်။
PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲ ပြီးပြင်းအား များသော အယ်လ်ကာလိုင်း ဖြစ်သွား ပါတယ် ။ဒါက ရိုးရာနည်းပါ။ဒါပေမယ့် ဈေးကွက်မှာ ဝယ်လိုအား များလာတဲ့ အခါ စီးပွာ ရေး ယသမားတွေဟာ ရိုးရာနည်းအတိုင်း လုပ်ဖို့ အလျင်မမီတာကြောင့်ပိုမို မြန်မြန်ဆန်ဆန် ဆေးဘဲဥဖြစ်တဲ့နည်းကို ဓာတု ဗေဒ ဆေးတွေ သုံးပြီး လုပ်လာကြပါတယ်။
အဲ့တာကတော့ alcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကို စိမ်ခြင်းက ဆယ်ရက်အ တွင်းပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥ ကို ပုံမှန် အရသာ မပျက် ရရှိစေ တာမို့ အချိန်ကုန် ခံထုတ်လုပ် လာတာ ပါပဲ။
ဆိုးကျိုးအနေ နဲ့တော့ ခဲဓာတ် များစွာ ပါဝင် လာတာပဲ ဖြစ်ပါတယ်။ ဒီလို ခဲဓာတ်များပြားတဲ့ အစားအစာကို စားမိရင် လူတွေဟာ ခဲဆိပ်သင့် မှုတွေ ဖြစ်ပြီး အသက်တို ပါတယ်။credit