ဟာသ

သခင်က အိမ်နီးချင်းတွေပြန်လာရွေးလို့ရအောင် social media မှာကြော်ငြာ ရလောက်တဲ့အထိ ဖိနပ်ခိုးကျွမ်းတဲ့ ကြောင်လေး

သခင်က အိမ်နီးချင်းတွေပြန်လာရွေးလို့ရအောင် social media မှာကြော်ငြာ ရလောက်တဲ့အထိ ဖိနပ်ခိုးကျွမ်းတဲ့ ကြောင်လေး

ကြောင်လေးများနှင့်ပတ်သက်လာလျှင် လူအများက ကြောင်လေးတွေဟာ တစ်ခါတစ်ရံမှာ အိမ်နီးချင်းတွေရဲ့ အစားအစာတွေကို

ယူစားတတ်တယ်လို့ ထင်တတ်ကြပါတယ်။တကယ်လည်း ကြောင်တွေက ခိုးယူစားတတ်ကြတာပါ။ကြောင်လေးတွေဟာ သူတို့ရဲ့ပိုင်ရှင် သို့မဟုတ် အိမ်နီးချင်းတို့ထံမှာ အစာစားရဖို့ အမြဲလိုလို ၎င်းတို့အား အစာကျွေးမယ်ဆိုတဲ့မျှော်

လင့်ချက်ဖြင့် စားပွဲခုံတွေပေါ်မှာ ထိုင်စောင့်နေတတ်ကြပါတယ်။ကြောင်တွေရဲ့ စားပွဲပေါ်က အစာကို ခိုးယူတတ်တဲ့ meme တွေကိုလည်း social media တခွင်မှာ တွေ့ဖူးကြမှာပါ။သို့သော် ဖိလစ်ပိုင်နိုင်ငံရှိ ကြောင်တစ်ကောင်ဟာ အစာတွေ ခိုးယူရမှာကို ငြီးငွေ့လာပြီး အစာအစား ဖိနပ်တွေကို ခိုးယူလာခဲ့ပါတယ်။

ဖိနပ်တွေဟာ ၎င်းတို့ရဲ့အိမ်မှာ စုပုံလာတဲ့အခါ ကြောင်ရဲ့ပိုင်ရှင်ဖြစ်တဲ့ BJ Rose က အတော်လေး အံ့အားသင့်သွားခဲ့ပါတယ်။သူတို့အိမ်မှာ ဘာကြောင့်ဖိနပ်တွေများနေရတာလဲဆိုတာကို BJ က သေချာမသိခဲ့ပါဘူး။ထို့ပြင် ဖိနပ်တွေကလည်း တစ်ဖက်ချင်းစီဖြစ်မနေဘဲ အစုံလိုက်အတူတူရှိနေခဲ့ပါတယ်။BJ က သူတို့ရဲ့အိမ်ရှေ့တံခါးမှာ

တစ်ယောက်ယောက်ကများ ဖိနပ်တွေကို လာလှူခဲ့တာ သို့မဟုတ် မေ့ကျန်ခဲ့တာလည်းလို့ဘဲ ထင်နေခဲ့ပါတယ်။ထို့နောက် တစ်နေ့

တစ်ခြား ဖိနပ်တွေက များများလာတာကြောင့် အိမ်ရှေ့ကCCTV ကို စစ်ဆေးကြည့်လိုက်တဲ့အခါ BJ ဟာ အတော်လေး အံ့အားသင့်သွားခဲ့ရပါတယ်။သူတို့ရဲ့အချစ်တော် ကြောင်ကြီး Jordan က သူတို့ရဲ့အိမ်သို့ ဖိနပ်တွေကို ယူဆောင်နေခဲ့ပြီး ညတိုင်းလိုလို ဖိနပ်တစ်စုံစီကို

သယ်ဆောင်နေခဲ့ပါတယ်။ထို့နောက် BJ က ကြောင်လေးရဲ့ကိုယ်ပေါ်မှာ ခြေရာခံစက် တပ်ဆင်ပေးလိုက်ကာ ကြောင်လေးဟာ ဖိနပ်

တွေကို စုဆောင်းဖို့ အခြားအိမ်နီးချင်းအိမ်များသို့သွားခဲ့တာကြောင့် ခြေရာခံစက်ပေါ်က မြေပုံကလည်း ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။

ကြောင်လေးဟာ ဖိနပ်တွေကို အစုံလိုက်စုဆောင်းရမှန်းကို ကောင်းကောင်းသိနေသော်လည်း တစ်ချိန်တည်းမှာ ဖိနပ်တစ်ဖက်ကို

သာ အိမ်သို့ ယူသွားနိုင်တာကြောင့် ကြောင်လေးဟာ ၎င်းတို့အိမ်မှာ သူခိုးခဲ့တဲ့အိမ်သို့ တစ်ခေါက်ပြန်သွားရပေမဲ့ သူဟာ လမ်းကြော

ကို ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။အတော်လေးကို ဉာဏ်ကောင်းတဲ့ကြောင်လေးပါဘဲ။ထို့နောက် BJ ဟာ ကြောင်လေးရဲ့ကျေးဇူးဖြင့် သူအိမ်မှာ ဖိနပ်အရံပေါင်း ၅၀ အထိရှိလာတာကြောင့် အိမ်နီးချင်းများက ၎င်းတို့ရဲ့

ပျောက်ဆုံးသွားတဲ့ဖိနပ်ကို ပြန်လာယူနိုင်ရန် Facebook page ဖွင့်ရတဲ့အထိတောင်ဖြစ်သွားခဲ့ရပါတယ်။ကြောင်လေးရဲ့ဝါသနာက

လည်း အဆန်းပါလားနော်။အတော့်ကို ချစ်ဖို့ကောင်းတဲ့ကြောင်လေးပါဘဲ သခင့်ကို ဒုက္ခလေးပေးလိုက်ရလို့ ဝမ်းသာနေရှာမှာပါလေ။

Credit

Unicode

သခင်က အိမ်နီးချင်းတွေပြန်လာရွေးလို့ရအောင် social media မှာကြော်ငြာ ရလောက်တဲ့အထိ ဖိနပ်ခိုးကျွမ်းတဲ့ ကြောင်လေးး

ကြောင်လေးများနှင့်ပတ်သက်လာလျှင် လူအများက ကြောင်လေးတွေဟာ တစ်ခါတစ်ရံမှာ အိမ်နီးချင်းတွေရဲ့ အစားအစာတွေကို

ယူစားတတ်တယ်လို့ ထင်တတ်ကြပါတယ်။တကယ်လည်း ကြောင်တွေက ခိုးယူစားတတ်ကြတာပါ။ကြောင်လေးတွေဟာ သူတို့ရဲ့ပိုင်ရှင် သို့မဟုတ် အိမ်နီးချင်းတို့ထံမှာ အစာစားရဖို့ အမြဲလိုလို ၎င်းတို့အား အစာကျွေးမယ်ဆိုတဲ့မျှော်

လင့်ချက်ဖြင့် စားပွဲခုံတွေပေါ်မှာ ထိုင်စောင့်နေတတ်ကြပါတယ်။ကြောင်တွေရဲ့ စားပွဲပေါ်က အစာကို ခိုးယူတတ်တဲ့ meme တွေကိုလည်း social media တခွင်မှာ တွေ့ဖူးကြမှာပါ။

သို့သော် ဖိလစ်ပိုင်နိုင်ငံရှိ ကြောင်တစ်ကောင်ဟာ အစာတွေ ခိုးယူရမှာကို ငြီးငွေ့လာပြီး အစာအစား ဖိနပ်တွေကို ခိုးယူလာခဲ့ပါတယ်။

ဖိနပ်တွေဟာ ၎င်းတို့ရဲ့အိမ်မှာ စုပုံလာတဲ့အခါ ကြောင်ရဲ့ပိုင်ရှင်ဖြစ်တဲ့ BJ Rose က အတော်လေး အံ့အားသင့်သွားခဲ့ပါတယ်။သူတို့အိမ်မှာ ဘာကြောင့်ဖိနပ်တွေများနေရတာလဲဆိုတာကို BJ က သေချာမသိခဲ့ပါဘူး။ထို့ပြင် ဖိနပ်တွေကလည်း တစ်ဖက်ချင်းစီဖြစ်မနေဘဲ အစုံလိုက်အတူတူရှိနေခဲ့ပါတယ်။BJ က သူတို့ရဲ့အိမ်ရှေ့တံခါးမှာ

တစ်ယောက်ယောက်ကများ ဖိနပ်တွေကို လာလှူခဲ့တာ သို့မဟုတ် မေ့ကျန်ခဲ့တာလည်းလို့ဘဲ ထင်နေခဲ့ပါတယ်။ထို့နောက် တစ်နေ့

တစ်ခြား ဖိနပ်တွေက များများလာတာကြောင့် အိမ်ရှေ့ကCCTV ကို စစ်ဆေးကြည့်လိုက်တဲ့အခါ BJ ဟာ အတော်လေး အံ့အားသင့်သွားခဲ့ရပါတယ်။

သူတို့ရဲ့အချစ်တော်ကြောင်ကြီး Jordan က သူတို့ရဲ့အိမ်သို့ ဖိနပ်တွေကို ယူဆောင်နေခဲ့ပြီး ညတိုင်းလိုလို ဖိနပ်တစ်စုံစီကို

သယ်ဆောင်နေခဲ့ပါတယ်။ထို့နောက် BJ က ကြောင်လေးရဲ့ကိုယ်ပေါ်မှာ ခြေရာခံစက် တပ်ဆင်ပေးလိုက်ကာ ကြောင်လေးဟာ ဖိနပ်

တွေကို စုဆောင်းဖို့ အခြားအိမ်နီးချင်းအိမ်များသို့သွားခဲ့တာကြောင့် ခြေရာခံစက်ပေါ်က မြေပုံကလည်း ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။

ကြောင်လေးဟာ ဖိနပ်တွေကို အစုံလိုက်စုဆောင်းရမှန်းကို ကောင်းကောင်းသိနေသော်လည်း တစ်ချိန်တည်းမှာ ဖိနပ်တစ်ဖက်ကို

သာ အိမ်သို့ ယူသွားနိုင်တာကြောင့် ကြောင်လေးဟာ ၎င်းတို့အိမ်မှာ သူခိုးခဲ့တဲ့အိမ်သို့ တစ်ခေါက်ပြန်သွားရပေမဲ့ သူဟာ လမ်းကြော

ကို ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။အတော်လေးကိုဥာဏ်ကောင်းတဲ့ကြောင်လေးပါဘဲ။ထို့နောက်BJ ဟာ ကြောင်လေးရဲ့ကျေးဇူးဖြင့် သူအိမ်မှာ ဖိနပ်အရံပေါင်း ၅၀ အထိရှိလာတာကြောင့် အိမ်နီးချင်းများက ၎င်းတို့ရဲ့

ပျောက်ဆုံးသွားတဲ့ဖိနပ်ကို ပြန်လာယူနိုင်ရန် Facebook page ဖွင့်ရတဲ့အထိတောင် ဖြစ်သွားခဲ့ရပါတယ်။ကြောင်လေးရဲ့ဝါသနာက

လည်း အဆန်းပါလားနော်။အတော့်ကို ချစ်ဖို့ကောင်းတဲ့ကြောင်လေးပါဘဲ သခင့်ကို ဒုက္ခလေးပေးလိုက်ရလို့ ဝမ်းသာနေရှာမှာပါလေ။

Credit