ရွှေသံလွင် ဘိုးဘွားရိပ်သာမှ ဝန်ထမ်း ၆ ဦးတွင် အနံ့မရကြောင်း အောက်တိုဘာ ၁၄ ရက်က ဘိုးဘွားရိပ်သာရှိ ကျန်းမာရေးမှူးက မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့
အကြောင်းကြား၍ မြို့နယ်အနံ့မရစင်တာတွင် ပိုးရှိ၊ မရှိ စစ်ဆေးရာမှ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သောကြောင့် ရိပ်သာရှိကျန်လူပေါင်း ၁၁၇ ဦးကို စစ်ဆေးရာတွင် အောက်တိုဘာလ
၁၆ ရက်နေ့တွင်ဘိုးဘွား ၆၂ ဦး၊ ဝန်ထမ်း ၁၅ ဦးနှင့် ဝန်ထမ်းမိသားစု ၉ ဦး စုစုပေါင်း ၈၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ဒေါက်တာအေးမူယာကျော်က ပြောကြားသည်။
ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေမှာ လိုအပ်ချက်တွေရှိလို့ မဖြစ်မနေအပြင်ထွက်ရတာတွေရှိတယ်။ ဝန်ထမ်းမိသားစုတွေထဲမှာလည်း မြောက်ဥက္ကလာပဆေးရုံတို့ဘာတို့မှာ
ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူတွေလည်းရှိတယ်။ သေချာတာကတော့ အဘိုးအဘွားတွေက ဒီထဲမှာရှိတဲ့ ဝန်ထမ်းကြောင့်ပဲ ကူးစက်ခံရတာဖြစ်မှာပေါ့” ဟု
ဒေါက်တာအေးမူယာကျော်က ပြောပါသည်။
အဘိုးအဘွားများထဲမှ အသက် ၉၀ ကျော်အဘိုးအဘွားများကို ဧရာဝတီစင်တာ၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါအခံရှိသော ဘိုးဘွားများကို ဖောင်ကြီးကုသရေးဌာနသို့ပို့ဆောင်၍
ကျန်းမာရေးအခြေနေတည်ငြိမ်သည့် အဘိုးအဘွားများကို Fortune Plaza ကုသရေးကို ပို့ဆောင်ထားပြီး ပိုးတွေ့ဝန်ထမ်းများကိုလည်း အဘိုးအဘွားများကိုစောင့်ရှောက်ရန် ခွဲ၍ပို့ဆောင်ထားကြောင်း ဒေါက်တာအေးမူယာကျော်က ဆိုသည်။
ဘိုးဘွားရိပ်သာကို လက်ရှိတွင် Lock Down ပြုလုပ်ထားပြီး Negative ထွက်သည့် လူ ၃၀ ခန့်ကိုလည်း ရိပ်သာ အတွင်း အသွားအလာကန့်သတ်ထားကာ Quarantine
ရက်ပြည့်ပါက ပိုးရှိ၊ မရှိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောကြားသည်။
ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ၈၆ ဦး Positive ထွက်တယ် လို့ သိရပါတယ်။ ကမ္ဘာ့ နိုင်ငံတွေမှာ ဒီလိုအချိန်မှာ ဘယ်ဘိုးဘွားရိပ်သာ ဘယ် nursing home မှ လူဝင်
လူထွက် မလုပ်ရပါဘူး။ ထိခိုက်မှုကြီးတဲ့ လူကြီးတွေအနား သားသမီး၊ မြေးတောင် မကပ်ရဘူး။ အသေအပျောက်ကြီးတတ်ပါတယ်။ လူမှုဝန်ထမ်းဌာနတွေဘက်က
ဘိုးဘွားရိပ်သာဝင်ထွက်မှုတွေကို အရေးတကြီး ပိတ်ပင်သင့်ပါတယ်။ ဘိုးဘွားရိပ်သာတွေရဲ့ လိုအပ်တာကို အဆင့်ဆင့် ကာကွယ်မှု နဲ့ သတိကြီးကြီးပေးလှုပြီး စောင့်ရှောက်ကြဖို့
တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ဘိုးဘွားများ ကပ်ဆိုးဘေးဆိုးရန်မှ ဝေးကြပါစေ။ (KSM)
########################
ရန်ကုန် ရွှေသံလွင် ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအပါအဝင် (၈၆) ဦးတွင် ကိုဗစ် ပိုးတွေ့…
အောက်တိုဘာလ (၁၈) ရက်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း ၈၆ ဦးတွင် ကိုဗစ် ၁၉
ရောဂါပိုးတွေ့ရှိ၍ သက်ဆိုင်ရာ ကုသရေးဌာနများတွင် တက်ရောက် ကုသမှုခံယူနေကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်က
ပြောကြားသည်။
ရွှေသံလွင် ဘိုးဘွားရိပ်သာမှ ဝန်ထမ်း ၆ ဦးတွင် အနံ့မရကြောင်း အောက်တိုဘာ ၁၄ ရက်က ဘိုးဘွားရိပ်သာရှိ ကျန်းမာရေးမှူးက မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြား၍
မြို့နယ်အနံ့မရစင်တာတွင် ပိုးရှိ၊ မရှိ စစ်ဆေးရာမှ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သောကြောင့် ရိပ်သာရှိကျန်လူပေါင်း ၁၁၇ ဦးကို စစ်ဆေးရာတွင် အောက်တိုဘာလ ၁၆
ရက်နေ့တွင်ဘိုးဘွား ၆၂ ဦး၊ ဝန်ထမ်း ၁၅ ဦးနှင့် ဝန်ထမ်းမိသားစု ၉ ဦး စုစုပေါင်း ၈၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ဒေါက်တာအေးမူယာကျော်က ပြောကြားသည်။
“ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေမှာ လိုအပ်ချက်တွေရှိလို့ မဖြစ်မနေအပြင်ထွက်ရတာတွေရှိတယ်။ ဝန်ထမ်းမိသားစုတွေထဲမှာလည်း မြောက်ဥက္ကလာပဆေးရုံတို့ဘာတို့မှာ
ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူတွေလည်းရှိတယ်။ သေချာတာကတော့ အဘိုးအဘွားတွေက ဒီထဲမှာရှိတဲ့ ဝန်ထမ်းကြောင့်ပဲ ကူးစက်ခံရတာဖြစ်မှာပေါ့” ဟု
ဒေါက်တာအေးမူယာကျော်က ပြောပါသည်။
အဘိုးအဘွားများထဲမှ အသက် ၉၀ ကျော်အဘိုးအဘွားများကို ဧရာဝတီစင်တာ၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါအခံရှိသော ဘိုးဘွားများကို ဖောင်ကြီးကုသရေးဌာနသို့ပို့ဆောင်၍
ကျန်းမာရေးအခြေနေတည်ငြိမ်သည့် အဘိုးအဘွားများကို Fortune Plaza ကုသရေးကို ပို့ဆောင်ထားပြီး ပိုးတွေ့ဝန်ထမ်းများကိုလည်း အဘိုးအဘွားများကိုစောင့်ရှောက်ရန်
ခွဲ၍ပို့ဆောင်ထားကြောင်း ဒေါက်တာအေးမူယာကျော်က ဆိုသည်။