ကျန်းမာရေး

လုံးဝမပေါ့ဆသင့်တဲ့ ခန္ဓာကိုယ်ထဲ Folic Acid လျော့နည်းခြင်းရဲ့သတိပြုဖွယ်လက္ခဏာများ

အမေရိကန် ဆေးတက္ကသိုလ်တစ်ခုရဲ့လေ့လာတွေ့ရှိချက်အရ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်ရက်ကို folic acid 400

micrograms ပြည့်အောင်စားသုံးပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

Folate လို့လည်းခေါ်တဲ့ ဗီတာမင် B9 ဟာ DNA အသစ်တွေကိုပြန်လည်ဖြစ်ပေါ်စေပြီး သွေးနီဥတွေကို ထုတ်လုပ်ရာမှာ အထောက်အကူ

ပေးတဲ့ အရာဖြစ်ပါတယ်။

တကယ်လို့ သင့်ခန္ဓာကိုယ်ဟာ folate ဓာတ်နည်းနေပြီဆိုရင်တော့ အောက်ဖော်ပြပါ လက္ခဏာတွေကို ကြုံတွေ့ရမှာဖြစ်ပြီး သင့်ရဲ့အတွင်း

ကလီစာတွေကို ထိခိုက်နိုင်တာကြောင့် အထူးသတိပြုဖို့လိုပါတယ်

(၁) အာရုံစူးစိုက်မှုအားနည်းခြင်း

Folic acid ဟာ သင့်ရဲ့ အာရုံကြောအတွက် အရမ်းအရေးကြီးတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်မှာ Folic acid

လျော့နည်းနေတယ်ဆိုရင်တော့ စိတ်ကျရောဂါ၊ သတိမေ့ရောဂါ၊ အာရုံစူးစိုက်လို့မရခြင်းနဲ့ တခြားအာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာ

နိုင်ပါတယ်။

(၂) နာကျင်ကိုက်ခဲခြင်း

Folic acid လျော့နည်းနေတဲ့အခါမှာ သင့်ဦးနှောက်က အောက်စီဂျင်ရရှိမှု နည်းပါးသွားတာကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရမှာဖြစ်ပါ

တယ်။ ဦးနှောက်မှာ အောက်စီဂျင်မလုံလောက်ခြင်းကြောင့် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း နာကျင်ကိုက်ခဲမှုတွေကို ခံစားရ

နိုင်ပါတယ်။

(၃) အသားအရောင်ဝါကျင်ကျင်ဖြစ်ခြင်း

သင့်ခန္ဓာကိုယ်ထဲမှာ Folic acid လျော့နည်းနေရင် သွေးနီဥတွေလျော့နည်းသွားမှာဖြစ်တဲ့အတွက် အသားအရောင်က သွေးရောင်လွှမ်းမ

နေပဲ ဝါကျင်ကျင်ဖြစ်နေတာမျိုး၊ ဖြူဖပ်ဖြူရော်ဖြစ်နေတာမျိုးတွေကို တွေ့ရမှာပါ။ ဒီအရာတွေကနေတစ်ဆင့် ကြွက်သားအားနည်းခြင်း၊ မူး

မော်ခြင်း၊ ခြေတွေလက်တွေ ထုံကျင်ခြင်းအပြင် အရေပြားတွေခြောက်သွေ့ခြင်းကို နောက်ဆက်တွဲအနေနဲ့ခံစားရမှာပါ။

(၄) အသက်ရှူမဝခြင်း

တကယ်လို့သင်ဟာ ဘာရောဂါမှထွေထွေထူးထူး မရှိပဲနဲ့ အသက်ရှူမဝတာ၊ မောလွယ်တာမျိုး ကြုံနေရတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲ

မှာ သွေးနီဥနည်းနေလို့ဖြစ်နိုင်ပါတယ်။ ဒီအရာတွေကနေတစ်ဆင့် နှလုံးရောဂါဖြစ်နိုင်ချေပိုများလာမှာဖြစ်ပြီး မူးမော်ခြင်းတွေကိုလည်း

ခံစားရမှာဖြစ်ပါတယ်။

(၅) ခံတွင်းအနာပေါက်ခြင်း

သင့်ခန္ဓာကိုယ်ထဲမှာ Folic acid လျော့နည်းနေပြီဆိုရင်တော့ သင့်ရဲ့ခံတွင်းထဲမှာ အနာပေါက်လာတတ်ပါတယ်။ သင့်လျှာဟာ ယောင်လာ

တာ၊ နီလာတာ ဒါမှမဟုတ် အဖု၊ အနာတွေပေါက်တတ်ပါတယ်။ ဒါဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ Folic acid အင်မတန်လျော့နည်းနေ

တဲ့လက္ခဏာဖြစ်တာကြောင့် လုံးဝမပေါ့ဆသင့်ပါဘူး။

Unicode ဖြင့်ဖတ်ရန်

ခံစားရမှာဖြစ်ပါတယ်

crd