News

ကလေးရှစ်ယောက်နှင့်အတူ မြို့ပြမှကျေးလက်သို့ပြောင်းရွေ့နေထိုင်ခဲ့ပေမဲ့လည်း အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ အသက် ၄၀ အရွယ်စာရေးဆရာမတစ်ဦး

ပျော်ရွှင်မှုကို အဓိပ္ပာယ်ဖွဲ့တဲ့အခါ လူတစ်ဦး နှင့်တစ်ဦး ခံယူချက်ချင်းမတူကြပါဘူး။ အချို့က ဇိမ်ခံပစ္စည်းများနှင့်ငွေများဖြင့်နေထိုင်ခြင်းက

အရာအားလုံးကိုဆိုလိုတယ်လို့ထင်ကြပေမဲ့လည်း အချို့က ၎င်းတို့ရဲ့မိသားစုနှင့်အတူ ရိုးရှင်းပျော်ရွှင်တဲ့ဘ၀ကိုသာလိုချင်ကြပါတယ်။ ပြင်

သစ်နိုင်ငံရှိ အသက် ၄၀ အရွယ် Mimi Thorisson အမည်ရှိ food writer ဆရာမတစ်ဦးဟာ သူမရဲ့ချစ်စရာကောင်းတဲ့ကလေး ၈ ယောက်

ကိုမွေးဖွားပြီးနောက် ခင်ပွန်းဖြစ်သူနှင့် သူမတို့ရဲ့ခွေးအကောင်၂၀ နှင့်အတူ မြို့ပြမှ စွန့်ခွါကာ ကျေးရွာဒေသမှာအတူတူသွားရောက်နေထိုင်

ခဲ့ကြပါတယ်။ Mimi ဟာ ရှုပ်ထွေးတဲ့မြို့ပြကြီးရှိအလုပ်များတဲ့ဘဝနဲ့မတူဘဲ ကျေးလက်ရှိသူမတို့ရဲ့မိသားစုဘဝက မနက်ခင်းတိုင်း

အံ့ဩဖွယ်ရာရှုခင်းများကြားမှ နိုးထလာရကြောင်းနှင့် သူမရဲ့ကလေးရှစ်ယောက်ကိုလည်း အပြည့်အဝအာရုံစိုက်နိုင်တာကြောင့် သူမရဲ့

လက်ရှိဘ၀ကိုပိုပျော်မွေ့ကြောင်း ပြောကြားခဲ့ပါတယ်။

.

Mimi ဟာ သူမရဲ့ပထမဆုံးခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီးနောက် ခက်ခဲတဲ့အချိန်များရှိခဲ့ပါတယ်။ သို့ပေမယ့် သူမရဲ့လက်ရှိခင်ပွန်းဖြစ်တဲ့

အိုက်စလန်နိုင်ငံသားဓာတ်ပုံဆရာတစ်ဦးနဲ့တွေ့တဲ့အခါ သူမရဲ့ဘ၀အလင်းရောင်ကိုပြန်ရခဲ့ပါတယ်။ ၎င်းတို့က မြင်မြင်ချင်းချစ်မိခဲ့ကြပြီး

ချက်ချင်းလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Mimi ရဲ့ယခင်အိမ်ထောင်မှကလေးသုံးယောက်အပြင် သူမရဲ့ခွေးလေးများနှင့်အတူ ၎င်းတို့

စုံတွဲဟာ မိသားစုသစ်တစ်ခုကိုစတင်ခဲ့ကြပြီး နှစ်အနည်းငယ်ကြာအကြာမှာတော့ ၎င်းတို့ဇနီးမောင်နှံအတွက် လှပတဲ့ကလေးငါးဦးကိုမွေး

ဖွားခဲ့ပါတယ်။

 

ထိုစဉ်က ၎င်းတို့ဟာ တစ်ဦးကိုတစ်ဦးပိုချစ်လာခဲ့ကြပေမဲ့ ပဲရစ်မြို့ရှိ၎င်းတို့နေထိုင်တဲ့တိုက်ခန်းက မိသားစုဝင်အတွက် လုံလောက်တဲ့အ

ကျယ်အ၀န်းမရှိနေခဲ့တာကြောင့် သူမတို့က ၎င်းထက်ပိုကျယ်ပြန့်တဲ့နေရာကို ရှာရန် ဆုံးဖြတ်လိုက်ကြပါတယ်။

 

အိမ်ဈေးတွေပိုမိုမြင့်တက်လာတဲ့အခါ Mimi ရဲ့ခင်ပွန်းက ဆင်ခြေဖုံးဒေသကိုပြောင်းဖို့ အကြံပေးခဲ့ပါတယ်။ Mimi က ပထမတော့မကြိုက်

ခဲ့ပေမဲ့လည်း နောက်ပိုင်း ခင်ပွန်းဖြစ်သူရဲ့စိတ်ကူးကို သဘောတူခဲ့ပါတယ်။

.

သို့ပေမဲ့ ဆင်ခြေဖုံးဒေသမှာလည်း နေထိုင်မှုစရိတ်က အတော်လေးမြင့်မားနေသေးတာကြောင့် ပိုမိုသက်တောင့်သက်သာရှိတဲ့အိမ်တစ်လုံး

အတွက် ဆင်ခြေဖုံးဒေသမှ ၅ နာရီကနေ ၆ နာရီခန့်ပိုဝေးတဲ့ကျေးလက်ဒေသသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြပြန်ပါတယ်။ အခုတော့

သူမတို့မိသားစုဟာ ပိုမိုကျယ်ပြန့်ပြီးပိုမိုအဆင်ပြေတဲ့အိမ်လေးမှာ နေထိုင်လျက်ရှိနေပါပြီ။

ထိုဆုံးဖြတ်ချက်က သူမတို့ချခဲ့ဖူးသမျှထဲမှ အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုသာဖြစ်ခဲ့ပြီး သူမတို့ကလေးများလည်း ကွင်းပြင်ကျယ်ကြီးမှာ

လှည့်ပတ်ကစားရတာကိုနှစ်သက်ပြီး ၎င်းတို့ရဲ့လှပတဲ့အမေနှင့်အတူ ဥယျာဉ်စိုက်ပျိုးခြင်းကိုလည်း အမှန်တကယ်နှစ်သက်လာခဲ့ကြပါ

တယ်။ Mimi ဟာ ကျေးရွာမှာ စိတ်ဖိစီးမှုမရှိဘဲနေထိုင်ခြင်းက သူမကိုငယ်ရွယ်နုပျိုစေသလို သူမရဲ့ယခုဘ၀ကိုလည်းချစ်မြတ်နိုးကြောင်း

ဝန်ခံခဲ့ပါသေးတယ်။

crd