အေထြေထြဗဟုသုတ

အိမ်ရှင်မတွေ အတွက် အိမ်မှာတင် စားသုံးဖို့အရမ်းကောင်း တဲ့ အလွယ်တကူ ဆော့စ်လုပ်နည်း အမျိုးမျိုး

ဖက်ထုပ်ကြော့်နဲ့တွဲစားရတဲ့ဆောစ့်

ဖက်ထုပ်ပြုတ်ကြော်တို့နဲ့တွဲစားရတဲ့ဆောစ့် .. မန်းကျည်းမှည့်ကို ရေသေချာဆေးပြီးမှ အရည်ဖျော်ပြီး အနည်ထိုင်ထား.အပေါ်က အရည်ကြည်ကိုပဲ ယူမှာပါ..ဂျင်းကို ပါးပါးလေး အမျှင်လေးတွေကို လှီးတတ်ဖို့တော့လိုပါတယ်…မိမိတို့အိမ်မှာ အသီးတွေအခွံနွှာတဲ့ ဓားနဲ့ ဂျင်းကိုအခွံှနွှာပါ ..အသုံးပြုမည့်ဂျင်းက နုနုလေးနဲ့လတ်ဆတ်ပါစေ…အခွံနွှာတဲ့ ဓားနဲ့ပဲ ဂျင်းကို အာလူးပါးပါးလေးတွေ လှီးသလိုမျိုး ညီညီပါးပါးလေးတွေ ရအောင်လှီးပီးမှ စင်းနှီတုံးပေါ်မှာအမျှင်ရှည်လေးတွေဖြစ်အောင် သေချာဂရုစိုက်ပီးပါးပါးလှီးပေးပါ.ပြီးရင်ရေသေချာပြန်ဆေးပေးပါ .ဒါမှစားတဲ့အခါ အာမပူအောင်လို့ပါ..ငရုတ်သီးစိမ်း ကိုပါးပါးလှီးပေး ထား..အနည်ထိုင်ပီးအပေါ်က မန်ကျည်းရည် အကြည်ရယ် ဂျင်းပါးပါးလှီးထားတာရယ် ငရုတ်သီးစိမ်း.ဆားသကြား (သို့)အရသာမူန့် အနည်းငယ်ရယ်ကိုရောမွှေပေး..အပေါ်ကနေနှမ်းလှော်နဲ့နံနံပင်ဖြူးပေးရင်ရပီ…။

(၂) အသားကင်နဲ့ တွဲဖက်စားရတဲ့ဆောစ့်တစ်မျိုး..

ရှမ်းပြည်ဖက်မှာပိုအစားများတယ်..ဥပမာ ဝက်သားကင်..ငါးကင်…ဝက်ဂုတ်သားကင်.သုံးထပ်သားကင်.တို့နဲ့ တွဲစားရင်ပိုလိုက်ဖက်တယ်..မန်ကျည်းရည်ပျစ်ပျစ်ဖျော်ထား… ကြက်ဖြူ နှစ်မွှာ ဂျင်းလက်တစ်ဆစ် ငရုတ်သီးစိမ်း ထောင်းထား..သကြား.(သို့)ထန်းလျှက် လည်းထည့်ထောင်း.မြေပဲလှော်ကို ညက်ညက်လေးထောင်းပြီးထည့်မယ် နှမ်းလှော်ထည့်မယ် ဆား အရသာမူန့် အနည်းငယ် စီထည့် နံနံပင်ပါးပါးလှီးထား တာထည့်အားလုံးရောသမမွှေလိုက် . အရသာက ချိုချဉ်စိမ့်မွှေးစပ်လေးပါ…ပျစ်ပျစ်နှစ်နှစ် လေးဖြစ်နေရပါမယ် အရည်ကျဲကြီးမဖြစ်ရပါ…။

(၃) ထိုင်းဆောစ့်….

အခု အိမ်ရှင်မတွေက ထိုင်းဟင်းလျှာတွေကိုစိတ်ဝင်စားလာတော့ ကိုယ်လည်းလေ့လာမိသလောက်ပေါ့… ကြက်သွန်ဖြူ ငရုတ်သီး စိမ်းအရင်ညက်အောင်ထောင်း..နံနံပင်အမြစ်လေးသုံးပင်လောက်ထည့် ထန်းလျှက်ထည့် အားလုံးရောထောင်း. ညက်ပီဆို.သံပုရာသီး တစ်ခြမ်းညစ်ထည့်ဆား သကြား. ယိုးဒယား ငံပြာရည် ပဲငံပြာရည် အကျဲ အနည်းငယ်စီ ဆန်လှော်မုန့် ထမင်းစားဇွန်း တစ်ဇွန်းခွဲလောက် ထည့်ပြီးသမအောင်မွှေပေးကြက်သွန်နီ ဥသေးတစ်လုံး ပါးပါးလှီးထည့် နံနံပင်ပါးပါးလှီး ထည့်ရင်ရပီ… ဒီဆော့စ့်က.. ထိုင်းစတိုင် အသုပ်တွေနဲ့ .အကင်တွေနဲ့ တွဲဖက်စားကြတာများပါတယ်…။

(၄) အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ….

ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့်ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင် ထန်းလျှက်တစ်လုံးလောက် ထည့်ထောင်း..အားလုံးညက်ပီဆို စောစောကဖျော်ထားတဲ့ မန်ကျည်းရည်ထည့် ဆား အရသာမူန့်ထည့် နံနံပင်ပါးပါးလှီးထားတာထည့် ငရုတ်သီး အကျက်မူန့်ထည့်ပြီးအားလုံးကိုရောသမမွှေပေးရင်ရပီ…။

(၅) ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .

ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ.. ပထမဆုံး ငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာ ညက်အောင်ထောင်း…မန်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော်ထား. ဆား သကြား အရသာမူန့် အနည်းငယ်ထည့်ပြီး ရောသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ်…။

(၆) ဘိတ်ချဉ်….

ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်… ပြုလုပ်ပုံ….ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး.. သံပုရာသီး နှစ်စိတ်လောက် ညစ်ထည့် .ဆား သကြား.. အနည်းငယ်စီထည့်. ပဲငံပြာရည် အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလိုက်ရင်ရပီ…။

Credit : Ma May Moe Phyu