ပြည်တွင်းသတင်း

စစ်တပ်၏စစ်ကြောရေးတွင်ညှဉ်းပန်းနှိပ်စက်ခံရသည့် မစိုးမီမီကျော် အရက်ပျံသောက်၍သေကြောင်းကြံ

စစ်တပ်၏ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် မစိုးမီမီကျော် အရက်ပျံသောက်၍ သေကြောင်းကြံ


တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အကြမ်းဖက်စစ်တပ်က စက် တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သော မစိုးမီမီကျော်သည် စစ်တပ်၏ ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကို မခံ နိုင် ၍ အရက်ပျံသောက်၍ သေကြာင်း ကြံသော်လည်း မသေဘဲ စစ်ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူ နေရကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသား သမဂ္ဂက သတင်းထုတ် ပြန်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် မသျှားပြည့်ခင်ကို online မှတစ်ဆင့်မုန့်ကို လိမ်ညာမှာယူခဲ့ပြီး ပြည်သူအသွင်ယူကာ ဖမ်းဆီးခဲ့ကြောင်း၊ သူမအား ခြိမ်းခြောက်ကာ ကိုစိုးပြည့်အောင် နှင့် မစိုးမီမီကျော်တို့ နေအိမ်ကို အတင်း အကျပ် ပြသစေခဲ့ပြီး ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ ကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း၊ မသျှားပြည့်ခင်နှင့်အတူ အ သက် မပြည့်သေးသည့် ကလေးတစ်ယောက် ကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိ ရသည်။

အကြမ်းဖက် စစ်တပ်က ၎င်းတို့ ၃ ဦးစလုံး စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းကြောင်း၊ ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့ကို စစ်ကြော မေးမြန်း ပြီးနောက် မစိုးမီမီကျော်အား စာရင်းစာအုပ်များကို ပြကာ ရိုက်နှက်မေးမြန်းကြောင်း သိရှိရသည်။

မစိုးမီမီကျော်သည် အိမ်သာ သွားစဉ် အရက်ပျံကို သောက်ကာ မိမိကိုယ်ကို အဆုံးစီရင် ခဲ့သော်လည်း မသေဆုံးဘဲ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူ နေကြောင်း၊ ကျန်းမာရေး အခြေအနေ မသိရှိရသေးကြောင်းသိရှိရသည်။လတ်တလောကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့သည် ထားဝယ်မြို့မရဲစခန်းသို့ရောက်ရှိနေကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

Credit