ပြည်တွင်းသတင်း

ပြည်သူစောင့်မျော်နေတဲ့ပြည်သူ့အောင်ပွဲ ၇ရက်သာလိုတော့တယ်လို့ဆိုလာတဲ့ ဆရာမ မေသင်္ကြန်ဟိဏ်း

ပြည်သူစောင့်မျော်နေတဲ့ပြည်သူ့အောင်ပွဲ ၇ရက်သာလိုတော့တယ်လို့ဆိုလာတဲ့ စာရေးဆရာမ မေသင်္ကြန်ဟိဏ်း

ပရိတ်သတ်ကြီးရေ ခုချိန်မှာ ပြည်သူက မအလတို့အဖွဲ့ကို ၇၀% နိုင် နေပါပြီ။ကျန်တဲ့ ၃၀% မှာ ၁၅%ကို နိုင်လိုက်တာနဲ့ ၁၅% ကအလိုလို

အရှုံးပြုတ်ကျသွားမှာပါ။အဲဒါကိုသိလို့ ပြည်သူ့အောင်ပွဲ ရနေပြီး အပြတ်အသတ် နိုင်ဖို့ သိပ်မလိုတော့ ဘူးလို့ပြောရဲတာပါ။ကျမ အယူအဆ

ပြောရရင် နိုင်ငံရေးမှာ ၁၀၀% နိုင်တယ်ဆိုတာ မရှိပါဘူး။ဒါပေမဲ့သေချာပြောနိုင်တာကတော့ ပြည်သူ့သွေး မြေကျတာ ရှိပေမဲ့ မအလက

အဖွဲ့က ပြည်သူကိုနိုင်ဖို့ ဆိုတာ မ လွယ်တော့ပါဘူး။

ကျမတို့ပြည်သူက မအလအဖွဲ့နဲ့ စကစ တွေကို အပြတ်အသတ် နိုင်ဖို့ ၁၅% ပဲ လိုပါ တော့တယ်။မအလအဖွဲ့က ပြည်သူ့ကို နိုင်ဖို့ ဆိုရင်

တော့ ၇၅% လိုတယ်။ ဒီ၈ လအတွင်းမှာ မအလနဲ့အဖွဲ့က ဘာတွေရှုံးခဲ့တာလဲဆိုတာကိုကြည့် ရအောင်ပါ။

(၁)နိုင်ငံရေးမှာ ၈၀%ရှုံးသွားပါပြီ။ပြည်သူကိုဘယ်လိုမှမစည်းရုံးနိုင်တော့ပါဘူး။နာမည်ဘယ်လို ပြောင်းပြောင်း မအလဟာ မအလပဲ ဖြစ်နေ

ပြီ။ (၂၀%ကတော့ သာကူးနဲ့မအလ အဖွဲ့သား တွေရဲ့မိသားစု)

(၂)စီးပွားရေး ၅၅% ရှုံးနေပြီ(ပြည်တွင်းဝင်ငွေရပ်သလောက်နီးနီးဖြစ်နေပြီ)ကျန်တဲ့ ၄၅%က သဘာဝဓါတ်ငွေတွေဆီကလာတာ၊ အဲဒါကို

ပြည်သူ‌တွေက မဝင်တော့အောင်လုပ်နိုင်ရင် စီးပွားရေးလည်း ၉၀% ရှုံးသွားလိမ့်မယ်

(၃)စစ်ရေးမှာနေ့စဉ်သေဆုံးနှုံးဟာ တိုးတက်နေတယ်။CDM လုပ်သွားတဲ့ စစ်သားနဲ့ရဲ ဦးရေဟာတိုးလာတယ်။ တပ်ထဲက ဖရဲသီးတွေကို

လည်းမရှင်းနိုင်ဘူး။ရှင်းရင်လည်း ပိုဆိုးသွားမှာ။ စစ်သားတွေလည်း လက်ပန်းကျနေပြီ။

(၄)သံတမန်ရေးမှာလည်း ၇၀% ရှုံးသွားပြီ။ နိုင်ငံရေးနဲ့သံတမန်ရေးမှာ မအလအဖွဲ့က NUGကို ရှုံးနေပြီ။

(၅)လူထုတိုက်ပွဲလို့ပြောရမဲ့ ဆန္ဒပြပွဲတွေနဲ့ပြည်သူတွေရဲ့ တော်လှန်အာခံမှုကိုလည်း ဘယ်လိုနည်းလမ်းနဲ့ပဲ ခြိမ်းခြောက်ဖမ်းဆီး၊သတ်ဖြတ်

နေပေမဲ့ ပြည်သူ တွေကရှေ့ဆက်သွား နေတုန်းပဲ။အဲဒါဘာကြောင့်လဲ ဆိုတာကို ပြန်သုံးသပ် မယ်ဆိုရင်တော့မအလ တွေးခဲ့တာက

လက်နက်အားကိုးနဲ့ အာဏာသိမ်းမယ်။ အန်အယ်ဒီကိုဖျက်သိမ်းမယ်၊အန်အယ်ဒီပါတီကလူတွေအားလုံးကို ထောင် ကျမယ်။ ပါတီကို

ဖျက်သိမ်းမယ်။ ၂ လအတွင်း တိုင်းပြည်ကိုငြိမ်ဝပ်ပိပြားအောင်လုပ်နိုင်တယ်လို့ ယူဆပြီးလုပ်ခဲ့ကြတာ။ အရင်စစ်ခေါင်းဆောင်တွေ လုပ်

သလို သူလည်း လုပ်နိုင်မယ်ထင်ခဲ့တာပါ။ဒါပေမဲ့ အဲ့ခေတ်တွေ တုန်းက ဝန်ထမ်းတွေ မပါ ခဲ့ဘူး။ ၂၀၂၁မှာ CDM ဝန်ထမ်းတွေ ပါလာခဲ့

တယ်။ အာဏာစသိမ်းပြီး မကြာခင် ဖေဖော်ဝါရီ လထဲမှာ မအလကို အရင်ဆုံး တော်လှန်ပုန်ကန်ခဲ့တာ CDM ဝန်ထမ်းတွေပါ။ သူတို့ရဲ့

အင်အားဟာ ပြည်သူနိုင်ဖို့ ၃၅% ကနေ ၄၀% ထိဖြစ်သွားစေခဲ့တာပါ။

(၁)CDM ဝန်ထမ်းတွေကြောင့် လည်ပတ် နေတာတွေ လုံးဝရပ်သွားတာတော့ ငြင်းမရတဲ့ အမှန်တရား ပါပဲ။အဲဒီမှာ မအလတို့အဖွဲ့ ကို

ပြည်သူက ၄၀% နိုင်သွား တာက CDM ဝန်ထမ်း တွေကြောင့်ပါ။ နောက်ပိုင်း တောင့်မခံ နိုင်တဲ့ Non CDMတွေရှိပေမဲ့ အများစု ကတော့

အငတ်ခံပြီး နေတယ်၊ဒုက္ခတွေကို တောင့်ပြီးခံထားကြဆဲ ဖြစ်တယ်။

(၂)နောက် မအလတို့ ခုချိန်ထိ ရှုံးပေးနေရတာက Gz တွေကိုပါ။ ဖေဖော်ဝါရီ၊ မတ်နဲ့ဧပြီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို

အထူးသဖြင့် ခေါင်းကိုပစ်ပြီး ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာဟာ ဆန္ဒပြပွဲတွေကို ရပ်တန့် သွားအောင် လုပ်ခဲ့ တာပါ။ လူတွေဖမ်းပြီး

အလောင်းလာကောက်ခိုင်းတာလည်း နောက်ထပ် ဆန္ဒပြပွဲတွေနဲ့ ပြည်သူ့တော်လှန်ရေးတွေမှာ ပါဝင်ဖို့ လူမရှိတော့အောင်လုပ်တာပါ။

လွန်ခဲ့သော ၈၈ တုန်းကနည်းလမ်းကို သုံးတာပါ။ဒါပေမဲ့ ခုချိန်ထိ အာဏာသိမ်းပြီး ၈ လ ဖြစ်လာပြီ လူတွေ ဘယ်လောက်ပဲ ဖမ်းပြီးသတ်ပြ

နေလဲ လူထုဆန္ဒပြပွဲတွေ ရပ်မသွားဘူး၊ ရပ်သွားအောင်လည်း မအလ မလုပ်နိုင်တော့ဘူး။ဒါ့အပြင် မအလနဲ့အဖွဲ့တွေ တစ်သက်လုံး မနိုင်ခဲ့

တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေထဲက KIA,KNU ကပါ PDF တွေကို ကူညီပေးလာတာဟာ ပြည်သူနိုင်ဖို့ဖြစ်လာတာလို့ ဆိုရမှာပါ။ သူ

တို့ရဲ့ကူညီပံ့ပိုးမှုတွေသာမပါခဲ့ရင် မအလအဖွဲ့တွေကို နိုင်ဖို့ဆိုတာမလွယ်ဘူး။ ကျေးဇူးတင်ရမှာပါ။

(၃) ကုလမှာ မအလအဖွဲ့ကို လက်မခံလိုက်တာကိုကာ မအလအဖွဲ့က ပြည်သူကို အရှုံးပေး လိုက်ရတာပဲ။ နိုင်ငံကြီး ၅ နိုင်ငံကNUGအစိုးရ

ကို ယူကေ၊ယူအက်စ်၊ တောင်ကိုရီးယား၊သြစတေးလျ၊ ချက်နိုင်ငံမှာ အသိမှတ်ပြုခံရတာဟာ ပြည်သူ့အောင်မြင်မှု မအလရဲ့နိုင်ငံတကာမှာ

ကျရှုံးမှု ဖြစ်ပါတယ်။ ဂျပန်နဲ့တရုတ်တို့နဲ့NUGရဲ့လက်ရှိ ဆက်ဆံရေး ကလည်း သံတမန်ရေးကိုအားသာစေပါတယ်။မြန်မာ့နိုင်ငံရေးမှာ

အမြဲတမ်းအရေးပါတဲ့ နိုင်ငံကြီး၃ နိုင်ငံရှိတယ်။တရုတ်၊ ယူအက်စ်နဲ့ ယူကေပါ။

(၄)မအလတို့အဖွဲ့လုံးဝလိုက်မမီအောင် ရှုံးနေတဲ့အချက်ကတော့ ပြည်သူပါပဲ။ကြောက်အောင် ခြောက်လည်း မရ၊အမိန့်ပေးလည်း မရ၊

ပလီပလာတွေလျှောက်ပြောလဲ ဟားခံရတာပဲရှိတယ်။ ပြည်သူတွေကိုမအလမနိုင်ပါဘူး။သင်္ဂြိုလ်စက်နဲ့သေအောင်ယတြာချေလည်းမနိုင်

တော့ဘူး။ ဒါကလည်း အမှန်တရားပါပဲ။

၅၀၅ (က) စာရင်းတောင် မထုတ်နိုင်တော့လောက်အောင် များလွန်းလို့၊ အရေးယူမယ်လို့ ပြောလေဆန့်ကျင်တဲ့ပြည်သူများလေပဲ။ Gz တွေ

PDF တွေကို ရက်ရက် စက်စက် ချေမှုန်း ပြလေ ပြည်သူကပို ပြီး အမုန်းတရားနဲ့ အာခံလေပါပဲ။မအလ အဖွဲ့က ပြည်သူကို သတ်ပြတယ်၊

ဖမ်းပြတယ်။ အိမ်တွေ မီးရှို့ဖျက်ဆီးပြတယ်။ ပြည်သူတွေရဲ့ မရှိမဲ့ရှိမဲ့ ငွေလေးတွေ ကျပ်ငါးထောင်တစ်သောင်းကစ PDF ကို လက်နက်ဝယ်

ပေးချင်တဲ့စိတ်ဖြစ်လာတယ်။ ပြည်သူတွေက ငါတို့ မစားရရင် နေပါစေတော့ မအလတွေကိုတော့နိုင်အောင်တိုက်မှ ဖြစ်မယ်ဆိုတဲ့ ပြည်သူ

က မြန်မာပြည်မှာ ၈၀% ရှိပါ တယ်။ပြည်သူ့ အောင်ပွဲဟာ သိပ်မလိုတော့ဘူး၊ နောက်ထပ် ၁၀% နိုင်ရင်ပြည်သူအပြတ်အသတ်နိုင်သွားပါပြီ။

ကျန်တဲ့၂၀%ကအလိုလိုပြုတ်ကျမဲ့ဟာတွေ အဲဒီ ၁၀% နိုင်ဖို့ ကျမက ၇ ရက်အတွင်း မျှော်လင့်မိနေတာပါ။ပြည်သူ့အောင်ပွဲကိုမကြာမီမြင်

တွေ့ခွင့်ရပါရစေ။

Credil-May Thingyan Hein-Myitmakha