News

သဘောကောင်းာတဲ့အလုပ်ရှင်ကြောင့် ကားနှင့်တိုက်ခန်းများကို ဝယ်ယူနိုင်ခဲ့သလို နိုင်ငံသားအဖြစ်ပါခံယူနိုင်ခဲ့တဲ့ ပြည်ပလုပ်သားအိမ်အကူတစ်ဦး

ကံကောင်းလွန်းတဲ့အိမ်အကူတစ်ဦးဟာ သူမရဲ့ကြင်နာတတ်တဲ့ပြင်သစ်အလုပ်ရှင်များ၏အကူအညီဖြင့် ယခုအခါသူမဟာ ကားများနှင့်စီးပွါး

ရေးလုပ်ငန်းများကိုပိုင်ဆိုင်နိုင်နေပြီဖြစ်ကြောင်း သတင်းပြန့်နှံ့သွားခဲ့ပါတယ်။ သူမဟာ ဆွစ်ဇာလန်နိုင်ငံသားတစ်ယောက်လည်းဖြစ်လာခဲ့

ပြီး သူမရဲ့ကလေးအနာဂတ်ကိုလည်း လုံခြုံအောင်စီမံနိုင်ခဲ့ပါတယ်။ ဒါဟာအံ့ဩစရာပါဘဲ။ OFWs များစွာ (ပြည်ပဖိလစ်ပိုင်အလုပ်သမား

များ) ဟာ ၎င်းတို့၏အလုပ်ရှင်များ၏လက်ချက်ကြောင့် ဒုက္ခရောက်တတ်ကြသလို ၎င်းတို့၏အလုပ်ရှင်များ၏ကူညီမှုကြောင့် အမှန်

တကယ်ကြီးမြတ်စွာကံကောင်းတဲ့သူများလည်းရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် ပြည်ပလုပ်သားတစ်ဦးဖြစ်တဲ့ Cherrie Salamanca

အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခုအခါ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းများနှင့်ကားများစွာကို ပိုင်ဆိုင်ထားသလို သူမဟာ သူမကလေးရဲ့

အနာဂတ်ကိုလည်းလုံခြုံစွာ ပြုလုပ်နိုင်ပြီး ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်သားတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။

Salamanca ဟာ OFW အဖြစ် ၁၁ နှစ်ကျော်ကြာလုပ်ကိုင်ခဲ့သော်လည်းသူမ၏လက်ရှိအလုပ်ရှင်နှင့်လုပ်သက်က ၈ နှစ်သာရှိခဲ့ပါသေး

တယ်။ သူမဟာ ဒူဘိုင်းတွင်နှစ်ပေါင်းများစွာအခြေစိုက်ခဲ့ကြောင်းပြောခဲ့သော်လည်း ၂၀၁၅ ခုနှစ်က အားလပ်ရက်အလည်ခရီးကြောင့် ဆွစ်

ဇာလန်သို့ရောက်ခဲ့ပါသေးတယ်။

ကပ်ရောဂါကာလအတွင်း သူမ၏အလုပ်ရှင်များဟာ ဆွစ်ဇာလန်နိုင်ငံအား ၎င်းတို့၏အမြဲတမ်းအိမ်ဖြစ်စေရန် ဆုံးဖြတ်ခဲ့ပေမဲ့ ၎င်းတို့က

Salamanca ကိုအိမ်အကူအဖြစ်ခေါ်သွားရုံသာမက သူမရဲ့အနာဂတ်ကိုပါ လုံခြုံစေချင်ခဲ့ကြပါတယ်။ ထို့ကြောင့်သူမ၏အလုပ်ရှင်များက

သူမရဲ့စာရွက်များကိုစီမံပြီး နေထိုင်ခွင့်ဗီဇာမရမချင်းအရာအားလုံးအတွက် ငွေပေးချေပေးခဲ့ပါတယ်။

Salamanca ၏အဆိုအရ သူမ၏အလုပ်ရှင်များဟာ ငွေကြေးကုမ္ပဏီပိုင်ရှင်များဖြစ်ပါတယ်။ ၎င်းတို့ကရွက်လှေကိုပိုင်ဆိုင်ထားပြီး သူမက

ကလေးထိန်းသူမို့ သူမကို ၎င်းတို့မိသားစုအားလပ်ရက်တွေမှာအမြဲခေါ်သွားလေ့ရှိတာကြောင့် သူမဟာ ဥရောပရှိနေရာများစွာသို့လည်း

သွားရောက်ခဲ့ဖူးပါသေးတယ်။ သူမရထိုက်တဲ့လစာကိုပေးသည့်အပြင် ၎င်းတို့အလုပ်ရှင်ဇနီးမောင်နှံဟာ သူမ၏ ၁၆ နှစ်အရွယ်သမီးကို ဒူ

ဘိုင်းသို့ခေါ်ဆောင်ကာကျောင်းပို့ပေးခဲ့ပါသေးတယ်။

လက်ရှိကလေးက ၁၈ နှစ်ရှိပြီ ၊ သူမကဖိလစ်ပိုင်ကိုပြန်ရောက်နေပေမယ့် Salamanca ရဲ့အလုပ်ရှင်တွေက ကျောင်းသူတစ်ယောက်အနေနဲ့

သူမရဲ့ငွေကြေးလိုအပ်ချက်ကိုလည်းဆက်ပြီးကူညီပေးနေဆဲပါဘဲ။

Salamanca ဟာ သူမငှါးရမ်းထားတဲ့တိုက်ခန်း၊ စိုက်ပျိုးရေးမြေနှင့် ကားများပါ၀င်တဲ့တိုက်ခန်းငယ်နှစ်ခုကို၀ယ်ယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ

သူမ၏အလုပ်ရှင်များလည်း သူမ၏ကလေးနှင့်ခင်ပွန်းကို ဆွစ်ဇာလန်သို့ခေါ်ဆောင်ဖို့ စီစဉ်ပေးနေလျက်ရှိပါတယ်။ အလုပ်ရှင်က အခုလို

သဘောကောင်းပုံအရ အလုပ်သမားဖြစ်တဲ့ Salamanca ကလည်း အလုပ်ရှင်စိတ်တိုင်းကျအောင် သဘောကျအောင် အိမ်အကူအလုပ်ကို

စိတ်စေတနာပါပါလုပ်ကိုင်တတ်လို့လည်းဖြစ်မှာပါ။

အလုပ်တစ်ခုမှာ နှစ်ဦးနှစ်ဖက်မျှတလျှင် ၎င်းအလုပ်ဟာ အဆင်ပြေချောမွေ့နေစမြဲပါဘဲဗျာ။Salamanca အတွက် ဝမ်းသာသလို သူမလို

အလုပ်သမားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အလုပ်ရှင်များအတွက်လည်း ဝမ်းသာမိပါတယ်။

crd