ျပည္တြင္းသတင္း

ကိုကိုးကျွန်းတွင် ၂၄နာရီ မီးလင်းရေးလိုအပ်သည့်ပစ္စည်းများပို့ဆောင်

ကိုကိုးကျွန်းတွင် ၂၄နာရီ မီးလင်းရေးလိုအပ်သည့်ပစ္စည်းများပို့ဆောင်
—————————–
လျှပ်စစ်ကဏ္ဍကို ဇန်နဝါရီ ၃၁ ရက် မတိုင်ခင် အားလုံးပြီးစီးအောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြောဆိုခဲ့
——————————-

ရန်ကုန်၊ ဩဂုတ် ၈ရက်

ကိုကိုးကျွန်းမြို့နယ်တွင် ၂၄နာရီ မီးလင်းရေးလိုအပ်သည့်ပစ္စည်းများဖြစ်သည့် ထရန်စ‌ ‌ ဖော်မာများ၊ ဓာတ်အားလိုင်းတိုင်များနှင့် ဆက်စပ်ပစ္စည်းများအား သင်္ဘောဖြင့် ယမန်နေ့က ပို့ဆောင်လိုက်ပြီဟု သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် လက်ရှိ 350 KVA ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ညနေ ၆နာရီမှ ည၁၂အထိ ဓာတ်အားရရှိနေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်စဉ် လျှပ်စစ်ကဏ္ဍကို ဇန်နဝါရီ ၃၁ ရက် မတိုင်ခင် အားလုံးပြီးစီးအောင် လုပ်ဆောင်မည်ဟု ပြောဆိုအပြီး တာဝန်ရှိသူများက ချက်ချင်းပို့ဆောင်လိုက်ခြင်းဖြစ်သည်။

ယခုပို့ဆောင်လိုက်သည့် ပစ္စည်းများနှင့် တည် ဆောက်မည့် ဆိုလာ၊ ဒီဇယ်၊ ဘထ္တရီစနစ်ပါဝင်သည့် Hybrid System ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက ၂၄ နာရီပတ်လုံး ဓာတ်အားပေးနိုင်မည်ဖြစ်ကာ ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ကိုကိုးကျွန်းမြို့နယ်၌ ၂၄နာရီပတ်လုံး လျှပ်စစ်မီး ရရှိ မည် ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုကိုးကျွန်း သည် နိုင်ငံ၏နယ်စွန်နယ်ဖျား ပြင်ပစည်းကနေပြီး နိုင်ငံ၏လုံခြုံ ရေးကို စောင့်ရှောက်ပေးနေသည်ဟု ပြောဆိုခဲ့ကာ ကိုကိုးကျွန်းရှိ ပြည်သူများအနေဖြင့် မိမိကိုယ့်ကိုယ် ဂုဏ်ယူစေလို ကြောင်းပြောဆိုခဲ့သည်။

ကိုမင်း/Myanmar Harp

######################

ကိုကိုးကြၽန္းတြင္ ၂၄နာရီ မီးလင္းေရးလိုအပ္သည့္ပစၥည္းမ်ားပို႔ေဆာင္
—————————–
လွ်ပ္စစ္က႑ကို ဇန္နဝါရီ ၃၁ ရက္ မတိုင္ခင္ အားလုံးၿပီးစီးေအာင္ လုပ္ေဆာင္မည္ဟု နိုင္ငံေတာ္အတိုင္ပင္ခံေျပာဆိုခဲ့
——————————-
ရန္ကုန္၊ ဩဂုတ္ ၈ရက္

ကိုကိုးကြၽန္းၿမိဳ႕နယ္တြင္ ၂၄နာရီ မီးလင္းေရးလိုအပ္သည့္ပစၥည္းမ်ားျဖစ္သည့္ ထရန္စ‌ ‌ ေဖာ္မာမ်ား၊ ဓာတ္အားလိုင္းတိုင္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သေဘၤာျဖင့္ ယမန္ေန႕က ပို႔ေဆာင္လိုက္ၿပီဟု သိရသည္။

ကိုကိုးကြၽန္းၿမိဳ႕နယ္တြင္ လက္ရွိ 350 KVA ဒီဇယ္ဓာတ္အားေပးစက္ျဖင့္ ေန႕စဥ္ ညေန ၆နာရီမွ ည၁၂အထိ ဓာတ္အားရရွိေနသည္။

နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိုလ္ ကိုကိုးကြၽန္းၿမိဳ႕နယ္သို႔ သြားေရာက္စဥ္ လွ်ပ္စစ္က႑ကို ဇန္နဝါရီ ၃၁ ရက္ မတိုင္ခင္ အားလုံးၿပီးစီးေအာင္ လုပ္ေဆာင္မည္ဟု ေျပာဆိုအၿပီး တာဝန္ရွိသူမ်ားက ခ်က္ခ်င္းပို႔ေဆာင္လိုက္ျခင္းျဖစ္သည္။

ယခုပို႔ေဆာင္လိုက္သည့္ ပစၥည္းမ်ားႏွင့္ တည္ ေဆာက္မည့္ ဆိုလာ၊ ဒီဇယ္၊ ဘထၱရီစနစ္ပါဝင္သည့္ Hybrid System ျဖင့္ ဓာတ္အား ျဖန႔္ျဖဴးေပးနိုင္မည္ဆိုပါက ၂၄ နာရီပတ္လုံး ဓာတ္အားေပးနိုင္မည္ျဖစ္ကာ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလတြင္ ကိုကိုးကြၽန္းၿမိဳ႕နယ္၌ ၂၄နာရီပတ္လုံး လွ်ပ္စစ္မီး ရရွိ မည္ ျဖစ္ေၾကာင္းသိရသည္။

နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိုလ္က ကိုကိုးကြၽန္း သည္ နိုင္ငံ၏နယ္စြန္နယ္ဖ်ား ျပင္ပစည္းကေနၿပီး နိုင္ငံ၏လုံၿခဳံ ေရးကို ေစာင့္ေရွာက္ေပးေနသည္ဟု ေျပာဆိုခဲ့ကာ ကိုကိုးကြၽန္းရွိ ျပည္သူမ်ားအေနျဖင့္ မိမိကိုယ့္ကိုယ္ ဂုဏ္ယူေစလို ေၾကာင္းေျပာဆိုခဲ့သည္။

ကိုမင္း/Myanmar Harp