ပြည်တွင်းသတင်း

ဥက္ကဌ ဦးကျော်သူ ကိုဗစ်ရောဂါ ကူးစက်ခံရမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ပိတ်ထားမည်

ဥက္ကဌ ဦးကျော်သူ ကိုဗစ်ရောဂါ ကူးစက်ခံရမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ပိတ်ထားမည် ဖြစ်ကြောင်း အသင်းက ထုတ်ပြန်လိုက်ပါတယ်။  နာရေးကူညီမှုအသင်း(ရန်ကုန်)က “ ဥက္ကဌကြီး ဦးကျော်သူ အပါအဝင် ဝန်ထမ်းအချို့ COVID 19 ရောဂါ ကူးစက်မှုဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းကြောင့် နာရေးကူညီမှုအသင်း ရန်ကုန် ရုံးချုပ်အား ကာလတစ်ခုထိ ပိတ်ထားမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် မိမိတို့ သတ်မှတ်ထားသည့် plan B အစီအစဉ်အတိုင်း လွန်ခဲ့သောလမှပင် အဖွဲ့ခွဲထားသော ရေဝေးရုံးခွဲရှိဝန်ထမ်းများနှင့်လုပ်အားပေးအသင်းသားများမှ နာရေးကိစ္စ အဝဝနှင့် အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုများ သုခကျောက်ကပ်သွေးသန့်စင်ဌာန၏ ကျောက်ကပ်သွေးဆေးခြင်း လုပ်ငန်းမျာအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။” လို့ လူမှုကွန်ယက်မှတစ်ဆင့်အသိပေးထားပါတယ်။

လက်ရှိတွင် နာရေးကူညီမှုအသင်း ရန်ကုန် ရုံးချုပ်အား ကာလတစ်ခုထိ ပိတ်ထားမည်ဖြစ်ပါသောကြောင့် အလှူရှင်များ အသင်းသို့လှူဒါန်းလိုပါက အသင်း page messenger နှင့် အလှူခံဌာန၏ Viber 09421011915 သို့သာ ဆက်သွယ်ပြီး ငွေလွှဲစနစ်ဖြင့်သာ လှူဒါန်းနိုင်ကြပါရန် နှင့် အသင်း၏လတ်တလောဖြစ်ပေါ်လျက်ရှိသော ဝန်ထမ်းအခက်အခဲကြောင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်း ဖော်ပြမှုများအား အချိန်မှီ မပြုလုပ်နိုင်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါရန် အသိပေးတောင်းပန်အပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဈာပနအကူညီတောင်းခံလိုပါက 09406777713 , 09406777714 သို့ ဆက်သွယ်ပါရန်-အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုအတွက် 09400000911 သို့ ဆက်သွယ်ပါရန် – အလှူငွေလှူဒါန်းလိုပါက Accountability name -FREE FUNERAL SERVICE SOCIETY (YGN) – KBZ Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) – AYA Bank Account No – 0232 2050 1000 0387 – CB Bank Account No – 0143 6008 0000 0407 – MAB Mobile Banking Application – MAB Bank Account No – 0740165074003729012 သို့ ပေးပို့လှူဒါန်းနိုင်ကြောင်းသိရပါတယ်။