အနုပညာသတင်း
Zawgyi
Unicode
“မင်းသားဒေါင်းကို ပြည်သူတွေထင်ထားတဲ့အတိုင်း ဖြစ်မလာသေးတဲ့အပေါ် ဝေဖန်လိုက်တဲ့ မင်းသားဇေရဲထက်”
မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဈေးကွက်မှာ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့ပြီး အခုဆိုရင် အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ နှစ်နှစ်ကျော်အချိန်ကို ရှိပြီဖြစ်ပါတယ်။အောင်မြင်ခဲ့စဉ်အချိန်ကလည်း
လုပ်ဖော်ကိုင်ဖက်တွေအပေါ် စေတနာအပြည့်ထားသလို သူဇာတ်ကားတွေမရိုက်တော့တဲ့အခါမှာလည်း အောင်မြင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ချီးကျူးဖို့ ဝန်မလေးသူတစ်ယောက် ဖြစ်ပါတယ်။ဒီနေ့မှာတော့
ဇေရဲထက်က အပြင်မှာထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။ “သတင်းသဲ့သဲ့တော့ကြားတယ်။ဘာပဲဖြစ်ဖြစ် ဆရာကောင်းတပည့်ပန်းကောင်ပန်တာပေါ့ အာ့လိုဆရာတွေတွေ့ခွင့်ရတာ
မင်္ဂလာတပါးပါ။ ဦကျော်သူကိုလည်းတကယ်လေးစားပါတယ်။ ဒေါင်းကကြာပြီလေဖြစ်သင့်ပါပြီ။သူလည်းကျနော်တို့နဲ့တန်းတူ ဆာတိုရီတင်ခဲ့တဲ့မင်းသားပဲလေ။ သူလည်းအခြေအနေတခုရသင့်နေပါပြီ။ ကံအခြေအနေက သူ့အတွက်အခုမှပေးလာသလိုပံ့ပို့မူ့တွေကလည်း
သူ့အတွက်ကျွန်တော်တောင်မကြုံဘူးတဲ့အရာတွေတွေ့ရတယ်။ ဒါဟာ ကံတရား။ အရည်အချင်းရှိအောင်လုပ်ရမှာကကိုယ့်တာဝန်ပဲလေ။”“အကယ်ဒမီက သရုပ်ဆောင်တွေအတွက်တချိန်တုန်းက မှတ်တိုင်ပေါ့။ အခုတော့ အခုခေတ်မှာ ထင်ပေါကျော်ကြားရင်ပိုက်စံ ဝေါခနဲ့ဝင်တာ
သတိထားမိတယ်။အရင်က အမလေးဗျာ အာ့လိုသာရခဲ့ရင် ဘယ်သူရရ ဝမ်းသာပါတယ်။ ဒါပေမယ့် အမှန်တရားတွေဥပက္ခာပြု ငါလုပ်ချင်ရာလုပ်နေကြတဲ့ ခေတ်ကိုတော့ ရွှံလာပြီသူကအခုမှ သတင်းတတ်လာတာ ကိုယ်တွေက အသေးစိတ်သိထားတော့
အကယ်ဒမီဝတ်စုံတောင်မချုပ်သလို မနှစ်ကလည်းမတတ်ဘူး။ တကယ်တတ်မယ့်နှစ်ကလည်း ဘက်မျှတယ်ထင်တယ်လို့ ယူဆတဲ့အချိန်” ဆိုပြီး ပြောထားပါတယ်ဇေရဲထက်က သူကိုယ်တိုင်လည်း အမျိုးသားဇာတ်ပို့ဆုနဲ့
ပရိသတ်တွေ ခန့်မှန်ထားခြင်းခံရပေမယ့် ဘာကိုမှ မျှော်လင့်မထားတာပဲ ဖြစ်ပါတယ်။ဇေရဲထက်လည်း တစ်ချိန်မှာ ပရိသတ်ဖြစ်စေချင်တဲ့ အကယ်ဒမီမင်းသားကြီးတစ်လက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။