အေထြေထြဗဟုသုတ

ကြွက်ကလေးပုံပြင်

တစ်ခါက ကြွက်ကလေး တစ်ကောင်ဟာ ဆန်အပြည့် ရှိနေတဲ့ စဉ့်အိုးတစ်လုံးထဲကို အမှတ်မထင် ပြုတ်ကျသွားခဲ့ပါတယ်။ ကျကျသွားချင်း

မှာ ကြွက်ကလည်း ဝမ်းသာနေတာပေ့ါ။

ဆန်စေ့လေးတွေကို ကိုက်စားလိုက် ဗိုက်ကလေး ပွတ်လိုက်နဲ့ အကျေနပ်ကြီး ကျေနပ်နေ တော့တာပါပဲ။ သူ့လောက် လောကကြီးမှာ

ပြည့်စုံတဲ့သူ မရှိတော့ဘူး လို့လည်း ဒီကြွက်ကလေးက ထင်နေမိပြီး စားလိုက် အိပ်လိုက်နဲ့ အလုပ်ကို ဖြစ်နေတော့တာပါပဲ။

ဒီလိုနဲ့ပဲ ဆန်စေ့လေးတွေကို စားကောင်းကောင်းနဲ့ စားလိုက်တာ အိုးအောက်ခြေထိ ကပ်သွားပြီး ဆန်စေ့တွေ ကုန်သလောက်ရှိတော့မှ

ကြွက်ကလေး လန့်သွားပါတယ်။

ဒီစဉ့်အိုး နက်နက်ထဲကနေ သူဘယ်လို ပြန်ထွက်လို့ ရနိုင်မလဲ ဆိုတာ အပူတပြင်း စဉ်းစားရင်း နောင်တတွေ တစ်လှေကြီး ရနေပါတော့

တယ်။

သင်ခန်းစာ – ဘဝမှာ ထောင်ချောက် တမျိုး ရှိတယ် (သက်သာခြင်း) တဲ့ ကိုယ်အပင်ပန်းခံ ကြိုးစားရုန်းကန်နိုင်တဲ့ အချိန်တွေ ၊ အခြေအနေ

တွေမှာ (သက်သာခြင်း) ကို မရွေးခြယ်မိဖို့ လိုပါတယ်။

အခက်အခဲ မရှိဘူး ဆိုတာဟာ တကယ်တော့ အကြီးမားဆုံး အခက်အခဲပါပဲ။

ကိုယ်က ကြိုးစားရုန်းကန်ချင်စိတ် မရှိဘူးဆိုရင် ကိုယ့်ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးဝါးမျို ပစ်လိုက်မဲ့ အန္တရာယ်နဲ့

အခက်အခဲတွေက တချိန်လုံး ဝိုင်းရံနေတာကို သတိထား ရပါမယ်။

မိမိဘဝကို လက်ရှိအတိုင်း ဆက်သွားဖို့က လွယ်ကူကောင်း လွယ်ကူနိုင်ပေမယ့် တိုးတက်ဖို့ကတော့ အလွန်ပဲ ခက်ခဲမှာ ဖြစ်ပါတယ်။

Crd

for zawgyi

ႂကြက္ကေလးပုံျပင္

တစ္ခါက ႂကြက္ကေလး တစ္ေကာင္ဟာ ဆန္အျပည့္ ရွိေနတဲ့ စဥ့္အိုးတစ္လုံးထဲကို အမွတ္မထင္ ျပဳတ္က်သြားခဲ့ပါတယ္။ က်က်သြားခ်င္းမွာ ႂကြ

က္ကလည္း ဝမ္းသာေနတာေပ့ါ။

ဆန္ေစ့ေလးေတြကို ကိုက္စားလိုက္ ဗိုက္ကေလး ပြတ္လိုက္နဲ႔ အေက်နပ္ႀကီး ေက်နပ္ေန ေတာ့တာပါပဲ။ သူ႔ေလာက္ ေလာကႀ

ကီးမွာ ျပည့္စုံတဲ့သူ မရွိေတာ့ဘူး လို႔လည္း ဒီႂကြက္ကေလးက ထင္ေနမိၿပီး စားလိုက္ အိပ္လိုက္နဲ႔ အလုပ္ကို ျဖစ္ေနေတာ့တာပါပဲ။

ဒီလိုနဲ႔ပဲ ဆန္ေစ့ေလးေတြကို စားေကာင္းေကာင္းနဲ႔ စားလိုက္တာ အိုးေအာက္ေျခထိ ကပ္သြားၿပီး ဆန္ေစ့ေတြ ကုန္သေ

လာက္ရွိေတာ့မွ ႂကြက္ကေလး လန႔္သြားပါတယ္။

ဒီစဥ့္အိုး နက္နက္ထဲကေန သူဘယ္လို ျပန္ထြက္လို႔ ရႏိုင္မလဲ ဆိုတာ အပူတျပင္း စဥ္းစားရင္း ေနာင္တေတြ တစ္ေလွႀကီး ရေနပါေတာ့တ

ယ္။

သင္ခန္းစာ – ဘဝမွာ ေထာင္ေခ်ာက္ တမ်ိဳး ရွိတယ္ (သက္သာျခင္း) တဲ့ ကိုယ္အပင္ပန္းခံ ႀကိဳးစား႐ုန္းကန္ႏိုင္တဲ့ အခ်ိန္ေတြ ၊ အေျခ

အေနေတြမွာ (သက္သာျခင္း) ကို မေ႐ြးျခယ္မိဖို႔ လိုပါတယ္။

အခက္အခဲ မရွိဘူး ဆိုတာဟာ တကယ္ေတာ့ အႀကီးမားဆုံး အခက္အခဲပါပဲ။

ကိုယ္က ႀကိဳးစား႐ုန္းကန္ခ်င္စိတ္ မရွိဘူးဆိုရင္ ကိုယ့္ရည္မွန္းခ်က္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးဝါးမ်ိဳ ပစ္လိုက္မဲ့ အႏၲရာယ္နဲ႔ အခက္အခဲေတြက

တခ်ိန္လုံး ဝိုင္းရံေနတာကို သတိထားရပါမယ္။

မိမိဘဝကို လက္ရွိအတိုင္း ဆက္သြားဖို႔က လြယ္ကူေကာင္း လြယ္ကူႏိုင္ေပမယ့္ တိုးတက္ဖို႔ကေတာ့ အလြန္ပဲ ခက္ခဲမွာ ျဖစ္ပါတယ္။

Crd