ပြည်တွင်းသတင်း

စစ်ကိုင်းတိုင်းတွင် (၁၀) လသားအရွယ်အပါဝင် အတည်ပြုလူနာ(၆) ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ အောက်တိုဘာလ(၂၁)ရက် ညပိုင်းက ကိုဗစ်အတည်ပြုလူနာ (၆ ) ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး အဲဒီထဲမှာ (၁၀) လသားအရွယ် ကလေးတစ်ဦးပါဝင်တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ အသစ်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြု လူနာ(၆)ဦးကတော့ တမူးမြို့နယ်က (၄) ဦး၊ မြင်းမူမြို့နယ်(၁)ဦးနဲ့ ရွှေဘိုမြို့နယ်(၁) ဦး ဖြစ်ပါတယ်။ တမူးမြို့နယ်က လူနာ (၄)ဦးထဲက (၃) ဦးကတော့ ပထမအတည်ပြုလူနာ နဲ့ ထိတွေ့ဆက်စပ်သူတွေ ဖြစ်ပြီး နောက်တစ်ဦးကတော့ အနံ့မရတာကြောင့် ဆေးရုံလာပြသူ ဖြစ်တယ်လို့ သိရပါတယ်။ အတည်ပြုလူနာသစ်တွေ့ရဲ့ ဓါတ်ခွဲနမူနာတွေကို အောက်တိုဘာလ(၁၉)ရက်က ရယူစစ်ဆေးခဲ့ပြီး အောက်တိုဘာလ(၂၁)ရက်မှာ ပိုးတွေ့ရှိတယ်လို့ သိရှိခဲ့ရတာဖြစ်ပါတယ်။

“သူတို့က Quaratineဝင်နေတဲ့သူတွေပါ။ ပိုးတွေ့သူ ၄ယောက်ထဲက ၃ယောက်ဟာ အရင်ပိုးတွေ့လူနာရဲ့ Contact ထဲက ရောဂါပိုးတွေ့ရှိတာပါ။ ကျန်တစ်ယောက်ကတော့ အနံ့မရလို့ဆေးရုံလာပြတဲ့သူထဲက Swab ရယူစစ်တော့ ရောဂါပိုးတွေ့ရှိခဲ့တာ။ သူတို့က ကျန်းမာရေးကောင်းမွန်ပါတယ်” လို့ တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရက ပြောပါတယ်။ ပိုးတွေ့လူနာ(၄)ဦးကတော့ တမူးမြို့၊မြို့မရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ပြီး အသက်(၃၀)နှစ်အရွယ် အမျိုးသမီး(၁)ဦး ၊(၁၀)လသားအရွယ် ကလေး(၁)ဦး၊(၆၁)နှစ်အရွယ် အမျိုးသား(၁)ဦး၊ (၂၃)နှစ်အရွယ် အမျိုးသား (၁)ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ်က ပိုးတွေ့လူနာကတော့ အောက်တိုဘာလ(၁၈)ရက်က ရန်ကုန်တိုင်းမြို့၊ သင်္ကန်းကျွန်းမြို့နယ်က ပြန်လာသူဖြစ်ပြီး တိုင်းရင်းဆေးရုံမှာ အသွားအလာကန့်သတ်ထားရှိကာ အောက်တိုဘာလ(၁၉)ရက်က ဓါတ်ခွဲ နမူနာယူ ပေးပို့စစ်ဆေးခဲ့ရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ “သူက ကျန်းမာရေးလဲကောင်းတယ်။သူကရန်ကုန်ကနေ ပြန်လာကတည်းက Quaratineဝင်နေသူပါ။ သူနဲ့ ထိတွေ့မှုကတော့မရှိဘူး။ ဒါပေမယ့် သူကTaxi နဲ့ပြန်လာတော့ သူနဲ့ပြန်လာတဲ့သူရှိမရှိစစ်ဆေးနေတယ်”လို့ မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောပါတယ်။

စစ်ကိုင်းကို One State One Township စံပြမြို့အဖြစ် - သတငျး - Pauk Phaw -  PaukPhaw Myanmar

မြင်းမူမြို့နယ်က အတည်ပြုလူနာကတော့ အသက် (၄၅)နှစ်အရွယ် အမျိုးသမီဖြစ်ပြီး ပျော့ရွာမှာ နေထိုင်သူလို့ သိရပါတယ်။ ရွှေဘိုမြို့နယ်က အတည်ပြုလူနာကတော့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က ပြန်လာသူဖြစ်ပြီး ရွှေဘိုတက္ကသိုလ်မှာ အသွားအလာကန့်သတ်ထားရှိသူ ဖြစ်ပါတယ်။ အောက်တိုဘာလ(၁၉)ရက်က ဓါတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ “သူကမင်္ဂလာဒုံမြို့နယ်ကနေ တစ်ယောက်တည်းကားနဲ့ပြန်လာသူပါ။ထိတွေ့မှုတော့မရှိဘူး။ကျန်းမာရေးက ကောင်းမွန်ပါတယ်”လို့ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ကပြောပါတယ်။ အဲဒီလူနာကတာ့ အသက်( ၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှာ နေထိုင်သူလို့ သိရပါတယ်။

တမူးမြို့နယ်က ပိုးတွေ့လူနာ(၄)ဦးကို တမူးမြို့ပြည်သူ့ဆေးရုံမှာ ကုသမှုပြုလုပ်ပေးမှာ ဖြစ်ပြီး မြင်းမူမြို့နယ်မှ ပိုးတွေ့လူနာ(၁)ဦးကို မြင်းမူမြို့ပြည်သူ့ဆေးရုံမှာ ကုသပေးမှာ ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်က ပိုးတွေ့လူနာ (၁)ဦးကိုတော့ ရွှေဘိုမြို့က သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ကုသပေးမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း (၃၇) မြို့နယ်ရှိပြီး အဲဒီအထဲက (၂၅) မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇၅)ဦးကို တွေ့ရှိထားတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ အရ သိရပါတယ်။ အတည်ပြုလူနာတွေထဲက ဆေးရုံ ဆင်းခွင့်ရသူပေါင်းကတော့ ( ၂၀၈) ဦးအထိရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းကောင်းမှုတော်ဘုရား ပြန်လည်ဖူးမြော်ခွင့်ရပြီ - Reader To Reader

One News Myanmar