ျပည္တြင္းသတင္း

လက္နက္ျဖင့္အႏိုင္က်င့္၍ လူထုအား အေၾကာက္တရားျဖင့္အုပ္ခ်ဳပ္ျခင္းမ်ိဳးကို မလိုလားဟု အၾကမ္းဖက္ စစ္ေခါင္းေဆာင္မင္းေအာင္လွုိင္ေျပာ..

ဒီမိုကေရစီနည္းလမ္းမက်တဲ့ လက္နက္ျဖင့္အႏိုင္က်င့္ၿပီး လူထုအား အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္တာမ်ိဳးကို မလိုလားေၾကာင္းနဲ႔ တပ္မေ

တာ္အေနနဲ႔ ႏိုင္ငံအုပ္ခ်ဳပ္ေရးကို တိုက္႐ိုက္ေဆာင္႐ြက္ျခင္းမရွိဘဲ သက္ဆိုင္ရာအရပ္ဖက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြနဲ႔ သာ ေ

ဆာင္႐ြက္ေနတယ္လို႔ အာဏာသိမ္းအၾကမ္းဖက္စစ္ေခါင္းေဆာင္က ေျပာၾကားလိုက္ပါတယ္။

စက္တင္ဘာ ၂၄ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ စစ္ေကာင္စီ အစည္းအေဝးမွာ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မ

င္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာသြားတာပါ။

မိမိတို႔အေနနဲ႔ ႏိုင္ငံသာယာဝေျပာေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း၊ ႏိုင္ငံသာယာဝေျပာေရးအတြက္

စည္းကမ္းရွိတဲ့ ဒီမိုကေရစီစနစ္၊ ဝင္ေငြေကာင္း မြန္မႈ၊ အလုပ္အကိုင္ရရွိမႈ၊ ေရာဂါကင္းစင္မႈ၊ ရာသီအလိုက္ ပြဲလမ္းသဘင္ေတြနဲ႔

ေပ်ာ္႐ႊင္မႈေတြရွိရမွာ ျဖစ္လို႔ေမွ်ာ္မွန္းေဆာင္႐ြက္ေနေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနနဲ႔ ႀကိဳးစားေဆာင္႐ြက္ မယ္ဆိုပါက ၅

ႏွစ္အတြင္း အာဆီယံႏိုင္ငံေတြမွာ အလယ္အလတ္ အဆင့္သို႔ေရာက္ရွိႏိုင္ၿပီး ၁၀ ႏွစ္အတြင္း ထိပ္တန္းအဆင့္သို႔ေရာက္ရွိႏိုင္ေၾကာ

င္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ မိမိတို႔ႏိုင္ငံမွာ လြတ္လပ္ေရးရၿပီးခ်ိန္မွစၿပီး အခုအခ်ိန္အထိ ရာႏႈန္းျပည့္ ၿငိမ္းခ်မ္းမႈမရ

ရွိေသးေၾကာင္း၊ ႏိုင္ငံသာယာဝေျပာေရးအတြက္ ၿငိမ္းခ်မ္းေရးရရွိဖို႔ လိုအပ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိဖို႔အ

တြက္ ဒီမိုကေရစီရဲ႕ အေျခအေန ကိုနားလည္ဖို႔နဲ႔ ႏိုင္ငံရဲ႕ ပကတိအေျခအေနအား နားလည္ဖို႔လိုအပ္ေၾကာင္းလည္း ဒီမို

ကေရစီသေဘာတရားေတြကို အာဏာသိမ္းစစ္ေခါင္းေဆာင္က စစ္ေကာင္စီဝင္ေတြကို ရွင္းလင္းေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ ေကာင္စီဝင္ေတြအေနနဲ႔ ႏိုင္ငံေရးအရပကတိ အေျခအေန၊ စီပြားေရးအရပကတိ အေျခအေန၊ ႏိုင္ငံတကာဆက္ဆံေ

ရး ပကတိအေျခအေနေပၚ စဥ္းစား ေဆာင္႐ြက္ျခင္းျဖင့္ ႏိုင္ငံ့အက်ိဳးအတြက္ ထိေရာက္စြာေဆာင္႐ြက္ၾကဖို႔နဲ႔ လုပ္င

န္းေတြေဆာင္႐ြက္ရာမွာ လြတ္လပ္စြာေတြးေခၚၿပီး ႏိုင္ငံအတြက္ ျဖစ္သင့္တဲ့ စကားမ်ိဳး၊ ျဖစ္သင့္တဲ့ အလုပ္မ်ိဳးေတြေဆာင္႐ြက္ဖို႔ လည္း

တိုက္တြန္းေျပာသြားပါတယ္။

လက္ရွိႏိုင္ငံရဲ႕ စီးပြားေရးပတ္သက္လို႔ ပို႔ကုန္ သြင္းကုန္က႑ က်ဆင္းေနေပမဲ့ နယ္စပ္ကုန္သြယ္မႈတိုးတက္ေနတာေၾကာင့္ နယ္စပ္ကုန္သြ

ယ္ေးဂိတ္ေတြကို ပုံမွန္ကုန္သြယ္ေရး Normal Trade ပုံစံ ေရာက္ရွိ ေအာင္ ေဆာင္႐ြက္သြားမယ္လို႔လည္း ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါကူးစက္မႈႏႈန္းက်ဆင္းမႈေၾကာင့္ ႐ုံးေတြ ႏွစ္ပတ္တက္ႏွစ္ပတ္နားစနစ္နဲ႔ ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္း၊ ေရာဂါကူး

စက္မႈရာခိုင္ႏႈန္း ၅ ရာခိုင္ႏႈန္းေအာက္ေရာက္ရွိမွသာ စိတ္ခ်ရတဲ့အေျခ အေနျဖစ္လို႔ စာသင္ေက်ာင္းေတြ ေအာက္တိုဘာလ ၂၄ ရ

က္အထိ ပိတ္ထားမွာ ျဖစ္ၿပီး တ႐ုတ္ကလႉတဲ့ စီႏိုဗက္ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ၂ သန္းကို အသက္ ၁၂ ႏွစ္နဲ႔ အထက္ ေက်ာင္း

သား၊ ေက်ာင္းသူေတြကို ထိုးႏွံေပးမယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ယခုအခါ တစ္ရက္ လွ်င္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ၃ သိန္းခန႔္ထိုးႏွံေပးေနၿပီး၊ ကိုဗစ္-၁၉ ေရာဂါကာကြ

ယ္ေဆး အလုံးေရ ၁၅ သန္း ၆ သိန္းရရွိထားကာ စက္တင္ဘာ ၂၄ ရက္ မနက္အထိ ၉၇၄၆၅၄၇ ဦးထိုးႏွံၿပီးၿပီလို႔သိရပါတယ္။

ကာကြယ္ေဆးႏွစ္ႀကိမ္အျပည့္ ထိုးႏွံၿပီးသူ ၃၅၈၅၉၀၆ ဦး၊ တစ္ႀကိမ္ထိုးႏွံၿပီးသူ ၂၅၇၄၇၃၅ ဦး ရွိၿပီျဖစ္ေၾကာင္း၊ ေအာက္တို

ဘာလမွာ ကာကြယ္ေဆးအလုံးေရ ၁၀ သန္း ေရာက္ရွိမွာျဖစ္လို႔ စဥ္ဆက္မျပတ္ ဆက္လက္ ထိုးႏွံေပးသြားမယ္လို႔လည္း သိရပါတယ္။

DVB

Unicode

ဒီမိုကရေစီနည်းလမ်းမကျတဲ့ လက်နက်ဖြင့်အနိုင်ကျင့်ပြီး လူထုအား အကြောက်တရားနဲ့ အုပ်ချုပ်တာမျိုးကို မလိုလားကြောင်းနဲ့

တပ်မတော်အနေနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာအရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သာ

ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း

အောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောသွားတာပါ။

မိမိတို့အနေနဲ့ နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ

စနစ်၊ ဝင်ငွေကောင်း မွန်မှု၊ အလုပ်အကိုင်ရရှိမှု၊ ရောဂါကင်းစင်မှု၊ ရာသီအလိုက် ပွဲလမ်းသဘင်တွေနဲ့ ပျော်ရွှင်မှုတွေရှိရမှာ ဖြစ်လို့မျှော်မှန်း

ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ ကြိုးစားဆောင်ရွက် မယ်ဆိုပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေမှာ အလယ်အလတ် အဆင့်

သို့ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ရောက်ရှိနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန်မှစပြီး အခုအချိန်အထိ ရာနှုန်းပြည့် ငြိမ်းချမ်းမှုမရရှိသေး

ကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဒီမိုကရေစီရဲ့ အခြေအနေ ကို

နားလည်ဖို့နဲ့ နိုင်ငံရဲ့ ပကတိအခြေအနေအား နားလည်ဖို့လိုအပ်ကြောင်းလည်း ဒီမိုကရေစီသဘောတရားတွေကို အာဏာသိမ်းစစ်

ခေါင်းဆောင်က စစ်ကောင်စီဝင်တွေကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ကောင်စီဝင်တွေအနေနဲ့ နိုင်ငံရေးအရပကတိ အခြေအနေ၊ စီပွားရေးအရပကတိ အခြေအနေ၊ နိုင်ငံတကာဆက်ဆံရေး ပကတိ

အခြေအနေပေါ် စဉ်းစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးအတွက် ထိရောက်စွာဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ

လွတ်လပ်စွာတွေးခေါ်ပြီး နိုင်ငံအတွက် ဖြစ်သင့်တဲ့ စကားမျိုး၊ ဖြစ်သင့်တဲ့ အလုပ်မျိုးတွေဆောင်ရွက်ဖို့ လည်း တိုက်တွန်းပြောသွားပါတယ်။

လက်ရှိနိုင်ငံရဲ့ စီးပွားရေးပတ်သက်လို့ ပို့ကုန် သွင်းကုန်ကဏ္ဍ ကျဆင်းနေပေမဲ့ နယ်စပ်ကုန်သွယ်မှုတိုးတက်နေတာကြောင့် နယ်စပ်

ကုန်သွယ်ရေးဂိတ်တွေကို ပုံမှန်ကုန်သွယ်ရေး Normal Trade ပုံစံ ရောက်ရှိ အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းကျဆင်းမှုကြောင့် ရုံးတွေ နှစ်ပတ်တက်နှစ်ပတ်နားစနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ရောဂါကူးစက်မှု

ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်ရှိမှသာ စိတ်ချရတဲ့အခြေ အနေဖြစ်လို့ စာသင်ကျောင်းတွေ အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်

ထားမှာ ဖြစ်ပြီး တရုတ်ကလှူတဲ့ စီနိုဗက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ သန်းကို အသက် ၁၂ နှစ်နဲ့ အထက် ကျောင်းသား၊ ကျောင်းသူ

တွေကို ထိုးနှံပေးမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ယခုအခါ တစ်ရက် လျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃ သိန်းခန့်ထိုးနှံပေးနေပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး

အလုံးရေ ၁၅ သန်း ၆ သိန်းရရှိထားကာ စက်တင်ဘာ ၂၄ ရက် မနက်အထိ ၉၇၄၆၅၄၇ ဦးထိုးနှံပြီးပြီလို့သိရပါတယ်။

ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၃၅၈၅၉၀၆ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၂၅၇၄၇၃၅ ဦး ရှိပြီဖြစ်ကြောင်း၊ အောက်တိုဘာလမှာ

ကာကွယ်ဆေးအလုံးရေ ၁၀ သန်း ရောက်ရှိမှာဖြစ်လို့ စဉ်ဆက်မပြတ် ဆက်လက် ထိုးနှံ ပေးသွားမယ်လို့လည်း သိရပါတယ်။
DVB