ပြည်တွင်းသတင်း

ကိုဗစ်လူနာတွေအတွက် သွေးရည်ကြည် ထပ်မံလှူဒါန်းခဲ့တဲ့ အဆိုတော်မျိုးကြီး

အဆိုတော်မျိုးကြီးကတော့ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါစတင်ဖြစ်ပွားတဲ့အချိန်က ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်ပြီး အနုပညာအလုပ်တချို့ကို တောင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အဆိုတော်မျိုးကြီးကတော့ COVID -19 ရောဂါ ပျောက်ကင်းသွားတဲ့အတွက် လိုအပ် တဲ့သွေးရည်ကြည်ကုထုံးကိုကုသပေးနိုင်ဖို့ တတိယအကြိမ်အဖြစ်သွေးလှူဒါန်း ခဲ့တာဖြစ်ပါတယ်။သူ့လိုမျိုးကိုဗစ် ၁၉ ရောဂါပိုးပျောက်ကင်းသွားတဲ့ သူတွေကိုလည်း အခုလိုသွေး လှူဒါန်းကြဖို့ကို အဆိုတော်မျိုးကြီးက တိုက်တွန်း ခဲ့ပါသေးတယ်။