နိုင္ငံတကာသတင္း

ဂျပန်နိုင်ငံဟာတခြားနိုင်ငံများနှင့် မတူကြောင်းပြသနေသော အရာများ

သင်ဂျပန်နိုင်ငံကိုရောက်ဖူးပါသလား။ဒါဆိုရင် ဂျပန်နိုင်ငံဟာ အခြားနိုင်ငံတွေနှင့် ဘယ်လောက်ကွာခြားလဲဆိုတာ သဘောပေါက်မိမှာပါ။

တခြားနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ ကွာခြားချက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။

(၁) ဂျပန်နိုင်ငံရှိ လက်ဖက်ရည်ဆိုင် ကော်ဖီဆိုင်များတွင် မကျန်းမာ မသန်စွမ်းဖြစ်သူများအတွက် အလုပ်ရရှိရန် စက်ရုပ်စားပွဲထိုးများကို

ထိန်းချုပ်ပေးပြီးအလုပ်လုပ်လို့ရပါတယ်။


credit orylab
(၂) ဂျပန်နိုင်ငံရှိသစ်ပင်ကြီးတစ်ပင်ကိုလမ်းဖောက်ဖို့အတွက် မခုတ်ပစ်ပဲ နေရာပြောင်းရွှေ့စိုက်ပျိုးခဲ့ကြပါတယ်။


credit AristonD
(၃) ဒါဟာ ဆန်စပါးလယ်ကွက်ကြီးဖြစ်ပါတယ်။ဂျပန်နိုင်ငံရှိတောင်သူလယ်သမားများဟာ ဆန်စပါးမျိုးစိတ် အမျိုးမျိုးကို အနုပညာဆန်

ဆန်စိုက်ပျိုးကြပါတယ်။


credit CYBERSson

(၄) ဂျပန်နိုင်ငံ ၊Moominvalleyဥယျာဉ် ရှိ ထီးအကြည်များဟာ နေရောင်ခြည်ကြောင့် အရောင်စုံလင်စွာ လမ်းတစ်လျောက်လှပနေပါတယ်။


credit wakaponpoco

(၅) ကျိုတိုမြို့ ငါးပြတိုက်ရှိ ပင်ဂွင်းမျိုးဆက်ပြ ပုံဂရပ်။


credit OliverJia1014

(၆) ၂၀၁၁တွင် ဂျပန်နိုင်ငံ၌ ဖြစ်ပွားခဲ့တဲ့ ဆူနာမီနှင့်ငလျင်ဒဏ်များကြားတွင် ခိုင်ခံစွာ ကျန်ရှိနေခဲ့တဲ့ တယ်လီဖုန်းရုံ။


credit-Successful_Donut_928

(၇) ဂျပန်နိုင်ငံရှိ မီးရထား လမ်းကြောင်းများ၌ လိပ်များ မသေဆုံးရန် နှင့် ရထားနှောင့်နှေးခြင်း ကိုရှောင်ရှားရန် လိပ်များအတွက် အထူးပြု

လုပ်ပေးထားတဲ့ လမ်းများရှိပါတယ်။


credit -UnironicThatcherite

(၈) ဂျပန်နိုင်ငံ၌ ဟီရိုရှီးမား ဗုံးဒဏ်မှ လွှတ်မြောက်ခဲ့တဲ့ နှစ်ပေါင်း၄၀၀ သက်တမ်းရှိ Bonsaiသစ်ပင်အိုကြီး။


credit-NazmulHossainRana

(၉) ဂျပန်နိုင်ငံ ရှိ အိမ်သာအများစုတွင် ရေများချွေတာသံုးစွဲနိုင်ရန် လက်ဆေးကြောသည့်ရေကို အိမ်သာအတွက်ပြန်လည်သုံးနိုင်ဖို့ ပြုလုပ်

ထားပါတယ်။


credit-Dea_seven_nine

(၁၀) Daisugiလို့‌ခေါ်တဲ့ သစ်ပင်များကို မခုတ်လှဲစေပဲ သစ်ထုတ်လုပ်ခြင်းပြုလုပ်တဲ့ ၁၄ရာစုက ဂျပန်နိုင်ငံတွင်သုံးခဲ့တဲ့ရှေးဟောင်း

နည်းစနစ်တစ်ခုရှိပါတယ်။


credit-TerminustheInfernal

(၁၁) ဂျပန်နိုင်ငံ ဆေးရုံ၌ ကျွေးသော အစားစာများ။


credit-cvltivar

(၁၂) ဂျပန်အင်ဂျင်နီယာများဟာ Fukuokaမြို့ရှိ လမ်းကျွံ့အပေါက်ကြီးကို ၂ရက်အတွင်း၌ပြုပြင်နိုင်ခဲ့ပါတယ်။


credit-boredpanda.com

(၁၃) ဂျပန်နိုင်ငံ ကျိုတိုမြို့၏ အချို့နေရာများမှာ ခွေးလေးတစ်ကောင်နဲ့ ဒီလိုပုံစံလူရှိတတ်ပါတယ်။ သူဟာ ပုလွေကို မှုတ်နေပြီး သူ့ခွေး

လေးက ချစ်စရာကောင်းပါတယ်။ ဒါဟာ သူတို့ရဲ့ ၀င်ငွေရရှိတဲ့ အလုပ်ပုံစံပဲဖြစ်ပါတယ်။


credit-BeardedGlass

(၁၄) ၁၇၅၁ခုနစ်တွင် ဂျပန်နိုင်ငံ၌မွေးဖွားခဲ့ပြီး ၁၉၇၇ခုနစ် ဇူလိုင်လတွင်သေဆုံးခဲ့တဲ့ Koi Hanakoငါးဟာ အသက်၂၂၆နှစ် သက်တမ်းရှိခဲ့

ပြီး မှတ်တမ်းတင်ဖူးသမျှတွင် ရှေးအကျဆုံး Koiငါးတစ်ကောင်ဖြစ်ပါတယ်။


credit-monsieurbabadook

(၁၅) ဂျပန်နိုင်ငံရှိဒီရထားမှတ်တိုင်တစ်ခုဟာ ဝင်ပေါက်လည်းမရှိသလိုထွက်ပေါက်လည်းမရှိပါဘူး။ဒါပေမယ့်ခရီးသည်တွေဟာထိုနေရာမှာ

ရထားကိုရပ်တန့်ကာသဘာဝအလှများကိုရှုစားနိုင်ခွင့်ရှိပါတယ်။


credit-H1ggyBowson

(၁၆) ဂျပန်နိုင်ငံရှိရထားထိုင်ခုံများဟာ သဘာဝရှုခင်းတွေကိုခံစားနိုင်ဖို့ ပြတင်းပေါက်ဘက်ကိုမျက်နှာမူထားပါတယ်။


credit-Nazulle