အဲလက်စ်ကတော့ ဂီတလောကမှာ နာမည်တစ်ခုရရှိထားသူဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူတစ်ဦးပါ သမီးဖြစ်သူ Dora Alex ကတော့ လက်ရှိ ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်လျှက်ရှိတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေကိုပါ တွဲဖက် လုပ်ကိုငိနေတာပါ
ယခုရက်ပိုင်းမှာတော့ ဒိုရာအဲလက်စ်ဟာ ကိုဗစ်ရောဂါခံစားနေရတဲ့အြေ ကာင်းပြောကြားလာခဲ့တာဖြစ်ပြီး အဲလက်စ်က ဒီအကြောင်းနဲ့ပတ်သတ်ပြီး အခုလို ပြောကြားလာခဲ့တာဖြစ်ပါတယ်
“သူကသိပ်နေလို့မကောင်းဘူးအဖေဆိုပြီးတော့ ပြောတယ် တရက်နှစ်ရက်နေတော့ သူတို့ဆရာက Positive ဖြစ်နေတယ်တဲ့ အဲ့ဒါနဲ့ သူက Quarentine ဝင်ရတယ် ဆရာနဲ့ထိတွေ့တဲ့သူဆိုပြီးတော့ ကိုဗစ်ကိုစစ်တာပေါ့ စစ်တော့ ၂ ရက်လောက်ေ နတော့ အဖြေရတယ် Positive လှမ်းပြောတယ်
သူ့ကျောင်းကနေပြီးတော့ သူ့ကို သက်သက်အခန်းခွဲရတယ် သူတစ်ယောက်တည်းပေါ့ စိတ်တော့ပူရတာပေါ့ သူပြန်သွားတာ တလကျော်ကျော်လောက်ပဲရှိအုန်းမယ်ထင်တယ် မသွားခင်တည်းက သူသေချာစဉ်းစားပြီးမှ သွားတာပေါ့
ဒီမှာနေရင်လည်း ကိုဗစ်က ကူးနိုင်နေတာပဲ ဟိုမှာလည်းကူးနိုင်တာပဲ Chance က ၅၀ ၅၀ ပဲ တကယ်လို့ တခုခု ဖြစ်ပြီဆိုရင်လည်း ကျွန်တော်တို့မှ လိုက်သွားလို့မရတာ တစ်ယောက်တည်းခေါ်သွားမှာပဲ ဟိုမှာလည်းဒီလိုပဲဖြစ် မယ်ပေါ့
ဒီဗိုင်းရပ်စ်ကလည်း အခုကာကွယ်ဆေးတွေဘာတွေရတော့မယ်ဆိုပေမယ့်လည်း တကယ်လို့ အဲ့ဒါတစ်ခုရပြီးနောက်တမျိုးထပ်ထွက်လာရင် ဘယ်လိုလုပ်မလဲပေါ့ အဲ့လိုမျိုးစဉ်းစားမိတော့ ကျောင်းကိုလည်း သူမရပ်ထားချင်ဘူး ဒီလိုပဲနေရမှာပဲလို့ သူ့ဟာသူ ဆုံြး ဖတ်ပြီးသွားတာပါ
ရောဂါလဏ္ခဏာတွေကတော့ တခါတလေကျရင်လည်း မလန်းဘူးပေါ့ စိတ်ညစ်လိုက်တာပေါ့ နှာခေါင်းပိတ်တယ် အရသာနဲ့ အနံ့ နဲ့ကတော့ လုံးဝမရဘူး ဖြစ်ခဲ့ဘူးတဲ့သူတွေကလည်း သူ့ကို ဝိုင်းပြောပေးကြပါတယ် ဘယ်လိုနေရမယ် ထိုင်ရမယ်ဆိုတာပေါ့ နော က်သူ့ကြီးကြီးဆရာဝန်နဲ့လည်း အမြဲတမ်းစကားပြောတယ်
ကျောင်းကဂရုစိုက်ပါတယ် တော်တော်လေးလည်းကောင်းတယ် ကျောင်းကသေသေချာချာလည်းကျွေးတယ် တခါကျွေးရင်အမျိုး ၂၀ လောက်ရှိတယ် ကောင်းကောင်းစားဖို့လည်းမှာတယ် သူစားရသောက်ရတာ ဆေးခန်းပြရတာကတော့ အရမ်းကြီးစိတ် မပူရပါဘူး
သမီးလေးကိုအမြဲတမ်းပြောနေကြစကားရှိတယ်.. သမီးကလုပ်နို င်ပါတယ်..You Can Do It ဆိုတဲ့စကားပေါ့..အခုလည်းသမီးလေးကျော်လွှားနိုင်မှာပါ လို့ အဲလက်စ်ကပြောလာခဲ့တာပဲဖြစ်ပါတယ်
အဲလက်စ်ကတော့ သမီးဖြစ်သူ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အကြောင်း ပြောပြလာ ခဲ့တာပဲဖြစ်ပါတယ်နော် ဒိုရာအဲလက်စ်တစ်ယောက် အမြန်ဆုံးသက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်