ဘရာဇီးနိုင်ငံက ကားအရောင်းပြခန်းတစ်ခုမှာ ထူးခြားတဲ့အရောင်းဝန်ထမ်းသစ်လေးရှိပါတယ်။ အဲဒီဝန်ထမ်း သစ်လေးကတော့ အသက်တစ်နှစ်အရွယ်ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။ ခွေလေးရဲ့နာမည်ကတော့ Tucson Prime လို့ခေါ်ဝေါ်ပါတယ်။
Image Credit: Instagram
ဘရာဇီးနိုင်ငံ၊ Espirito Santo မှာရှိတဲ့ Hyundai showroom တစ်ခုမှာ ခွေးလေး Tucson Prime ကို ဝန်ထမ်းသစ်အဖြစ် ဝန်ထမ်းကတ် အကျအနပြုလုပ်ပြီး ခန့်အပ်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Tucson Prime လေးနဲ့ အခုလို ကားအရောင်းပြခန်းဝန်ထမ်းလေး ဖြစ်လာရတဲ့ ဇာတ်လမ်းလေးဟာ အင်တာနက်သုံးစွဲသူတွေ ကြားမှာ ရေပန်းစားလာခဲ့ပါတယ်။
Image Credit: Instagram
Tucson လေးဟာ အရင်တုန်းက အဲဒီကားအရောင်းပြခန်းဝန်းကျင်မှာ ကျင်လည်ကျက်စားလေ့ရှိတဲ့ လမ်းဘေး ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ showroom မှာရှိတဲ့ ဝန်ထမ်းတွေဟာ သိတတ်လိမ္မာတဲ့ခွေးလေးကို အစာ ကျွေးရင်း ကစားရင်းနဲ့ တဖြည်းဖြည်း မိတ်ဆွေရင်းတွေလို မိသားစုဝင်တွေလို ရင်းနှီးလာပါတယ်။
Image Credit: Instagram
အဲဒီလိုနဲ့ Tucson လေးဟာ ဝန်ထမ်းတစ်ဦးသဖွယ်ဖြစ်လာခဲ့ပြီး သူ့အတွက်ဝန်ထမ်းကတ်လေးတောင် သီးသန့်လုပ်ပေးခဲ့ကြပါတယ်။ အခုဆိုရင်တော့သူဟာ အဲဒီကားအရောင်းပြခန်းရဲ့ ဂုဏ်ထူးဆောင်အရောင်းဝန်ထမ်းလေးတစ်ဦး ဖြစ်နေပါပြီ။
Image Credit: Instagram
ကားအရောင်းပြခန်းမှာ ဝန်ထမ်းအဖြစ်ခန့်အပ်ခံထားရတဲ့ ခွေးလေးရဲ့ဇာတ်လမ်းဟာ အခုနှစ်၊ မေလလောက် တုန်းက Twitter မှာတင်ပြီး လူသိများသွားခဲ့တာဖြစ်ပါတယ်။ ခွေးလေး Tucson Prime ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်နေ့က အဲဒီ showroom outlet ကနေ မွေးစားခဲ့တယ်လို့လည်း သိရပါတယ်။
Image Credit: Instagram
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ အဲဒီ showroom က Instagram မှာ Tucson လေးအကြောင်း ပို့စ်တစ်ခု တင်လိုက်ရာကစလို့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှုပိုမိုမြင့်တက်လာခဲ့ပါတယ်။ အဲဒီ Intagram ပို့စ်မှာ Tucson လေးကို showroom ရဲ့မိသားစုဝင်တစ်ယောက်အဖြစ် ညွှန်းဆိုရေးသားထားပါ တယ်။
Katie Scarlett
We Media
Source: The Economic Times, NDTV
Original Link: https://www.ndtv.com/offbeat/viral-hyundai-showroom-adopts-street-dog-in-brazil-makes-him-car-salesman-2273869