ပြည်တွင်းသတင်း

ကိုဗစ်ရောဂါပြင်း ထန်သူတွေ များနေပြီး ပြည်သူ တွေ လုံးဝ(လုံးဝ) မပေါ့ကြပါနဲ့ လို့ ဒေါက်တာဇော်ဝေစိုး သတိပေးပြီ

ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “ပြည်သူတွေ လုံးဝ လုံးဝ မပေါ့ပါနဲ့။ ကိုဗစ်ကို အသာစီးရရှိပြီး ရောဂါကူးစက်နှုန်းကျဆင်းလာတယ်လို့ ပြောဖို့ ခက်ပါသေးတယ်။

စောပါသေးတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ Social distancing နဲ့ Mask တပ်ခြင်း ၊ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းလိုက်နာခြင်းဟာ သိပ်ကို အရေးကြီးပါတယ်။

နေတာထိုင်တာ အစားစားတာ အိမ်မှာ မိသားစုနဲ့ နေတာထိုင်တာ ကအစအရေးကြီးပါတယ်။

လုံးဝ လုံးဝ ပေါ့လို့မရပါဘူး။ကျွန်တော့်တို့အနေ အထား ဒီအချိန်မှာ ပိုမို အာရုံစိုက်ဖို့လိုပါတယ်။ ပိုမိုတင်းကျပ်ပြီး လိုက်နာဖို့လိုပါတယ်။

လိုအပ်ချက်အရ အပြောင်းအလဲ နဲ့ ကုန်စည်စီးဆင်းမှုအရ အရောင် းအဝယ်တို့အ တွက် ပြုပြင်ပြောင် းလဲမှုတွေ ဆောင်ရွက် နေတဲ့အချိန်မှာ တစ်ဘက်ကလည်း ပိုမိုပြီး စည်းက

မ်းတင်းကျပ် လိုက်နာမှုတွေ လိုအပ်ပါတယ်။

ပြည်သူလူထု တစ်ဦးချင်းတစ်ယောက်ချင်းစီအနေနဲ့ ပိုမိုအာရုံစိုက်ပြီး တော့ မကူးစက်အောင် နေထိုင်သွားလာဖို့ ဒီနေရာကနေ အထူး အလေးအနက်ထားပြီးတော့ သတိပေး လိုပါတယ်” လို့ ‌အောက်တိုဘာ ၁၆ ရက်နေ့အတွက်ရန်ကုန်ကိုဗစ်အခြေအနေကြောင်း ပြောကြားသည့် အစီအစဉ်တွင် ထည့်သွင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

ယင်းအပြင် ဒေါက်တာဇော်ဝေစိုးက “ရောဂါ လက္ခဏာပြရင် မြို့နယ်ဆေးရုံတွေနဲ့ ဆေးရုံကြီးတွေမှာ သွား ရောက် ပြသလို့ရတယ်။ အဲဒီဆေးရုံတွေမှာ Facility အပြည့်အစုံရှိပါတယ်။ သွားရေ ာက် ပြသရင် စစ်ဆေးမှုတွေ ကုသမှုတွေ လုပ်ပေးနိုင်အောင် ပြင်ဆင်ထားတယ်။ အဲဒီကနေမှ စင်တာတွေကို ပို့ဆောင်ကုသတာ ဖြစ်ပါတယ်။

စင်တာတွေကို တိုက်ရိုက်သွားရောက် ပြသလို့မရပါဘူး။ ရောဂါလက္ခဏာ ပြင်းထန်သူအရေအတွက်က များပြားလျက်ရှိပါတယ်။ ရောဂါလက္ခဏာရှိသူတွေဟာ ဆေးရုံ ကို ရောက်တာ နောက်ကျတာ တွေ့ရှိရတယ်” လို့လည်း ထည့်သွင်းပြောကြားခဲ့ ပါတယ်။