အနုပညာသတင္း

လွန်ခဲ့သော ၃၃နှစ်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားကို ပြန်လည် ပြောကြား ပေးလိုက်တဲ့ သရုပ်ဆောင်သက် မွန် မြင့်

Zawgyi

သရုပ်ဆောင် သက်မွန်မြင့်ကတော့အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့အကယ်ဒမီ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

သက်မွန်မြင့်ကတော်လှန်ရေးကြီးမှာလဲနေထိလို့မရတဲ့ ရောဂါရှိနေပေမယ့်လဲလမ်းထွက်ကာ ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှု တွေမှာပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ပေမယ့်လဲ သူမတတ်နိုင်တဲ့ ဘက်ကနေ ပါဝင် တော်လှန်နေပါတယ်။

ယခုတစ်ခါ ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားတဲ့ စကားတစ်ချို့ကို သက်မွန်မြင့်က ပြန်လည်ရေးသား ဖော်ပြထားပါတယ်။ သက်မွန်မြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၇ရက်၉လ၁၉၈၈ လွန်ခဲ့သော၃၃နှစ်ကပြောခဲ့တာ ပြည်သူဘက်က အားကြီးနေပါပြီ ဒီအားကို စနစ်တကျ သုံးဖို့ပဲလိုပါတော့တယ် ကျွန်မက အဲ့တာကိုပိုပြီး အရေးထားပါတယ်

အားကတော့ကြီးပါရဲ့ အဲ့ဒီအားကို မထိန်းနိုင်ရင်ပေါက်ကွဲသွားရင် ပြည်သူကိုပြန်ထိမယ် ပြီးတော့ ဘယ်လောက်ကြာကြာ ရုန်းကန်ရဦးမယ်ဆိုတာလဲ မသိနိုင်သေးဘူး အားမွေးထားပြီး စနစ်တကျ လုပ်သွားသင့်တယ်လို့ ကျွန်မထင်ပါတယ် ပြည်သူတွေ ခြေကုန်လက်ပမ်းကျသွားမှာ ကျွန်မစိုးရိမ်တယ်အခုတောင် ကျွန်မတို့ အတော်ပင်ပန်းနေကြပါပြီbဆိုပြီးတော့ ပြောကြားထားပါတယ်။

နောက်ပြီးတော့ ပြည်သူ့ ဆ န္ဒ မြန်မြန်ပြည့်ဝမှ တိုင်းပြည်သက်သာမယ် ကြာလေတိုင်းပြည်နာလေပဲ ဖယ်မပေးရင် ဖယ်ပေးအောင်ပြည်သူလူထုက လုပ်ရမှာပေါ့ပြည်သူလူထုမှာ အင်အားရှိနေပြီပဲကျွန်မရဲ့ သဘောကတော့ ပြည်သူလူထုဟာ လိုအပ်လို့ ဝုန်းခနဲထလုပ်စရာရှိရင် အသင့်အနေအထားမှာရှိရမယ် ရုတ်တရက် ရပ်လိုက်မယ်ဆိုရင်လဲ

ရပ်လို့ရတဲ့ ထိန်းချုပ်နိုင်တဲ့စွမ်းအား ရှိဖို့လိုပါတယ် ရှိလဲရှိစေချင်ပါတယ် သွေးပူတုန်း လုပ်တာစစ်မှန်တဲ့တကယ့် သတ္တိမဟုတ်ဘူး သွေးအေးအေးနဲ့လုပ်မှ တကယ့်သတ္တိပါ တခြားအသုံးကျတဲ့ သူတွေရှိပါတယ် ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး ဒီတစ်ယောက်တည်းရှိမှ ဖြစ်မယ်ဆိုတဲ့ အဖြစ်မျိုး မဖြစ်စေချင်ပါဘူး ပြည်သူတွေ စည်းကမ်းရှိဖို့ အရေးကြီးပါတယ်

ဒါကြောင့် စည်းကမ်းရှိဖို့ ကျွန်မဆက်လက် နှိုးဆော်မယ် စည်းကမ်းရှိတယ် ဆိုတာတကယ်တော့ ဒီမိုကရေစီပါပဲ ဆိုပြီးတော့ သက်မွန်မြင့်က တစ်ဖန်ရေးသား ဖော်ပြထားပါတယ်။

Unicode

crd