News

မျက်ခုံးမွှေးမရှိတဲ့သူတွေအတွက် ထူထဲနက်မှောင်လာစေမယ့် သဘာဝနည်းလမ်းများ

မျက်ခုံးမွှေး က လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပိုထင်ရှားစေနိုင်တဲ့ အစွမ်းရှိ တာကြောင့် မျက်ခုံးမွှေးမလှရင် အလှ အပက

မပြည့်စုံဘူးလို့ပြောရမှာပဲဖြစ်ပါတယ် ။ဒါကြောင့် ပျိုမေတို့ မျက်နှာအလှကို ပေါ်လွင်ထင်ရှားစေမယ့် သဘာဝနည်းလ

မ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


မျက်ခုံးမွှေးလေးတွေ ထူထဲလှပ လာအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ။

သဘာဝနည်း လမ်းလေးတွေဖြစ်တာမို့ အသားအရေလည်း မပျက်စီးစေတာကြောင့် စိတ်ချလက်ချ လိုက်လုပ်နိုင် ပါတယ်နော်


(၁) ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ်ကို ယူပြီး မျက်ခုံးမွှေးတလျှောက် လိမ်းပေးကာ (၃) မိနစ်လောက် နှိပ်နယ်ပေးရပါမယ် ။ ပြီးရင် မိနစ်နှ

စ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ ။ ဒါလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ထူထဲလှပတဲ့ မျက်ခုံးလေးကို ရ

လာမှာပဲဖြစ်ပါတယ်


( ၂ ) Vaseline

ညအိပ်ရာဝင်ခါနီးမှာ မျက်ခုံးတလျှောက် Vaseline ကို ပါးပါးလေးလိမ်းပေးပြီး တစ်ညလုံးထားလိုက်ပါ ။ မနက်ရောက်မှ ရေနွေးလေးနဲ့ပြ

န်ဆေးပေးလိုက်ရုံပါပဲ။ ညတိုင်းလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း မျက်ခုံးမွှေးလေးတွေထူထဲလှပလာမှာပဲဖြစ်ပါတယ် ။


(၃) ကြက်ဥအနှစ်

ကြက်ဥတစ်လုံးကို ယူပြီး အကာကို ဖယ်ပါ ။ကျန်ခဲ့တဲ့ အနှစ်ကို ကြေသွားအောင် ခေါက်လိုက်ပြီး ဘရပ်ရှ်လေးနဲ့ယူကာမျက်ခုံးမွေး

တလျှောက် လိမ်းပေးလိုက်ပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေနွေးလေးနဲ့ပြန်ဆေးပေးရပါတယ်။ နေ့တိုင်းဒီလိုလေးလု

ပ်ပေးမယ်ဆိုရင် ဆယ်ရက်လောက်ကြာရင် မျက်ခုံးမွှေးလေးတွေ သိသိသာသာထူလာတာကိုတွေ့ရမှာပါ ။


(၄) နှမ်းဆီ၊ အုန်းဆီ၊ သံလွင်ဆီ

နှမ်းဆီ၊ အုန်းဆီနဲ့သံလွင်ဆီထဲက ကြိုက်ရာ တစ်မျိုးကိုမျက်ခုံးမှာလိမ်းပြီး မိနစ်အနည်းငယ်လောက် ဖွဖွလေးနှိပ်နယ်ပေးပြီး တစ်ညလုံး

ထားလိုက်ပါ ။မနက်ရောက်မှ မျက်နှာသစ်ပေးလိုက်ရုံပါ ။ နှမ်းဆီ၊အုန်းဆီ နဲ့သံလွင်ဆီသုံးမျိုးလုံးက မျက်ခုံးမွှေးတွေကိုထူထဲသန်

မာစေလို့ ကြိုက်တဲ့ဆီတစ်မျိုးကို သုံးလို့ရပါတယ်။


(၅) ကြက်သွန်နီ

ကြက်သွန်နီတစ်ခြမ်းကို ကြေညက်နေအောင်ချေရပါမယ် ။ဘရပ်ရှ်အသေးလေးနဲ့ တို့ယူပြီး မျက်ခုံးမွေးတလျှောက် လိမ်းပေး

လိုက်ပါ ။တစ်နာရီလောက်ထားပြီးရင် ဂွမ်းစလေးမှာ သံပရိုရည်ဆွတ်ပြီး မျက်ခုံးမွှေးက ကြက်သွန်နီတွေကို ဖယ်ရှားပေးလိုက်ပါ ဒီနည်းက မျ

က်ခုံးမွှေးတွေ ထူထဲလာဖို့ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်နော် ။

crd