ပြည်တွင်းသတင်း

ပြည်သူတွေကို နိုင်ငံတော်မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား

ပြည်သူတွေကို နိုင်ငံတော်မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်ထည့်သွင်း ပြောကြား လိုက်တာ ဖြစ်ပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့်ခွန်းမှ ကောက်နုတ်ချက်အချို့ကို ဖော်ပြ လိုက်ပါတယ်။
– Stay At Home မြို့နယ်တွေရဲ့သတ်မှတ်ချက်တွေက မပြီးသေးပါဘူး။ စီးပွားရေးအရ စက်ရုံတွေ ဖွင့်ထားပေမယ့် Stay Home က မပြီးသေးပါဘူး။ သည်းခံပြီးနေပေးကြပါအုံး။ ရန်ကုန်မှာ စပြီးတော့ ထိန်းနိုင်ပြီ။ ထိန်းနိုင်ပြီဆိုတာက အမြင့်ဆုံးအခြေအနေကနေ ကျဆင်း လာတာပါ။ သို့သော် တက်လိုက် ကျလိုက် ရှိနေပါတယ်။ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ဖို့ လုပ်ရအုံးမယ်။ ရန်ကုန်၊ ပဲခူး၊ ရခိုင် နဲ့ မန္တလေးတို့မှာ ပိုးတွေ့မှုတွေ များနေသေးတယ်။ စီးပွားရေးအရ ပြည်သူတွေကို နိုင်ငံတော်က နောက်တစ်ချိန်ထပ်မံ ထောက်ပံ့ဖို့ စီစဉ်နေတယ်။ တတ်နိုင်သမျှ အမြန်ဆုံးလုပ်သွားမယ်။
ကိုဗစ်နဲ့ပတ်သက်ပြီးကျန်းမာရေးဝန်ကြီးဌာနကို မေးပါ။ ကြိုတင်မဲပေးတဲ့ ပြည်သူတွေကို ကျေးဇူတင်တယ်။ ၈ ရက်နေ့မှာ မဲပေးကြပါ။ ကြိုတင်မဲပေးလို့ရတဲ့သူတွေကလည်း မဲပေးပါ

– ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတွေကလည်း ကိုဗစ်စည်းကမ်းတွေကို သတိပြုပြီး ဝန်းရံကြပါ။ ရောဂါကပ်ကြီးကို ကျော်အောင် အရင်ဆုံးလုပ်ရမယ်။ ကျန်းမာအောင်နေကြပါ။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ Mask တွေတပ်ပါ။ လူစုလူဝေးကို ရှောင်ပါ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေကို Mask တပ်ဖို့ ပြောပါ။ လက်ဆေးဖို့ပြောပါ။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကို ထပ်တလဲလဲ ပြောရတာ ဖြစ်ပါတယ်။ ကျန်းမာအောင် နေကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။ မိန့်ခွန်းအပြည့်အစုံကို ထပ်မံဖော်ပြပေးပါမယ်။