ပြည်တွင်းသတင်း

လိုက်ပါပို့ဆောင်သူမရှိပဲ ခြောက်ကပ်လွန်းလှတဲ့ သရုပ်ဆောင်၊ အဆိုတော် ရန်ပိုင်စိုးရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တဲ့ အောင်သော်

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို လူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ Five Star အဖွဲ့က အောင်သော်ကို ပရိသတ်ကြီး အားလုံးသိပြီးသား ဖြစ်မှာပါ။ အောင်သော်က Covid ကာလကြီးမှာ ကိုယ်ကျိုးကိုမငဲ့ပဲ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာ အခုဆိုရင် (၆) လကျော် အချိန်တောင်ရှိပြီပဲ ဖြစ်ပါတယ်။ ငွေကြေးတစ်ပြားတစ်ချပ်မှမရပဲ ပရဟိတအလုပ်ကို လုပ်ကိုင်နေတဲ့ အောင်သော်ကတော့ အများအကျိုးကို ထမ်းဆောင်နေရရင်ကို ပီတိဖြစ်နေရှာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အောင်သော်က ကိုဗစ်ကြောင့် ဆုံးပါးသွားတဲ့ သရုပ်ဆောင်၊ အဆိုတော် ရန်ပိုင်စိုးရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့ကြောင်းကို “ဘဝရဲ့နေဝင်ချိန်ကိုဒီလိုသွားရမလဲလို့ ဘယ်သူမှမသိနိုင်ဘူးလေ အကိုတာတူးခေါ်အကိုရန်ပိုင်စိုးရေ ကျွန်တော်တို့ဒီတိုက်ပွဲကိုအောင်မြင်အောင်တိုက်နေပါတယ် အစ်ကိုရေ.. လိုက်ပါပို့ဆောင့်ပေးခွင့်ရတာကိုဘဲကျေးဇူးအထူးတင်ရှိပါတယ်” ဆိုပြီး ဦးရန်ပိုင်စိုးရဲ့ ခြောက်ကပ်ကပ် နောက်ဆုံးခရီးပုံရိပ်ကို ပြသလာခဲ့ပါတယ်။

သရုပ်ဆောင် အဆိုတော် ရန်ပိုင်စိုးကတော့ Covid-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာမို့ နောက်ဆုံးခရီးမှာ လိုက်ပါပို့ဆောင်သူ အနည်းအကျဉ်းသာ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဦးရန်ပိုင်စိုးတစ်ယောက် အခုဆိုရင် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနေလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Thaw ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်