ပြည်တွင်းသတင်း

မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်သွယ်မှုများ ယနေ့စတင်ပြန်လည်ဆောင်ရွက်ခွင့်ပြု

COVID-19 ဒုတိယလှိုင်းကာလအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုခေတ္တပိတ်ထားသည့် မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်အရ ယနေ့ အောက်တိုဘာ ၂၆ ရက် တွင် ကုန်သွယ်မှု ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၏ ပြောကြားချက်အရ သိရပါတယ်။

“ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်အရ ယနေ့ အောက်တိုဘာ ၂၆ ရက် ၆နာရီမှစတင်ပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် BCF Zone အချင်းချင်း ကုန်သွယ်မှု ပြန်လည်စတင်ဆောင်ရွက်လျက်ရှိပါတယ်”လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ပိုမိုရင်းနှီးနွေးထွေးစေမည့်အမှတ်(၂)  ချစ်ကြည်ရေးတံတား (မြဝတီ-မဲဆောက်) | Commerce

COVID-19 ဒုတိယလှိုင်းကာလအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုအဓိက ပြုလုပ်နေသည့် မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် အောက်တိုဘာ ၁၉ ရက်မှစတင် ယာယီပိတ်ထားခဲ့ကြောင်း သိရပါတယ်။ မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ကုန်သွယ်မှုများကို ယာယီပိတ်ထားခဲ့သော်လည်း ပြည်တော်ပြန်များ လက်ခံမှုကိုတော့ ပုံမှန်အတိုင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိတာဖြစ်ကြောင်း သိရပါတယ်။

DVB - မြန်မာထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁) ကို မတ်လ ၂၁ရက်နေ့ကစပြီး  ယာယီပိတ် - YouTube

Myanma Platform