ပြည်တွင်းသတင်း

ရွှေတိဂုံစေတီတော်အလယ်ပစ္စယံနှင့်အောက်ပစ္စယံရှိဘုန်းကြီးကျောင်း(၁၆)ကျောင်းကို We Love Yangon မှ ဆန်အပါအဝင် စားသောက်ကုန်များ လှူဒါန်း

ရွှေတိဂုံစေတီတော်အလယ်ပစ္စယံနှင့်အောက်ပစ္စယံရှိဘုန်းကြီးကျောင်း(၁၆)ကျောင်းကို We Love Yangon မှ ဆန်အပါအဝင် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

Image may contain: one or more people

ရန်ကုန်တိုင်းအတွင်း ရှိ ဘုန်းတော်ကြီးကျောင်း များသီတင်းသုံးနေထိုင်တော်မူသောသံဃာတော်အရှင် သူမြတ်များသာသနာ့နွယ်ဝင်ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်ကျောင်းများဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် အနယ်နယ်အရပ်မှအလှူရှင်များနှင့်ဆန် Exporter Co., များနှင့် လုပ်ငန်းရှင်များမှ လှူဒါန်းထားသည့် ဆန်အိတ်များကို ပါဝင်ထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်းသိရပါတယ်။

Image may contain: one or more people, people standing and indoor

ရွှေတိဂုံစေတီတော်အလယ်ပစ္စယံနှင့်အောက်ပစ္စယံရှိဘုန်းကြီးကျောင်း(၁၆)ကျောင်းများဖြစ်သည့်(၁)တန့်တော်မူအထက်ကျောင်း(၂)တန့်တော်မူအထက်ကျောင်း(၃)ရဟန္တာသိမ်တော်ကြီးကျောင်း(၄)ရွှေပိဋကတ်တိုက်ကျောင်း(၅)ဘီအိုစီကျောငိး(၆)မြိုင်ကြီးငူကျောင်း(၇)ပခုက္ကူကျောင်း(၈)အောင်ခြင်းကျောင်း(၉)မုံရွာကျောင်း(၁၀)ဒေါ်နိုင်ကျောင်း(၁၁)ဦးဘိုးလှိုင်ကျောင်း(၁၂)နိစ္စသုခစံကျောင်း(၁၃)ဖွားသဲနုကျောင်း(၁၄)မူလမင်းကွန်းကျောင်း(၁၅)အဖွားခက်ကျောင်း(၁၆)မိုးညှင်းစံကျောင်းတို့ကိုလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

Image may contain: food and indoor

Myanma Platform