ပြည်တွင်းသတင်း

ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီး(မန္တလေး)တွင် COVID-19 ရောဂါ အတည်ပြုလူနာများ ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်


Image may contain: people sitting and table


Unicode

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ပိုးတွေ့လူနာများ များပြားလာသည့်အတွက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၆၂)လမ်းနှင့် (၁၄)လမ်းထောင့်ရှိ ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီး(မန္တလေး)တွင် COVID-19 ရောဂါ Positive လူနာများ စတင်ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါဆေးရုံကြီးတွင် လူနာအရေအတွက် (၁၄၀)ကို လက်ခံထားရှိနိုင်ရန် ခုတင်နေရာများ ပြင်ဆင်ထားပြီး လူနာတစ်ဦးချင်းစီအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ကုသရေးသုံး ပစ္စည်းကိရိယာများ၊ CCTV နှင့် Wifi System များကို ပြင်ဆင်ဆောင်ရွက်ပြီဖြစ်ပြီး အောက်တိုဘာလ(၂၆)ရက်နေ့တွင် လူနာများ စတင်လက်ခံထားရှိရန် လျာထားစီစဉ်ထားကြောင်း သိရသည်။