ေဗဒင္ယၾတာ

30.9.2021 မှ 06.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

30.9.2021 မှ 06.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

အရာရာကိုမေတ္တာတရားနဲ့ဖြေရှင်းမှ အဆင်ပြေလိမ့်မယ်။ တက်နိုင်သမျှပြုံးထားပါ။ကိစ္စတော်တော်များများ အဆင်ပြေသွားပါလိမ့်မယ်။

အလုပ်ခွင်အတွင်း ချစ်လို့၊အားကိုးရလို့ နေရာပေးခံရတာတွေကြုံရတတ်ပါတယ်။ အိမ် တွင်းရေးကိစ္စတွေမှာတော့ သားသမီးကို

အကြောင်းပြုပြီး မငြိမ်းချမ်းဖွယ်ရာကိစ္စတွေကြုံနေရတတ်ပါတယ်။ အတိတ်ကာလက ပြုခဲ့တဲ့အကြောင်းတရားတွေက အကျိုးတရား

အဖြစ်အခုကာလမှာ သက်ရောက်လာဖွယ်ရှိနေပါ တယ်။

အကျဉ်းအကြပ်ထဲရောက်နေသူတွေ၊အမှုအချုပ်ထောင်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရသူတွေရှိရင် ဒီအပတ်က စပြီးငြိမ်းချမ်းမှုတွေရလာတတ်

ပါတယ်။ ငွေကြေးနဲ့ပတ်သက်သမျှကတော့ အခက်အခဲနည်းပါးပါလိမ့်မယ်။ ငွေကြေးကြပ်တည်းသူများ ကူညီမဲ့သူတွေပေါ်လာတတ်ပါ

တယ်။ စိတ်ထဲကဖြစ်ချင်တဲ့ ဆန္ဒလေးတွေတော့ပြည့်ဝ လာတတ်ပါတယ်။ငွေကြေးစီမံခန့်ခွဲမှုတွေကိုတော့ တတ်နိုင်သမျှစနစ်တကျ

ဆောင်ရွက်ဖို့လိုပါတယ်။ ကျန်းမာရေး အဆိုးသိပ်မရှိပါဘူး…အချိုရည်တွေတော့ လျှော့သောက်ပါ။

အချစ်ရေးကိစ္စတွေအဆင်ပြေစိတ်ချမ်းသာဖို့များ ပါ တယ်။ဝါကျွတ်ကာလ လက်ထပ်ဖို့စဉ်းစားထားသူတွေ တိုင်ပင်တာမျိုး၊နှီးနှောတာမျိုး

တွေစတင်ဆောင်ရွက်လို့ ကောင်းပါပြီ၊ အိမ်ထောင်ရေးမှာတော့ မိသားစုဝင်တွေကြောင့်ပဲ အိမ်ထောင်ရေးအဆင်မပြေဖြစ်နိုင်ပါတယ်။

အကျိုးပေးဂဏန်း 1/4/2အထူးဟော အေးချမ်းမှုတွေရရှိလာမည်ယတြာ အာလူးကြော်လေးဘုရားကပ်ပေးပါ

တနင်္လာ

မိမိအနေနဲ့ ကိုယ်အဆင်ပြေဖို့ဆိုတဲ့ စိတ်တစ်ခုထဲမတွေးပါနဲ့။ ဘာလုပ်လုပ်အများအတွက်ပါစဉ်းစားစေချင် ပါတယ်။ အတ္တကို ရှေ့တန်းတင်

လွန်းသူတွေဒုက္ခများနိုင်တဲ့ကာလမို့ပါပဲ။ ငွေကြေးအတွက်လဲ မသမာနည်းသုံးပြီးငွေ မရှာပါနဲ့။ လူငယ်များအပျော်လွန်ရာကနေ အပျက်ဖြစ်

ရတတ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို မိမိနဲ့အပြိုင် ပိုးနေတဲ့သူတွေရှိရင်သတိထားပါ။မိမိကိုလာရောက်ဒုက္ခပေးတတ်ပါတယ်။

အိုးအိမ်၊ခြံ၊မြေ၊တိုက်ခန်းဝယ်ယူတဲ့ကိစ္စ မျိုးတွေက ဒီကာလအတွင်းမှာအဆင်ပြေတတ်ပါတယ်။ အလုပ်တူ၊ စီးပွားတူသူတွေရဲ့ အကူအညီ

အထောက်အပံ့ တွေရလာတတ်ပါတယ်။ သားသမီးအတွက် စိတ်ချမ်းသာရတတ်သလို အရွယ်ရောက်ပြီး သားသမီးတွေရဲ့အကူအညီ တွေ

လဲ ရလွယ်နေပါလိမ့်မယ်။အဖွဲ့အစည်းနဲ့ အများနဲ့၊အသင်းအဖွဲ့နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့အလုပ်တွေမှာတော့ အဆင်ပြေနိုင်တာကိုတွေ့ရပါ

တယ်။

ကျန်းမာရေးကိစ္စတွေမှာတော့ အရက်သေစာသောက်စားခြင်း၊ပင်လယ်စာစား သုံးခြင်းတွေသတိပြုစေချင်ပါတယ်။ဝမ်းပျက်

လွယ်..အစာအိမ်ထိလွယ်တဲ့ ကာလဖြစ်နေလို့ပါပဲ။ အချစ်ရေးကိစ္စ တွေမှာတော့ မိမိကိုယ်တိုင်က ချုပ်ချယ်မှု၊သဝန်တိုမှုတွေများနေတာ

ကြောင့် ချစ်သူကစိတ်ပျက်နေမိတတ်တယ်ဆို တာကိုနားလည်ထားပေးပါ။အိမ်ထောင်ရေးကတော့ အညံ့အဆိုးမရှိသလောက်နည်းပါးပါ

လိမ့်မယ်။အကျိုးပေးဂဏန်း ၃/၅/၉အထူးဟော မိမိအတွေးအခေါ်အယူအဆတွေ အမှားဘက်ကိုဦးတည်နေတတ်တယ်ယတြာ ဒဏ်ကြေ

လိမ်းဆေးတစ်ဘူး လိုအပ်သူကိုလှူလိုက်ပါ

အင်္ဂါ

လုပ်ကိုင်ဆောင်ရွက်စရာရှိတဲ့ကိစ္စတွေကို ကြာရင်ကြာပါစေ…ဖြေးဖြေးမှန်မှန်သာလုပ်ကိုင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

စေ့စပ်သေချာမှုရှိပါစေ။နမော်နမဲ့ မလုပ်မိပါစေ။ကိုယ်ပေါ့ဆလိုက်တဲ့ကိစ္စလေးတစ်ခုက နောင်တစ်ချိန်ပြန်ရှင်းရတတ်ပါတယ်။ ငွေစာရင်း၊

ပစ္စည်းစာရင်းကိုင်တွယ်လုပ်ကိုင်ရသူတွေ အမှားအယွင်းမဖြစ် အောင်ဂရုစိုက်လိုက်ပါ။ ကိုယ်လေးစားရသူတွေ၊ ကိုယ်အပေါ်ကျေးဇူးရှိသူ

တွေရဲ့ နာရေးသတင်းတွေကြားရတတ်ပါ တယ်။

စန်းအားကောင်းပြီးလူချစ်လူခင်များနေတတ်ပါတယ်။ မည်သည်ကိစ္စမှာမဆို အကူအညီပေးမဲ့သူတွေပေါ များနေတတ်ပါတယ်။အလုပ်

စီးပွားတွေနဲ့ ပတ်သက်ပြီးလုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေရ လာတတ်ပါတယ်။ ငွေရှာလို့ကောင်းပေမဲ့ ငွေကြေးနဲ့

ပတ်သက်ပြီးအဖုအထစ်အတားအဆီးလေးတွေကြုံပြီးမှပဲ အဆင်ပြေရတတ်ပါတယ်။ တစ်ပတ်ရစ်ပစ္စည်းတွေဝယ်ချင်တာမျိုးတွေရှိရင် ဒီ

ကာလမှာကံစပ်ပါတယ်..ဝယ်လို့သင့် တဲ့ကာလပါပဲ။

ကျန်းမာရေးကတော့ ထိခိုက်ရှတာ၊သွေးထွက်သံယို၊မတော်တဆထိခိုက်မှုတွေကို သတိထားဖို့ပဲလိုပါ တယ်။ အချစ်ရေးကတော့ သောက

ကင်းပြီး ပျော်ရွှင်စရာတွေများနေပါလိမ့်မယ်။ချစ်သူရဲ့ ချစ်ခင်မြတ်နိုးတန်ဖိုးထား မှုကိုရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ သိပ်အဆိုး

ကြီး မတွေ့ရပါဘူး.တစ်ခါတလေစကားအနည်းငယ်များ တာမျိုးတော့ဖြစ်တတ်တယ်။အကျိုးပေးဂဏန်း ၄/၆/၈အထူးဟော အရာရာကို

စေ့စပ်သေချာစွာဆောင်ရွက်ပါ ယတြာ ရှောက်သီးလေးသုပ်ပြီး ဘုရားကပ်ပါ

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလအတွင်းမှာ မိမိတိုးတက်မဲ့ လမ်းစတွေ တွေ့လာရတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း အောင်မြင်မှု အသီးအပွင့်တွေခံစားရတတ်ပါ

တယ်။အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီးတော့ အလုပ်တူစီးပွားတူသူတွေနဲ့ တွဲဖက် လုပ်ကိုင်လို့ကောင်းပါတယ်။ မိမိသားသမီးတွေကို

လုပ်ငန်းခွင်အတွင်းတွဲခေါ်လို့အကောင်းဆုံးကာလပါပဲ။အမိအဘ အကြီးအကဲတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ လူမှုဆက်ဆံရေး

ကောင်းသူများဒီအပတ်ထဲပိုမိုအဆင်ပြေ အောင်မြင်တာတွေ့ရပါတယ်။

ကျန်းမာရေးကတော့ဂရုပြုဖို့လိုအပ်နေတဲ့ကာလတစ်ခုပါပဲ၊၊ အလှအပနဲ့ပတ်သက်တဲ့ ပစ္စည်းအသစ်အဆန်းတွေမသုံးပါနဲ့။ သွေးအားနည်း

တာမျိုး၊မူးမောတာမျိုးဖြစ်လွယ်တဲ့ကာလပါပဲ။လှောင်ကုန်တွေ ဈေးကောင်းရရောင်းထွက်ပါလိမ့်မယ်။ ထီပေါက်ကံအားကောင်းချိန်မို့ ထီ

ဝါသနာပါသူများ ထီထိုးဖို့တိုက်တွန်းလိုပါ တယ်။အချစ်ရေးကိစ္စတွေမှာတော့ စိတ်ချမ်းသာရပါလိမ့်မယ်။ ချစ်သူက မိမိအခက်အခဲတွေကို

ကူညီဖြေရှင်းပေးပါ လိမ်မယ်။

အိမ်ထောင်ရေးမှာတော့ အပူသောကသိပ်မရှိနိုင်ပါ။ စနေသားသမီးတစ်ယောက်ညအိပ်လာတည်း ရင် တော့ အိမ်ထောင်ရေးကတောက်က

ဆဖြစ်ဖွယ်ကြုံရတတ်ပါတယ်။ ပညာရေးအတွက် အားထည့်ကြိုးစားလို့အဆင် မပြေသေးပါဘူး။အကျိုးပေးဂဏန်း ၅/၇/၀အထူးဟော…

လုပ်ငန်းစီးပွားကောင်းဖို့ အခွင့်အလမ်းတွေပေါ်လာတတ်သည် ယတြာ …ထမင်းလေးသုပ်ပြီး ဘဲဥကြော်နဲ့ဘုရားကပ်ပေးပါ

ကြာသပတေး

ဒီကာလဟာ အလုပ်ကိစ္စတွေကြောင့် မိသားစုကိစ္စ လူမှုရေး ကိစ္စတွေမှာပျက်ကွက်ရပါလိမ့်မယ်။ လူငယ် တွေ ဆို အိမ်မကပ်ဘဲအပေါင်း

အသင်းနဲ့ သွားနေချင်တဲ့ကာလပါပဲ။ စိတ်ချမ်းသာမှု စိတ်လွတ်လပ်မှုတွေအပြည့်အဝ မခံစား ရတဲ့အချိန်ပါပဲ။ စီးပွားရေးကံကကောင်းနေ

တတ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီတွေ အကြံဉာဏ်တွေရပါလိမ့်မယ်။ ပညာဉာဏ်တွေတိမ်မြုပ်နေတတ်တယ်။ မိမိ

တွေးခေါ်စဉ်းစားပြီးဆောင်ရွက်တဲ့ ကိစ္စ တွေက အမှားကိုဦးတည်နေနိုင်တယ်။

ခက်ခဲနေတဲ့ ဆရာသမားတွေကို ငွေကြေးကူညီထောက်ပံ့ပေးရတတ်တယ်။ အခြားကိစ္စတွေ ထက်ကျန်းမာရေးကိုအထူးဂရုစိုက်ပါ။

အနေအထိုင်အစားအသောက် မဆင်ခြင်ပါက အိပ်ရာ ထဲ လဲသည်အထိ ဖြစ်တတ်ပါတယ်။ အိုးအိမ်နေရာ ထိုင်ခင်း ပြောင်းရလိမ့်မည်။ စိတ်

ပင်ပန်းရုံတင်မက လူလဲ ပင်ပန်း နေရတတ်ပါတယ်။ ရွှေထွက်ကိန်းရှိနေပါတယ်။ အောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်ရလိမ့်မည်။

လူယုံနှင့် စိတ် မချထားပါနှင့် ။ မိသားစုအပူသောက တွေကလဲ မိမိခေါင်းပေါ်ရောက်လာတတ် ပါတယ်။

အချစ်ရေးကိစ္စ တွေ မှာ နားလည်မှုတွေတည်ဆောက်ရခက်ခဲပါလိမ့်မယ်။စုတ်ကိစ္စ အချစ်ရေးကိစ္စ များတွင် မလည်ရှုပ်ဖြစ်မည်။ လူပျို အပျို

ဆိုအိမ်ထောင်ရှင်များရဲ့မြူဆွယ်လှည့်စားခြင်းခံရတတ်ပါတယ်။ပညာရေး ကံအား ကောင်း စွာရပ်တည် နေ တဲ့ ကာလပါ။

အကျိုးပေးဂဏန်း ၁/၆/၈အထူးဟော အနည်းငယ်ကံညံ့နေမယ် ယတြာ ပေါင်မုန့်ကြော်ပြီး ဘုရားကပ်ပါ

သောကြာ

မျှော်လင့် ထားတာ ၊ရည်မှန်းထားတာတွေ ပြည့်မြောက်ဖို့အချိန်ယူရလိမ့်မယ်။ မိမိအကြံပေးလမ်းညွှန်မှု ကြောင့် အခြားသူ တွေ အဆင်ပြေ

အောင်မြင်မဲ့အချိန်ပါ။ ကောင်းသောခရီး ၊ ဘုရားဖူးခရီးတွေလဲသွားရဖို့ကြုံလာ တတ်ပါ တယ်။ အရာတိုင်းနှေးကွေးလေးလံစွာအကျိုးပေး

နေချိန်ပါ။ ကြီးမားစွာအကျိုးဖြစ်ထွန်းမှုတွေမရှိနိုင်သေးပါ ဘူး။ စိတ်ညစ်စရာကတော့ အိမ်တွင်းရေးအပူတွေ့တတ်ပါတယ်။ လုပ်ငန်းတိုးချဲ့

တာ အလုပ်ထဲမှာ ထပ်ပြီး ရင်းနှီး မြုပ်နှံ တာမျိုးမလုပ်သင့်တဲ့အချိန်ကာလပါပဲ။

အလုပ်များ ရတတ်ပါတယ်။ လူငယ်များ အိမ်မကပ်ချင်ဖြစ်နေတတ်ပါ တယ်။ စိတ်လေ စိတ်လွင့်ဖြစ်နေတာမျိုးပေါ့။လူမျိုးခြား အကျိုးပေး

မယ်။ ဝန်ထမ်းများ စကားအပြောအဆိုဆင်ခြင် ပါ။အထက်လူကြီးနဲ့စကားအခြေအတင်များရပြီးမိမိအလုပ်ထိခိုက်နိုင်လို့ပါပဲ။ကျန်းမာရေး

အထူးကောင်းနေ လိမ့် မယ်။ အချစ်ရေးကတော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။ ချစ်သူက လမ်းခွဲစကားတွေပြောခံရသည် အထိ ညံ့

နေတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေး ညံ့ဖျင်းနေတာကြောင့်ပူပန်စိုးရိမ် ရတတ်ပါ တယ်။ ပညာရေးကောင်းပေမဲ့ ဆရာ

ကမိမိကိုဂရုမစိုက်နိုင်တာ လျစ်လျူ ရှုထားမိသလိုဖြစ်သွားတာမျိုး ကြုံရနိုင်ဖွယ်ရှိနေပါတယ်။ စာမေးပွဲကိစ္စ အင်တာဗျုးကိစ္စတွေမှာ ခက်

ခက်ခဲခဲကြိုး စားမှ အောင်မြင်လိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၇/၀အထူးဟော အိမ်သားတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးပါ ယတြာ…ထီးဖြူနှစ်လက် ဘုရားကပ်လှူပေးပါ

စနေ

အဖိုးတန်လက်ဝတ်ရတနာများဝင်လာတတ်သည်။ ရွှေဝင်လိမ့်မည်။ မိသားစုအတွင်း အတွင်းပျော်ရွှင်စရာ ကိစ္စများကြုံရမည်။ သားသမီး

ကြောင့်ဂုဏ်တတ်လိမ့်မည်။ အိမ်ထောင်သည်ပဲဖြစ်ဖြစ် လူလွတ်ပဲဖြစ်ဖြစ်အနေနီးသူ နဲ့ငြိစွန်းလွယ်တဲ့ကာလပါ။ လူမျိုးခြားတိုင်းရင်သား

တွေရဲ့ ကူညီမစခြင်းခံရပါလိမ့်မယ်။ စီးပွားရေးအထူးကောင်း နေချိန်ပါ။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများအကျိူးအမြတ်များစွာဖြစ်ထွန်းပါ

လိမ့်မည်။ရှေးတိုးဆောင်ရွက်မှုတွေ အရမ်းမလုပ်သင့်တဲ့ကာလပါပဲ။

နိုင်ငံခြားကိစ္စရပ်ဝေး နယ်ခြား သွားရောက်လုပ်ကိုင်ရသောကိစ္စရပ်များအထူး ကောင်း ပါလိမ့်မယ်။ အလုပ်မှား အရောင်းအဝယ်မှား တွေ

ဖြစ် တတ်ပါတယ်။ ဖြန့်ဖြူးရေးလုပ်ငန်း ၊ ကိုယ်စား လှယ်လုပ်ငန်းလုပ်သူများ ငွေပေးငွေယူသတိရှိပါ။ လက်ရှိ ချစ်သူထက် နောက်တွေ့တဲ့

အသစ်ကိုဦးစားပေး နေမိ တတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ နှစ်ဖက်ဆွေမျိုး တွေရဲ့ သွေးထိုးမှုကြောင့်လင်မယားချင်း စိတ်ဝမ်းကွဲ

ရတတ်ပါတယ်။

ကျန်းမာရေးကတော့အားနည်းနေပေမဲ့ မတ်တပ်ဖျား မတ်တပ်နာလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ပညာရေးကံမြင့်မားနေတဲ့အချိန်ပါပဲ။ ဆုထူး

ဂုဏ်ထူးများရတတ်ပါတယ်။အကျိုးပေးဂဏန်း ၁/၃/၀အထူးဟော ကံမြင့်မားနေမယ်ယတြာ စမူဆာဘုရားကပ်လှူလိုက်ပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695

Zawgyi

crd