နိုင်ငံတကာသတင်း

ဘယ်လ်ဂျီယံတွင် လူနာများလွန်းသည့်အတွက် ရောဂါကူးစက်ခံထားရသည့်ဆရာဝန်များကို အလုပ်ဆက်လုပ်ပေးရန်မေတ္တာရပ်ခံထားရ

ဘယ်လ်ဂျီယံနိုင်ငံ Liege မြို့မှာ ရောဂါကူးစက်ခံရသူအရေအတွက်မြင့်တက်လာတာကြောင့် ရောဂါကူးစက်ခံထားရတဲ့ဆရာဝန်တွေကို အလုပ်ဆက်လုပ်ပေးဖို့ မေတ္တာရပ်ခံထားရတယ်လို့ သိရပါတယ်။ ဆေးဝန်ထမ်းလေးပုံတစ်ပုံလောက်ဟာ ရောဂါကူးစက်ခံထားရပေမယ့် ဆေးရုံပေါင်း ၁၀ ခုလောက်မှာ ရောဂါကူးစက်ခံထားရပြီးလက္ခဏာမပြတဲ့ဆရာဝန်တွေကို အလုပ်ဆက်လုပ်ပေးဖို့ မေတ္တာရပ်ခံထားရပြီဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ ကျန်းမာရေးစနစ်ပြိုလဲသွားတာမျိုးမဖြစ်အောင်ကာကွယ်ဖို့အတွက် ဆရာဝန်တွေကို မတတ်သာဘဲ မေတ္တာရပ်ခံခဲ့ရတာလို့ ဘယ်လ်ဂျီယံဆေးဝါးသမဂ္ဂရဲ့အကြီးအကဲ ဒေါက်တာ Philippe Devos က ဆိုခဲ့ပါတယ်။

Image may contain: one or more people and indoor

Liege မြို့မှာ ရောဂါပိုးစစ်လိုက်တဲ့လူသုံးယောက်မှာတစ်ယောက်က ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိနေရပြီး ဆေးရုံတွေမှာလည်း တခြားရောဂါနဲ့လူနာတွေကို လွှဲပြောင်းပေးရတာတွေ၊ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်မှုတွေကိုရွှေ့ဆိုင်းရတာတွေရှိနေပါတယ်။

Image may contain: one or more people and people standing

ကျန်းမာရေးဝန်ကြီးက ဘယ်လ်ဂျီယံနိုင်ငံမှာ ကပ်ရောဂါကိုမထိန်းချုပ်နိုင်တော့ဘဲ ရောဂါပိုးကူးစက်မှုဆူနာမီလှိုင်းကြီးနဲ့ရင်ဆိုင်ရတော့မယ်လို့ သတိပေးထားကြောင်း သိရပါတယ်။

Belgium reports 942 fresh COVID-19 cases

Pyi Myanmar