နိုင္ငံတကာသတင္း

ကုလအတွင်းရေးမှူးချုပ်အစီရင်ခံစာ နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ

စစ်တပ် အာဏာချုပ်ကိုင်မှု နိုင်ငံတကာ တုံ့ပြန်တန်ပြန်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ လွတ်မြောက်ရေး

ကြိုးစားကြရန်

ကုလအတွင်းရေးမှူးချုပ်အစီရင်ခံစာ နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင်

ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျပ် အတည်းကိုနိုင်ငံတကာက အမြန်ဆုံးတုံ့ပြန်ရန် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း

ကုလသမဂ္ဂက ယနေ့ သတင်းထုတ်ပြန်သည်။

အစီရင်ခံစာတွင် “ ရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူ့အခွင့် အရေးအခြေ အနေ” များကို ကုလသမဂ္ဂအကြီးအကဲက

ဖော်ပြထားပြီး စစ်တပ်၏အာဏာချုပ်ကိုင်မှုသည်တန်ပြန်ရန်ပိုခက်ခဲလာလိမ့်မည်ကို သူစိုးရိမ်ကြောင်းပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများက စုစည်းတုံ့ပြန်ကြရန် တိုက်တွန်းထားသည်။

ထိုအစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံကအတည်ပြုခဲ့ပြီး တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ ခုက မဲမပေးဘဲ နေခဲ့ကြောင်း၊ ဘီလာရုက

ကန့်ကွက်မဲပေးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာကြိုးပမ်းအားထုတ်မှုသည်“ နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်

အခြားအစိုးရအရာရှိများအားချက်ချင်းလွှတ်ပေးခြင်း” နှင့်အတူလိုက်ပါရမည်ဟု Guterres က သူ၏အစီရင်ခံစာတွင် ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရ်ှနှင့်အခြားနေရာများတွင်နေထိုင်နေသော ရိုဟင်ဂျာမွတ်စလင်များအပါအ ၀ င်အထူး သဖြင့် အားနည်းသော

လူမှုအသိုင်းအဝိုင်းများသို့ချက်ချင်းလူသားချင်းစာနာထောက်ထားမှုနှင့်အကူအညီများလိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။

“ စစ်တပ်ရဲအုပ်ချုပ်မှုကို စွက်ဖက် ကာကွယ်ဖို့ အခွင့်အလမ်းကကျဉ်းမြောင်းသွားနိုင်တယ်။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့

ဒီမိုကရေစီဆန္ဒကိုပံ့ပိုးရန်အရေးကြီးပါတယ်” ဟု Guterres ကဆက်လက်ပြောကြားသည်။

unicode


က်ရေး ကြိုးစားကြရန်






ကုလသမဂ္ဂအကြီးအကဲက ဖော်ပြထားပြီး စစ်တပ်၏အာဏာချုပ်ကိုင်မှုသည်တန်ပြန်ရန်ပိုခက်ခဲလာလိမ့်မည်ကို သူစိုးရိမ်ကြောင်ြးေ

ပာကြားသည်။


ည်။




ည်နှင့်


ည်။

ဘင်္ဂလားဒေ့ရှ်နှင့်အခြားနေရာများတွင်နေထိုင်နေသော ရိုဟင်ဂျာမွတ်စလင်များအပါအ ၀ င်အထူး သဖြင့် အားနည်းသော


ည်။



crd