News

ငွေကြေးဖောင်းပွမူကြောင့် ဇင်ဘာဝေ 100ထီလီယံဟာ 1$တောင် တန်ကြေးမရှိေတာ့ပါ



သွားရပါတယ်။





တန်ပါတယ်)



သဘာဝ တောတောင်တွေ ပေါများ လှပပြီး‌ ကြွယ်ဝတဲ့ ဇင်ဘာဘွေ နိုင်ငံရဲ့ ပြည်သူတွေလည်း မူဂါဘီတို့ လက်ချက်နဲ့ ငတ်ြ

ပတ် စားစရာ မရှိဖြစ်ကုန်တယ်။





..

စိုးနေ့သစ်

မကြောက်ပါနဲ့.. ဒါ ဇင်ဘာဘွေ နိုင်ငံက ပုံတွေပါ။

အသား ၅၀၀ ဂရမ်လောက်၊ ဟင်းရွက် တစ်စည်းလောက် ဝယ်ဖို့ကို ပိုက်ဆံကို လက်တွန်းလှည်းနဲ့ ၊ ခြင်းတောင်းနဲ့ ထည့်ယူ သွားရပါတယ်။

အာဏာရှင် မူဂါဘီတို့ လူစုဟာ လူထု ကြည်ညို ခံချင်တာ၊ နိုင်ငံ အုပ်ချုပ်ချင်တာသာ တစ်ပိုင်းသေနေတယ်၊ စီးပွားရေး တည်ငြိမ်အောင်

လုပ်ဖို့ အရည်အချင်းကလည်း မရှိ၊ ညဏ်လည်း မမှီဘူး။

စီးပွားရေး ကျရင် လိုငွေပြရင် ငွေစက္ကူတွေကို အဆင်ချင်မဲ့ လှိမ့်ရိုက်ရင်းနဲ့ 100 trillionတန် ဇင်ဘာဘွေဒေါ်လာတွေ ရိုက်ထုတ်ရတဲ့အထိ

ငွေကြေးက တန်ဖိုး မဲ့သွားခဲ့တယ်။ ဇင်ဘာဘွေ 100 trillion ကို US ၁ ဒေါ်လာတောင် မတန်တော့တဲ့အထိပါပဲ (၄၀ ဆင့်ပဲတန်ပါတယ်)

(ဒါတောင် သယံဇာတ ရောင်းရလို့ နိုင်ငံခြားငွေ ရတဲ့အခါ 1USD = 7 ဇင်ဘာဘွေဒေါ်လာ နှုန်းနဲ့ လဲပြီး မူဂါဘီတို့ အာဏာရှင် မိသားစုက

USD တွေကို ယူထားကြတယ်ဆိုလား )

သဘာဝ တောတောင်တွေ ပေါများ လှပပြီး‌ ကြွယ်ဝတဲ့ ဇင်ဘာဘွေ နိုင်ငံရဲ့ ပြည်သူတွေလည်း မူဂါဘီတို့ လက်ချက်နဲ့ ငတ်ပြတ် စားစရာ မ

ရှိဖြစ်ကုန်တယ်။

ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုတဲ့ သူတွေဟာ ငတ်လွန်းတဲ့အခါ နားရွက်လှုပ်ရင် အကုန်စားတယ် ဆိုတဲ့ ဘဝကနေ

တိရစ္ဆာန် အသေကောင်တွေကိုတောင် မရှောင်ပဲ စားနေရရှာတယ်။

တစ်ခါက ဆင်သေ တစ်ကောင်ကို ဇင်ဘာတွေ နိုင်ငံသားတွေ ဝိုင်းစားလိုက်တာ ၂ နာရီအတွင်း အရိုးကျတဲ့ အထိ တောင်မကပဲ အရိုးပါ

စွပ်ပြုတ်လုပ်သောက်ဖို့ ယူသွားကြတယ်တဲ့။

ဇင်ဘာဘွေ အကြောင်း ရေးနေတာပါ။

\credit