ပြည်တွင်းသတင်း

သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်မယ့် NUGရဲ့ ငွေတိုက်စာချုပ် မဟာဗျူဟာ

သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်မယ့် NUG ရဲ့ ငွေတိုက်စာချုပ် မဟာဗျူဟာ

NUG က ငွေတိုက်စာချုပ် (Bond) ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ဒီအစီအစဉ်တော့ သဘောကျမိတယ်။ သားရွှေအိုးထမ်းလာ

မယ့် အစီအစဉ်ကိုးဗျ။

တော်လှန်ရေးမှာ လှူတာက လှူလိုက်တာပဲလေ။ လှူတာက (ဘုန်းကြီးဂျင်းလိုမျိုး) နောင်ဘဝမှာ ပြန်ရတယ် ဘာညာ မျှော်လင့်ချက်ပေး

နိုင်ပေမယ့် လက်တွေ့မှာ ကိုယ်က ကုန်သွားတာ။

Bond ဝယ်တာကျတော့ လှူတာနဲ့ မတူတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်လို့ရတယ်။ အနည်းဆုံးကတော့ ငွေသား အမြတ် မရရင်တောင်

အရင်းမရှုံးဘူးပေါ့။

တော်လှန်ရေးပြီးရင် ပြည်သူ့အစိုးရက ဒီငွေတွေကို ပြန်ထုတ်ပေးမှာဆိုတော့ နောင်ရေး စိတ်ပူသူတွေက Bond တွေ ဝယ်ယူထားဖို့ နည်း

လမ်းရသွားတယ်။

ဥပမာဗျာ .. ကျွန်တော်က မြန်မာပြည်မှာ အိမ်ဝယ်ဖို့ (သို့) မြန်မာပြည်မှာ စီးပွားရေး လုပ်ဖို့ ငွေစုထားတယ်။ သို့သော် မြန်မာပြည်လက်ရှိ

အခြေအနေကြောင့် မဝယ်ဖြစ်သေးတာ (သို့) စီးပွားရေး မလုပ်ဖြစ်သေးတာကြောင့် စုထားတဲ့ ငွေကို ဘဏ်ထဲမှာ ထားတယ်ပေါ့။ ဒါကို လှူ

ဖို့ နှမြောနေတယ်။ နောင်ရေးစာကိုးဗျ။

အဲဒီအခက်အခဲကို Bond က ကျော်သွားတယ်။နိုင်ငံ ခြား ဘဏ်မှာ စုထားတဲ့ ငွေကို Bond ဝယ်ထားလိုက်ရင် တစ်ချက်ခုတ် ၂ ချက်ပြတ်။

တော်လှန်ရေးအတွက် ထည့်ဝင်ရာလည်း ရောက်သလို၊ တော်လှန်ရေး အလွန်မှာလည်း ငွေပြန်ရမယ်။

သားရွှေအိုးထမ်းလာတဲ့ အစီအစဉ်။ စပြီး ရောင်းပြီ ဆိုတာနဲ့ ဝယ်ပြီးသားပဲ။ဝယ်လို မရမှာတောင် စိတ်ပူနေမိတယ်။

ကိုထိုက်

Zawgyi

သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်မယ့် NUGရဲ့ ငွေတိုက်စာချုပ် မဟာဗျူဟာ

NUG က ငွေတိုက်စာချုပ် (Bond) ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ဒီအစီအစဉ်တော့ သဘောကျမိတယ်။ သားရွှေအိုးထမ်းလာ

မယ့် အစီအစဉ်ကိုးဗျ။

တော်လှန်ရေးမှာ လှူတာက လှူလိုက်တာပဲလေ။ လှူတာက (ဘုန်းကြီးဂျင်းလိုမျိုး) နောင်ဘဝမှာ ပြန်ရတယ် ဘာညာ မျှော်လင့်ချက်ပေး

နိုင်ပေမယ့် လက်တွေ့မှာ ကိုယ်က ကုန်သွားတာ။

Bond ဝယ်တာကျတော့ လှူတာနဲ့ မတူတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်လို့ရတယ်။ အနည်းဆုံးကတော့ ငွေသား အမြတ် မရရင်တောင်

အရင်းမရှုံးဘူးပေါ့။

တော်လှန်ရေးပြီးရင် ပြည်သူ့အစိုးရက ဒီငွေတွေကို ပြန်ထုတ်ပေးမှာဆိုတော့ နောင်ရေး စိတ်ပူသူတွေက Bond တွေ ဝယ်ယူထားဖို့ နည်း

လမ်းရသွားတယ်။

ဥပမာဗျာ .. ကျွန်တော်က မြန်မာပြည်မှာ အိမ်ဝယ်ဖို့ (သို့) မြန်မာပြည်မှာ စီးပွားရေး လုပ်ဖို့ ငွေစုထားတယ်။ သို့သော် မြန်မာပြည်လက်ရှိ

အခြေအနေကြောင့် မဝယ်ဖြစ်သေးတာ (သို့) စီးပွားရေး မလုပ်ဖြစ်သေးတာကြောင့် စုထားတဲ့ ငွေကို ဘဏ်ထဲမှာ ထားတယ်ပေါ့။ ဒါကို လှူ

ဖို့ နှမြောနေတယ်။ နောင်ရေးစာကိုးဗျ။

အဲဒီအခက်အခဲကို Bond က ကျော်သွားတယ်။နိုင်ငံ ခြား ဘဏ်မှာ စုထားတဲ့ ငွေကို Bond ဝယ်ထားလိုက်ရင် တစ်ချက်ခုတ် ၂ ချက်ပြတ်။

တော်လှန်ရေးအတွက် ထည့်ဝင်ရာလည်း ရောက်သလို၊ တော်လှန်ရေး အလွန်မှာလည်း ငွေပြန်ရမယ်။

သားရွှေအိုးထမ်းလာတဲ့ အစီအစဉ်။ စပြီး ရောင်းပြီ ဆိုတာနဲ့ ဝယ်ပြီးသားပဲ။ဝယ်လို မရမှာတောင် စိတ်ပူနေမိတယ်

crd