ေဗဒင္ယၾတာ

2021ခုနှစ် (10)လပိုင်းအတွက် တစ်လစာဟာစာတမ်း (ဆရာမင်းသုခ)

တနင်္ဂနွေသားသမီးများ

တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီလအတွင်း သူများကိစ္စကြားဝင်ကူညီခြင်း၊အာမခံခြင်း တွေကြောင့်အထူးဒုက္ခရောက်တတ်ပါတယ်။

လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှမဝင်မိပါစေနဲ့။

ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်

ရတနာများကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေကြုံနိုင်တယ်။

လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။

အလုပ်မှာရန်ပေါ်နိုင်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ဝေးနေပါလိမ့်မယ်။

အရမ်းရင်းနှီးသူတွေနဲ့ခွဲခွာရတတ်ပါတယ်။ ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံးအနေအထားကို ရောက်နေတဲ့

ကာလပါပဲ။ နောက်ဆုံးပြောချင်တာကဘယ်သူကိုမှ မယုံသင့်ဘူးလို့ပြောချင်ပါတယ်။

အထူးဟော = ကံညံ့နေသည်။ ယတြာ = သင်္ဘောသီးဖျော်ရည်တစ်ခွက် မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။

တနင်္လာသားသမီးများအတွက်

ဆုံးဖြတ်ရခက်နေလိမ့်မယ်။ အရာရာသတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။

အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။

အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်းစကား

အခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။

မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊

အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။

စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့

အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။

အထူးဟော -ရွေးချယ်ရခက်နေလိမ့်မယ်။ ယတြာ – ကြံရည်တစ်ခွက် မွေးနေ့ညနေခင်းမှာဘုရားကပ်ပါ။

အင်္ဂါသားသမီးများအတွက်

ကံဇာတာအထူးမြင့်မားနေချိန်ပါပဲ။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများဒီကာလတွင် ဆေးတိုးသွားတတ်

ပါတယ်။နာတာရှည်ရောဂါသည်များ ဆရာကောင်းသမားကောင်းတွေ့မည်။

ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ငွေအရမ်းရွှင်မှာပါ။ ငွေကြေးရင်းနှီးမှုလုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ကောင်းပါပြီ။ တစ်ခု

သတိထားရမှာက လူများများနဲ့အုပ်စုဖွဲ့သွားလာခြင်း ညဉ့်နက်သန်းခေါင်အပြင်ထွက်ခြင်းကို ဒီကာလအတွင်းလျှော့ပါ။

ပြဿနာက မဖိတ်ခေါ်ဘဲရောက်လာတတ်လို့ပါ။ အစုစပ်အလုပ်၊ရှယ်ယာအလုပ်တွေခဏဆိုင်းထားပါအုံး။ ချစ်ရသူဆီက အဖြေမတောင်း

သင့်သေးသလို စိတ်ကောက်နေတဲ့ချစ်သူကိုလဲ မချော့ပါနဲ့အုံး။

အလုပ်စီးပွားကံကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပါတယ်။ ပညာရေးကံ ကောင်းနေချိန်ပါပဲ။

အထူးဟော = -ကံအထူးကောင်းသည်။ ယတြာ = -ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

မိသားစုနဲ့အလုပ်ကြားဗျာများရမည် ။ အလုပ်အဆင်ပြေနေလို့ အလုပ်ထဲစိတ်နှစ်မယ်ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက်

အကိုင်ပျက်ဖြစ်နေရမည်။ လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့အဆုံးသတ်မိမိသာအနိုင်ရမည်။

အလုပ်ပင်ပန်းခြင်း၊လူမှုရေးကိစ္စတွေကြောင့်ပင်ပန်းတာတေ ွစုပြီးဖျားနာတတ်တဲ့အချိန်ပါ။ စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့

အကောင်းဆုံးကာလပါပဲ။ ပညာရေးအခန်းကဏ္ဍကတော့ အားနည်းနေပါတယ်။

လူငယ်တွေစာထဲစိတ်မပါဖြစ်တတ်တယ်။ စာကျက်ဖို့ပျင်းနေလိမ့်မယ်။လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုးရှိနေ

လိမ့်မယ်။ အချစ်ရေးကံကတော့ မကောင်းနိုင်သေးပါဘူး။ ချစ်သူကမိမိအပေါ် ယုံကြည်မှုကင်းမဲ့လာတတ်ပါတယ်။

အထူးဟော = စီးပွားရေးကောင်းမည်။ ယတြာ = ဘုရားစိန်ဖူးတော်ပုံအား ဓမ္မဒါနလက်ဆောင်ပေး ဖြန့်ဝေပါ။

ကြာသပတေးသားသမီးများအတွက်

လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ကိစ္စများ

မျက်နှာလွှဲမခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့အချိန်ပါပဲ။ စက်၊ကားမောင်းနှင်ခြင်း၊စက်ပစ္စည်းကိုင်တွယ်အသုံးပြုခြင်းအထူးသတိထားပါ။

မတော်တဆ ထိခိုက်လွယ်တဲ့ကာလတစ်ခုမို့လိုပါပဲ။ ဘာကိစ္စမဆို အဆုံးသတ်ပြီးဆုံးအောင်မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရ

ခြင်းမျိုးကြုံရမှာပါ။ ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။

အချစ်ရေးကံ အထူးညံ့နေချိန်ပါ။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့ပြဿ နာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေကြုံရပါလိမ့်မယ်။

ပညာရေးက ကြိုးစာအကောင်းဆုံးကာလပါပဲ။ ကျန်းမာရေးကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုးရှိနိုင်တယ်။

အထူးဟော = ထိခိုက်လွယ်နေသည်။ ယတြာ = မိမိ၏ မွေးနေ့အပတ်တိုင်း (7)ပတ်တိတိ သက်သတ်လွတ် စားပေးပါ။ ဘုရားမှာ ရွှေဆိုင်း

ကပ်ပေးပါ။

သောကြာသားသမီးများအတွက်

အဘက်ဘက်ကဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကိုရောက်မည်။လုပ်ငန်းစီးပွားအထူးတိုးတတ်မည်။ ဝန်ထမ်းဆို နေရာပေးခံ

ရခြင်း၊နေရာကောင်းရခြင်းတွေရှိလာပါလိမ့်မယ်။

ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊နှုတ်၏ဆောင်မခြင်းဖြင့်ထိုသူတွေအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။မိမိသြဇာညောင်းမဲ့

အချိန်ပါ။ကောင်းသောခရီးဘာသာရေးနဲ့သက်ဆိုင်သောခရီးတွေလဲသွားရပါလိမ့်မယ်။

အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ(ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။ ငယ်ရွယ်သူများအသက်ကြီး၊ မ

လွတ်လပ်သူတွေရဲ့ ဖြားယောင်းသွေးဆောင်ခြင်းခံရပါလိမ့်မည်။

ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေတိုးလာပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး အကောင်း

ဆုံးကာလပါပဲ။

အထူးဟော = -ပြောသမျှဖြစ်မည်။ ယတြာ = -မွေးနေ့တွင် သစ်သီး (၇)မျိုးဘုရားလှူပါ။

စနေသားသမီးများအတွက်

စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက်တာမျိုး ကြုံရလိမ့်မယ်။ မိဘတွေအတွက် ပူပန်စိတ်ညစ် ရတတ်တယ်။ လုပ်ငန်းစီးပွားဆုတ်ယုတ်

တတ်တယ်။ အလုပ်ဒဏ်ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်းခံရမယ်။


စ ၊ စုတျကိစ်စတှေ ရှုပျထှေးမှုတှဖွေဈနိုငျပါတယျ။

ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုး

ဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။

အထူးဟော = -အရာရာလွဲချော်နေမည် ယတြာ = -ခရေပန်း မွေးနေ့၌လှူဒါန်းပါ။

ဆရာမင်းသုခ Ph-09440243656(viber)

Zawgyi

crd

ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းချိန်ပါပဲ။အချစ်ရးကိစ္စ ၊ စုတ်

ကိစ္စတွေ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။