နိုင္ငံတကာသတင္း

အငြင်းပွားနှောင့်နှေးမှုတွေ ကြုံရပြီးနောက် ဂျပန်တော်ဝင်မင်းသမီး အရပ်သားနှင့် လက်ထပ်ပေါင်းသင်းမယ်

အောက်တိုဘာ ၁

နှစ်အတော်ကြာအောင် အငြင်းပွားစရာ ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ဂျပန်တော်ဝင်မင်းသမီး မာကိုဟာ အခုလထဲမှာပဲ လက်ထပ်မင်္ဂလာပွဲ

ဆင်ယင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မင်းသမီး မာကိုအနေနဲ့ အရပ်သားတစ်ဦးနဲ့ စုံမက်ပေါင်းသင်းမှာ ဖြစ်တာကြောင့် တော်ဝင်အစဉ်အလာတွေကို စွန့်လွှတ်ရမှာ ဖြစ်

သလို တော်ဝင်အမျိုးသမီးတွေကို ပုံမှန်ပေးအပ်ငွေကိုလည်း ရရှိတော့မှာ မဟုတ်ပါ။

ဘုရင်မင်းမြတ် နာရူဟီတိုရဲ့ တူမဖြစ်သူ မင်းသမီး မာကိုဟာ အောက်တိုဘာ ၂၆ ရက်နေမှာ ကီအိကိုမူရုနဲ့ လက်ထပ်တော့မှာ ဖြစ်တယ်လို့

ဧကရာဇ်နန်းတော်ရေးရာဌာနက သောကြာနေ့မှာ ထုတ်ပြန်ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါပေမဲ့ အသက် ၂၉ နှစ်ရှိ မင်းသမီးဟာ မီဒီယာ သတင်းတွေကြောင့် ခက်ခဲရှုပ်ထွေးတဲ့ စိတ်ဖိစီးမှု ဝေဒနာကို ခံစားနေခဲ့ရတယ်ဆိုပြီး

ဧကရာဇ်နန်းတော်ရေးရာဌာနရဲ့ သတင်းထောက်တွေ ပြောဆိုချက်ကြောင့် တော်ဝင်အသိုင်းအဝိုင်းအနေနဲ့ ဝေဖန်မှုတွေလည်း ရင်ဆိုင်

ကြုံကြိုက်နေရတာ ဖြစ်ပါတယ်။

ဂျပန်အိမ်ရှေ့စံမင်းသားရဲ့ သမီးတော်ဖြစ်တဲ့ မာကိုဟာ အသက် ၂၉ နှစ်ရှိ ကိုမူရိုနဲ့ လက်ထပ်မယ့် သူ့ အစီအစဉ်နဲ့ ပတ်သက်လို့ နှစ်အတော်

ကြာ အပုပ်ချခံရတာ၊ အချိန်ဆွဲခံရတာတွေကို ရင်ဆိုင်တွန်းလှန်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ တော်ဝင်ဧကရာဇ် ဆက်ခံသူစည်းမျဉ်းတွေအရ မာကိုအနေနဲ့ လက်ထပ်ပြီးတာနဲ့ သူ့ရဲ့ တော်ဝင်မျိုးနွယ်ဝင်အဖြစ်ကို

လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

ဒီကြားထဲကပဲ မင်းသမီး မာကို လက်ထပ်ပေါင်းသင်းမယ့် ကြင်ဖက် ကိုမူရိုဟာ သူ့ရဲ့ အမေဖြစ်သူက စေ့စပ်ဖူးသူတစ်ဦးထံကနေ ပိုက်ဆံ

ချေးငှားပြီး ပြန်ဆပ်တာ မရှိဘူးဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ထွက်လာလို့ မျက်စိဒေါက်ထောက် အကြည့်ခံနေရသူလည်း ဖြစ်ပါတယ်။

အဲဒီ အကြောင်းအရာကို အတင်းအဖျင်းတွေ ဦးစားပေးဖော်ပြတဲ့ သတင်းစာတွေက ရေးသားလာတဲ့နောက်မှာတော့ အတိမ်းအစောင်း လုံးဝ

မခံတဲ့ စံနှုန်းတွေအတိုင်း နေထိုင်ကြရတဲ့ တော်ဝင်မိသားစုတွေ ရှိရာ ဂျပန်နိုင်ငံမှာ ငယ်ရွယ်တဲ့ မာကိုတို့ စုံတွဲအကြောင်း

အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပါတော့တယ်။

အဲဒီအချိန်မှာ သူတို့ စုံတွဲဟာ လက်ထပ်ပွဲကို ရွှေ့ဆိုင်းခဲ့ပြီး ကိုမူရိုက အမေရိကန်မှာ ဥပဒေကျောင်း သွားတက်နေပြီး အတင်းအဖျင်းတွေ

ဒဏ်ကနေ ရှောင်ရှားနေခဲ့တော့တာပဲ ဖြစ်ပါတယ်။

အိမ်ရှေ့စံ အက်ကီရှီနိုဟာ သူ့အနေနဲ့ သမီးရဲ့ လက်ထပ်ပွဲကို ထောက်ခံပေမယ့် သမီးဖြစ်သူဟာ ပြည်သူတွေရဲ့ နားလည်မှုကို ရယူဖို့ လိုအပ်

တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ပြောလာခဲ့ဖူးပါတယ်။

ဒါပေမဲ့ မာကိုတို့ စုံတွဲကတော့ လုံလောက်တဲ့ အချိန်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ကြပြီး အခုတော့မှာ လက်ထပ်ဖို့ အချိန်သင့်ပြီလို့ ရွေးချယ်

ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့စုံတွဲအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ နယူးယောက်ဆီ ရွှေ့ပြောင်းကြဖို့ မျှော်လင့်ရပါတယ်။

crd