အေထြေထြဗဟုသုတ

ဆံပင်ကျွတ်တာသက်သာပြီးဗောက်လည်းပျောက်စေဖို့ ပါဝင်ပစ္စည်း ၃ မျိုးနဲ့ ဆံပင်ပေါင်းတင်နည်း

ဆံပင်ကျွတ်တာသက်သာပြီး ဗောက်လည်းပျောက်စေဖို့အတွက် ပါဝင်ပစ္စည်း ၃ မျိုးနဲ့ ဆံပင်ပေါင်းတင်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်

ပါတယ်။ အိမ်မှာပဲအလွယ်တကူလုပ်လို့ရတဲ့ သဘာဝနည်းလမ်းဖြစ်တဲ့အပြင် ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူဝယ်လို့ရတာကြောင့်

ဆံပင်ကျွတ်ရင်ပဲဖြစ်ဖြစ်၊ ဗောက်ထနေရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကို Try ကြည့်သင့်ပါတယ်။

ဆံပင်ပေါင်းတင်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်း ၃ မျိုးကတော့ ကြက်ဥ – ၁ လုံး၊ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ mayonnaise – စားပွဲတင်

ဇွန်း ၂ ဇွန်းတို့ပဲ ဖြစ်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ပါဝင်ပစ္စည်း ၃ မျိုးလုံးကို ပန်းကန်လုံးထဲထည့်ကာ သမအောင် smooth ဖြစ်တဲ့အထိ မွှေပေးပါ။

မွှေပြီးရင်တော့ လက်နဲ့ယူပြီး ဆံပင်အဖျားကနေ စလိမ်းပေးရပါမယ်။ တစ်ခေါင်းလုံးနှံ့အောင် သေချာလိမ်းပေးပါ။ လိမ်းပြီးရင်တော့ ခေါင်း

ကို Shower Cap နဲ့ အုပ်ထားပြီး မိနစ် ၂၀ ထားပေးပါ။

အချိန်ပြည့်ရင်တော့ သေချာရေဆေးချပြီး ပြောင်သွားပြီဆိုမှ shampoo နဲ့ ခေါင်းလျှော်ပေးပါ။ ဒီနေရာမှာ သတိထားရမှာကတော့

shampoo ကို mild ဖြစ်တဲ့ sulfate-free shampoo သုံးပေးပါ။ shampoo ဘူးတွေမှာ sulfate-free လို့ရေးထားတာကို ရှာဝယ်ပါ။

sulfate ပါတာတွေက မတည့်တဲ့သူနဲ့ဆိုရင် ဆံပင်ပိုကျွတ်စေပြီး ဗောက်ထစေလို့ပါ။

ခေါင်းလျှော်ပြီးရင် Conditioner သုံးစရာမလိုတော့ပါဘူး။ ခြောက်အောင်သုတ်ပြီး Hair Oil လိမ်းပေးရင် ရပါပြီ။ ဒီနည်းလမ်းကိုတော့

တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

ဒီနည်းလမ်းနဲ့ ဆံပင်ပေါင်းတင်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေကတော့ ဆံပင်ကျွတ်တာသက်သာပြီး ဗောက်ပျောက်စေမယ့်

အပြင် ဆံသားနူးညံ့ပြီး Healthy Hair ဖြစ်လာစေပါမယ်။

Credit

Unicode