အေထြေထြဗဟုသုတ

အိမ်မှာရှိနေတဲ့ ပိုးဟပ်၊ ပုရွတ်ဆိတ်၊ ခြင်စတဲ့ အင်းဆက်ပိုးမွှားတွေရှိနေရင် ဒီလိုလေးတွေလုပ်ကြည့်ပါ

အိမ်မှာရှိနေတဲ့ ပိုးဟပ်၊ ပုရွတ်ဆိတ်၊ ခြင်စတဲ့ အင်းဆက်ပိုးမွှားတွေရှိနေရင် ဒီလိုလေးတွေလုပ်ကြည့်ပါ။

အိမ်တိုင်းမှာ အင်းဆက်ပိုးမွှားတွေ ရှိနေတတ်ပါတယ်။ အစားအသောက်အကြွင်းအကျန်တွေနားမှာ ၊ညစ်ပတ်တဲ့ နေရာတွေ ကတော့ အင်းဆက် ပိုးမွှားတွေအကြိုက်ပေါ့။ အင်းဆက်ပိုးမွှားတွေ ပုံမှန်ထက် ပိုပြီးများလာမယ် ဆိုတော့ ကျန်းမာရေးအတွက် စိတ်မချရပါဘူး။

အင်းဆက်တွေက ရောဂါပိုးတွေကို သယ်ဆောင်လာနိုင်ပါတယ်။ မတော်တဆ သင့်ရဲ့ အစားအစာတွေမှာ လာနားနေရင် စားမိတဲ့အခါ အစာအိမ်ထဲကို ဘတ်တီးရီးယားပိုးတွေ ရောက်သွားနိုင်ပါတယ်။ အိမ်မှာအများဆုံးရှိနေနိုင်တဲ့ အင်းဆက် ပိုးမွှားတွေ ကတော့ ပိုးဟပ်၊ပုရွတ်ဆိတ်နဲ့ခြင်ပါပဲ။ ဒါဆို အဲ့ဒီအင်းဆက်ပိုးတွေကို ဘယ်လိုဖယ်ရှားရမလဲ ကြည့်လိုက် ရအောင်။

ပိုးဟပ်

ပိုးဟပ်တွေက တကယ့်ကိုစိတ်ပျက်စရာကောင်းသလို ဟိုပျံဒီပျံနဲ့ တစ်ခါတစ်လေ အစားအသောက်တွေလည်း လာနားတတ်ပါသေးတယ်။ အဲ့လိုပိုးဟပ်တွေကို မောင်းထုတ်ချင်တယ်ဆိုရင် ည်းလမ်းလေးကတော့… ပထမဆုံး ကြက်သွန်နီကိုပါးပါးလှီးပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ရောလိုက်ပါ။ အားလုံးရောမွှေပြီးရင်ပိုးဟပ်တွေ လာတတ်တဲ့ အချိန်၊ အများဆုံးရှိတဲ့အချိန်သွားချထားလိုက်ရုံပါပဲ။ အဲ့ဒါဆိုနောက်တစ်ခါ ပိုးဟပ်တွေမလာရဲတော့ပါဘူး။ တစ်ခါနဲ့မရရင် ပိုးဟပ်တွေလုံးဝမရှိတော့တဲ့အထိလုပ်ပေးပါ။

ပုရွတ်ဆိတ်

ပုရွက်ဆိတ်တွေကနေရာအနှံ့မှာရှိနေတတ်ပါတယ်။ အမည်းဆိုတော်သေး၊ အနီတွေဆို ကိုက်ရင်လည်း ဒဏ်ရာက ဖြစ်ဦး မယ်။ ပုရွတ်ဆိတ်တွေရှိနေတာကို မလိုချင်ဘူးဆိုရင် ပုရွတ်ဆိတ်တွေအုပ်လိုက်ရှိတဲ့နေရာမှာ Cornmeal (ပြောင်းဖူး အခြောက်စေ့တွေက ရတဲ့အမှုန့်) အနည်းငယ်ကိုဖြူးထားလိုက်ပါ။ တစ်ပတ်နှစ်ပတ်ကြာရင် သိသာလာပါလိမ့်မယ်။

ခြင်

ခြင်တွေကလည်း ညဘက်ဆို ဘယ်ကနေ ထွက်လာမှန်း မသိအများကြီး ထွက်လာတတ်ပါတယ်။ ရိုက်တော့လည်း မြန်ဆန်တဲ့ အကောင်တွေမို့ အဆင်မပြေပါဘူး။ ဒါဆိုရင်ခြင်တွေကို ဘယ်လိုမောင်းထုတ်ကြမလဲ? လာဗင်ဒါပန်း အဆီ တစ်စက် ကနေ ၃ စက်ထိ၊ ပူစီနံဆီ၊ ယူကလစ်ဆီတစ်စက်နှစ်စက်ကို သန့်ရှင်းတဲ့ဖော့ တစ်ခုပေါ်ချလိုက်ပါ။ အဲ့ဒီဖော့ကို ဖန်ခရားအိုးထဲ ထည့်ပြီး ၂၄ နာရီ ပိတ်ထားပါ။ ၂၄ နာရီပြည့်သွားရင် အဖုံးကိုဖွင့်လိုက်ပါ။ အနံ့တွေက အခန်းထဲမှာ ပျံ့သွားပြီး ခြင်ပြေးစေပါတယ်။

နည်းလမ်းလေးတွေက လွယ်ကူတာကြောင့် လိုက်လုပ်ကြည့်ဖို့မမေ့နဲ့နော်။