နိုင္ငံတကာသတင္း

အမေစုသားရဲ့ ရင်တွင်းစကား (ရင်ထဲကိုနင့်သွားတယ် ကင်မ် ရယ်)

ရင်ထဲကိုနင့်သွားတယ် ကင်မ် ရယ် 😔😭

#ကင်မ်

အမေ အဆင်ပြေမှ

အမေရှိရာ တိုင်းပြည် သား လာခဲ့ရင် !တမျိုးတမြည် အပြောခံရနိုင်ပါတယ်အမေ ဘာလုပ်လုပ်အပြစ်မြင်တတ်တဲ့ လူတစ်စု ကပိုပြီးလည်း

အပြစ်မြင်မှာ စိုးတယ်ဒါကြောင့်လည်းသားရှိတဲ့တိုင်းပြည် ရောက်လာမှအမေရှိရာ ဟိုတယ်ကို သားနဲ့အမေ့မြေးလေးတွေ လာတွေ့ပါတယ်

ကိုယ်ပိုင်ကားကြီး နဲ့ မဟုတ်ဘူးဘတ်စ်ကား စီးလာတာပါ အမေရယ်ထင်ပေါ်ကျော်ကြားမဲ့အင်တာဗျူးမျိုးတွေဆိုသားရှောင်ပါတယ် အမေ

သား စကားမှားရင် !!အမေ့ ပုံရိပ် ထိခိုက်မှာ စိုးလို့ပါလူလိမ္မာသားဆိုတာ ယဉ်ပါးရမယ်မဟုတ်လား အမေရယ်၁၂ နှစ်သား ကတည်းကအမေ

က ဂရုမစိုက်နိုင်ခဲ့တော့သားပညာရေးလည်း သိပ်မကောင်းခဲ့လို့ကုမ္ပဏီကြီးတွေလဲ သား မပိုင်ပါဘူးအမေသားအလုပ် က လက်လှုပ် မှ

ပါးစပ်လှုပ် ရတဲ့ လက်သမားပါ အမေဟောဒီ လက်နှစ်ဖက်နဲ့အမေ့မြေးတွေကို လုပ်ကျွေးခဲ့တာပေါ့စိတ်မာသူ အမေကလေဟိုအဝေးက

ဆင်းရဲတဲ့ တိုင်းပြည်လေးအတွက်သားတို့ နဲ့ ခွဲနေရဦးမယ်ဆိုတော့၁၂ နှစ်သားလေးမှာ ဘယ်ခံစားနိုင်မှာလဲဘဝရဲ့အပျံသင်စ

ဆယ်ကျော်သက်အရွယ်ထဲကရုန်းကန်ရတာ ကြမ်းတမ်းခဲ့ပါတယ် အမေရယ်ဒါပေမဲ့လည်းဟိုအဝေး ဆင်းရဲတဲ့ တိုင်းပြည်လေးမှာက …သား

နဲ့ အမေ့လိုပဲ ကွဲကွာရတဲ့မိသားစုတွေ ရှိနေတယ် …..သေကွဲစတေးရတဲ့မိသားစုတွေ ရှိခဲ့တယ် ……စစ်ပွဲတွေ ဆင်းရဲမွဲတေမှု့တွေ ရှိတယ်ဖိနို

ပ်ချုပ်ချယ်မှူတွေ ရှိတယ် …..ဒီအနိဌာရုံတွေ ရပ်ဖို့အမေ တိုက်ပွဲဝင်နေရမှန်းသိတော့ကင်မ် ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့နှလုံးသားကို

လည်းအမေ့တိုင်းပြည်အတွက် စတေးခဲ့ရတာပေါ့အမေ့တိုင်းပြည် ကောင်းစားမယ်ဆိုသားတို့ မျိုးရိုး ရဲ့ကျိန်စာသင့်သမျှကျေနပ်ပါတယ် အ

မေရယ်သားအချစ် မြေးအနှစ်တဲ့ အမေသားကို ပစ်ထားခဲ့ပေမယ့်အမေ့ရဲ့ မြေးလေးတွေကိုတော့စကားတွေ ပြောပါဦးပွေ့ပါ ချီပါ ဖက်ပေးပါ

ဦးအမေအမေ နဲ့ အဖိုးအကြောင်းအိပ်ရာဝင် ပုံပြင်တွေ သားပြောပြခဲ့လို့သူတို့သိနေကြတယ် အမေအမေ လန်ဒန်ရောက်တာလည်း သိကြ

တော့ဟောဒီ က အမေ့မြေးလေးတွေလည်းတွေ့ချင်ကြရှာတယ်လေသား မရခဲ့တဲ့အမေ့ဆီက မေတ္တာတွေကိုသူတို့လေးတွေကို ရစေချင်

တာပါ အမေရယ် …………စုမောင်မောင်ထံမှကူးယူဖော်ပြပါသည် ။

Copy From Moe Thandar Hlaing
#credit

#ATR
Credit -to- original

crd