ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(RDIF) က ၄င်းတို့ ရဲ့ COVID-19 ကာကွယ်ဆေး Sputnik V ကို အရေးပေါ် အသုံးပြုဆေးဝါးစာရင်းမှာ ထည့်သွင်းပေးဖို့  ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ထံ လျှောက်ထားလိုက်ကြောင်း ရုရှားရဲ့ ကိုယ်ပိုင်စီမံပိုင်ခွင့်ရှိ ရန်ပုံငွေအဖွဲ့က အင်္ဂါနေ့(အောက်တိုဘာ ၂၇) မှာ ပြောဆိုပါတယ်။
ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံး မှတ်ပုံတင်ခွင့်ပြုတဲ့ နိုင်ငံဖြစ်ပြီး စမ်းသပ်ခံသူ များစွာပါရတဲ့ လက်တွေ့စမ်းသပ်မှုအဆင့် မပြီးမြောက်သေးခင် ယင်း သို့ ခွင့်ပြုချက်ပေးခဲ့တာကြောင့် ဆေးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုအပေါ် သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေက စိုးရိမ်မကင်းဖြစ်ခဲ့ကြပါတယ်။
အရေးပေါ် အသုံးပြုစာရင်းသွင်းခြင်းဟာ ကာကွယ်ဆေးတစ်မျိုးကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပိုမိုမြန်ဆန်အောင် ပြုလုပ်ဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး WHO ရဲ့ ကြိုတင်အရေးအသွေး သတ်မှတ်မှုဟာ ကာကွယ်ဆေးတွေရဲ့ ထိရောက် ဘေးကင်းမှုအတွက် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးစံညွှန်းတစ်ခုဖြစ်ပါတယ်။ အဆိုပါ လုပ်ထုံးလုပ်နည်းများအရ Sputnik V ကို အရည်အသွေးပိုင်း၊
ဘေးကင်းမှုပိုင်းနဲ့ ထိရောက်မှုစံနှုန်းတွေ ကိုက်ညီတဲ့ ဆေးဝါးထုတ်ကုန်များစာရင်းသို့  ပါဝင်ခွင့်ရစေမှာ ဖြစ်ကြောင်း RDIF ရဲ့ စီအီးအို ကီရေးလ် ဒီမီထရစ်ဗ်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ ယင်း ကာကွယ်ဆေးကို မော်စကိုရှိ Gamaleya Research Institute က ဖန်တီးကာ RDIF ဈေးကွက်ဖြန့်ဝေရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။
အကုန်သိ