အနုပညာသတင်း

ဖမ်းဆီးချုပ်နှောင်ခံထားရပေမယ့်လည်း သူချစ်တဲ့ပရိတ်သတ်ဆီကို မရရအောင်ထောင်ထဲကနေ အလွမ်းပြေအားပေးစာလေးတစ်ဆောင်ရေးသားလိုက်တဲ့ ပိုင်တံခွန်




Credit– Cele Zone


ပိုင်တံခွန်ကတော့ အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ် ထားပြီး လူငယ်ပီပီ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ရောကိုယ်ပါနှစ်ပြီး နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တာကြောင့် ခုဆိုရင် ပုဒ်မ (၅၀၅-က) နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေ မိတ်ဆွေတွေ က အခြား လူတွေလိုပဲ ပိုင်တံခွန် လွတ်မြောက်လာဖို့ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေကြတာ ယနေ့ အထိပါပဲ ။ ဒါ့အပြင် ခုချိန် အထိလည်း တံခွန်အတွက် ချစ်ရတဲ့ ပရိသတ်တွေက ဆုတောင်းပေးခြင်းတွေ အလှူလေးတွေ ပြုလုပ်ပေးနေကြပါတယ် ။

သူတစ်ပါးအပေါ် အမြဲ အလေးထားပြီး ကူညီဖေးမတတ်တဲ့ တံခွန်က အခုလည်း ကိုယ်တိုင် ဖမ်းဆီးချုပ်နှောင်ခံထားရပေမယ့်လည်း သူရဲ့ ပရိသတ်တစ်ယောက်အတွက် အားပေးစာလေးတစ်စောင်ကို ထောင်ထဲကနေ ရေးသားပေ းလာတာတွေ့ ရပါတယ် ။ စာလေးဖတ်ပြီး တကယ်ကို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြနါလည်ဝေမျှပေးလိုက်ပါတယ် ။

Credit– Cele Zone

Photo – Original Uploader