ပြည်တွင်းသတင်း

ကချင်ပြည်နယ် ဖားကန့် တောင်ပြိုမှော်ရွာ၌ အသွားအလာကန့်သတ်ထားမှုဖြေလျော့ပေးရေး ဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ တောင်ပြိုမှော်ရွာမှာ အသွားအလာကန့်သတ်ထားတာကို ဖြေလျော့ပေးဖို့ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည်က ရွာသူ/သားများက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူ ရွာသူ/သား အယောက် သုံးရာကျော်ခန့်က “တောင်ပြိုရွာ Lock Down အလိုမရှိ”ဟု အော်ဟစ် တောင်းဆိုခဲ့ကိုတာကိုတွေ့ရပါတယ်။

Image may contain: 1 person, standing, crowd and outdoor

တောင်ပြိုမှော်ရွာကို အသွားအလာကန့်သတ်ထားတာဟာ ၄၇ ရက်ရှိပြီဖြစ်သည့်အတွက် သွားလာခွင့်ပြုရန် ရပ်မိ/ရပ်ဖများက ဆန္ဒပြသူများ ကိုယ်စား တောင်းဆိုခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးတို့ပါဝင်တဲ့ အဖွဲ့က အသွားအ လာကန့်ထားတာနဲ့ပတ်သက်ပြီး ရွာသူရွာသားတွေကို ရှင်းပြပေးခဲ့ပြီး လိုအပ်တဲ့အကူအညီတွေကိုလည်း ပေးခဲ့ပါတယ်။ဒါပေမယ့် ဆန္ဒပြသူတွေက အသွားအလာကန့်သတ်မှု လုံးဝဖြုတ်ပေးရန်သာ တောင်းဆိုနေတာပါ။

ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိရာ တောင်ပြိုမှော်ရွာကို ကျေးရွာအစီအစဉ်နဲ့ စက်တင် ဘာ ၉ ရက်နေ့ညကစလို အသွားအလာကန့်သတ်ခဲ့သလို ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကလည်း စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ပြီး ထပ်မံကန့်သတ်ခဲ့ပါတယ်။

Image may contain: 1 person, standing and crowd

အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖားကန့်မြို့နယ်ကို Stay at Home သတ်မှတ်ကြေညာခဲ့ပါတယ်။ တောင်ပြိုမှော်ရွာမှာ အိမ်ထောင်စု ၄၈၀ ရှိပြီး လူဦးရေ ၁၇၁၄ ရှိနေပါတယ်။