News

ပျူခေတ်လက်ရာတွေနဲ့ စစ်ကိုင်းတိုင်းထဲက ရှိန်းမကားရွာကြီး

ရှိန်းမကားဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာကြီးတစ်ရွာပါ။

မန္တလေးကနေ ၄၂မိုင်၊ စစ်ကိုင်းကနေ ၂၆မိုင်၊ ရွှေဘိုကနေ ၃၆မိုင် အကွာမှာရှိပါတယ်။ ဘယ်လိုသွားရလဲဆိုတော့ မန္တလေး စစ်ကိုင်းဘက်က

လာရင် စစ်ကိုင်း ကောင်း မှုတော်ဘုရားကြီးနားကနေ ခရိုင်ချင်းဆက်လမ်းအသုံးပြုပြီး သွားလို့ရတယ်။

၂၅မိုင်ခန့်ဝေးပါတယ်။ ကျွန်တော်ကတော့ ရွှေဘိုကနေ သွားတာမို့ ရွှေဘို-မန္တလေးကားလမ်းအတိုင်းသွားပြီး ဝက်လက်မြို့ကိုသွားတဲ့

လမ်းခွဲကနေတစ်ဆင့် ရှိန်းမကားကိုရောက်ခဲ့တယ်။

ကားလမ်းကတော့ ရောက်ခါနီးမှာ ကောင်းတစ်ဝက်ဆိုးတစ်ဝက်နဲ့ မဆိုသလောက်လေးကြမ်းတယ်။ အပြန်ကျ ကားရှင်းတဲ့ ခရိုင်ချင်းဆက်

လမ်းကနေ ပြန်လာခဲ့တယ်။ မြစ်နားနီးတော့ ကုန်းဆင်းကုန်းတက်လေးတွေနဲ့ လမ်းဘေး ရှုခင်းတွေကိုလည်း တစ်ဝကြီးကြည့်လို့ရတာပေါ့။

ရှိန်းမကားကို ကားလမ်းတင်မက ရေလမ်းအသုံးပြုပြီးလည်း လာလို့ရသေးတယ်။ မန္တလေးကနေ tour ferry boat တွေလာတာကို တွေ့ရ

တယ်။ ရွာထဲကိုရောက်ပြီဆိုရင် တောကျောင်းကို သွားချင်လို့ပါလို့ ရွာခံတွေကိုမေးလိုက်ရင် သူတို့ လမ်းညွှန်ပေးပါတယ်။

တောကျောင်းထဲမသွားခင် ရွာထဲမှာ ဒီဒေသရဲ့နာမည်ကြီး ရှိန်းမကားမုန့်တီ၊ မလိုင်ပေါက်စီ၊ အာပူလျှာပူ အဆာပြေ စားခဲ့ပါဦး။

ရှိန်းမကားက ရာဇဝင်နဲ့ဗျ။ ပျူခေတ်ကတည်းက ရှိခဲ့တဲ့ရွာကြီးလို့သိရတယ်။

ဟန်လင်း ၉မြို့မှာ တစ်မြို့အပါအဝင်တဲ့။ ၉ရာစုလောက်က တည်းကနော်။ အဲဒါနဲ့ ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်ရောက်တော့

ခရစ်နှစ် ၁၈၆၀ လောက်မှာ မင်းတုန်းမင်းတရားကြီးက ဒီဒေသမှာ သတင်းသုံးတဲ့ ပထမရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ဆရာတော်ဘ

ဒ္ဒန္တဇာဂရကို ဖူးမျှော်ဖို့ရောက်လာခဲ့ရင်း ရှိန်းမကားတောရ ကျောင်း နဲ့ အခြားဘာသာရေးအဆောက်အအုံတွေကို လှူဒါန်းခဲ့တာတဲ့။

အဲဒီအဆောက်အအုံတွေဟာ အခုထိတိုင်ရှိနေသေးတော့ ရတနာပုံခေတ်ရဲ့ အနုပညာ ဗိသုကာလက်ရာတွေကို လုံးဝထိတွေ့ခွင့်ရမှာ။

ပန်းခက် ပန်းလက် ရုပ်ကြွရုပ်လုံးတွေနဲ့ ပန်းတော့လက်ရာတွေက အံ့မ ခန်းပဲ။

ကျောင်းတိုက်တစ်ခုထဲမှာဆိုရင် မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ဗီရိုကြီးတွေ၊ မန္တလေးရတနာပုံနန်းတော်ကနေ ဆရာတော်ဘုရားကြီးကို

နေ့စဉ်ဆွမ်းပို့တဲ့ ဆွမ်းချိုင့်ကြီးနဲ့ ကနောင်မင်းသားကြီးရဲ့ ပြင်သစ်နိုင်ငံလုပ် မီးလုံး မီးဆိုင်းတွေ ဖန်အိုးတွေ၊ တွကို အခုထိ အကောင်းပကတိ

အတိုင်းတွေ့ခဲ့ရတယ်။

Zawgyi

ရွိန္းမကားဆိုတာ စစ္ကိုင္းတိုင္းေဒသႀကီး ဝက္လက္ၿမိဳ႕နယ္ ဧရာဝတီျမစ္ကမ္းေဘးမွာရွိတဲ့ ႐ြာႀကီးတစ္႐ြာပါ။

မႏၱေလးကေန ၄၂မိုင္၊ စစ္ကိုင္းကေန ၂၆မိုင္၊ ေ႐ႊဘိုကေန ၃၆မိုင္ အကြာမွာရွိပါတယ္။ ဘယ္လိုသြားရလဲဆိုေတာ့ မႏၱေလး စစ္ကိုင္းဘ

က္ကလာရင္ စစ္ကိုင္း ေကာင္း မႈေတာ္ဘုရားႀကီးနားကေန ခရိုင္ခ်င္းဆက္လမ္းအသုံးျပဳၿပီး သြားလို႔ရတယ္။

၂၅မိုင္ခန႔္ေဝးပါတယ္။ ကြၽန္ေတာ္ကေတာ့ ေ႐ႊဘိုကေန သြားတာမို႔ ေ႐ႊဘို-မႏၱေလးကားလမ္းအတိုင္းသြားၿပီး ဝက္လက္ၿ

မိဳ႕ကိုသြားတဲ့ လမ္းခြဲကေနတစ္ဆင့္ ရွိန္းမကားကိုေရာက္ခဲ့တယ္။

ကားလမ္းကေတာ့ ေရာက္ခါနီးမွာ ေကာင္းတစ္ဝက္ဆိုးတစ္ဝက္နဲ႕ မဆိုသေလာက္ေလးၾကမ္းတယ္။ အျပန္က် ကားရွင္းတဲ့ ခရိုင္ခ်င္း

ဆက္လမ္းကေန ျပန္လာခဲ့တယ္။ ျမစ္နားနီးေတာ့ ကုန္းဆင္းကုန္းတက္ေလးေတြနဲ႕ လမ္းေဘး ရႈခင္းေတြကိုလည္း တစ္

ဝႀကီးၾကည့္လို႔ရတာေပါ့။

ရွိန္းမကားကို ကားလမ္းတင္မက ေရလမ္းအသုံးျပဳၿပီးလည္း လာလို႔ရေသးတယ္။ မႏၱေလးကေန tour ferry boat ေတြလာ

တာကို ေတြ႕ရတယ္။ ႐ြာထဲကိုေရာက္ၿပီဆိုရင္ ေတာေက်ာင္းကို သြားခ်င္လို႔ပါလို႔ ႐ြာခံေတြကိုေမးလိုက္ရင္ သူတို႔ လမ္းၫႊ

န္ေပးပါတယ္။

ေတာေက်ာင္းထဲမသြားခင္ ႐ြာထဲမွာ ဒီေဒသရဲ႕နာမည္ႀကီး ရွိန္းမကားမုန႔္တီ၊ မလိုင္ေပါက္စီ၊ အာပူလွ်ာပူ အဆာေျပ စားခဲ့ပါဦး။

ရွိန္းမကားက ရာဇဝင္နဲ႕ဗ်။ ပ်ဴေခတ္ကတည္းက ရွိခဲ့တဲ့႐ြာႀကီးလို႔သိရတယ္။

ဟန္လင္း ၉ၿမိဳ႕မွာ တစ္ၿမိဳ႕အပါအဝင္တဲ့။ ၉ရာစုေလာက္က တည္းကေနာ္။ အဲဒါနဲ႕ ကုန္းေဘာင္ေခတ္ႏွောင္း ရတနာပုံေခ

တ္ေရာက္ေတာ့ ခရစ္ႏွစ္ ၁၈၆၀ ေလာက္မွာ မင္းတုန္းမင္းတရားႀကီးက ဒီေဒသမွာ သတင္းသုံးတဲ့ ပထမေ႐ႊက်င္သာသနာပိုင္ဆ

ရာေတာ္ႀကီး ဆရာေတာ္ဘဒၵႏၱဇာဂရကို ဖူးေမွ်ာ္ဖို႔ေရာက္လာခဲ့ရင္း ရွိန္းမကားေတာရ ေက်ာင္း နဲ႕ အျခားဘာသာေရး

အေဆာက္အအုံေတြကို လႉဒါန္းခဲ့တာတဲ့။

အဲဒီအေဆာက္အအုံေတြဟာ အခုထိတိုင္ရွိေနေသးေတာ့ ရတနာပုံေခတ္ရဲ႕ အႏုပညာ ဗိသုကာလက္ရာေတြကို လုံးဝထိေတြ႕ခြင့္ရ

မွာ။ ပန္းခက္ ပန္းလက္ ႐ုပ္ႂကြ႐ုပ္လုံးေတြနဲ႕ ပန္းေတာ့လက္ရာေတြက အံ့မ ခန္းပဲ။

ေက်ာင္းတိုက္တစ္ခုထဲမွာဆိုရင္ မင္းတုန္းမင္းႀကီးလႉဒါန္းခဲ့တဲ့ ဗီရိုႀကီးေတြ၊ မႏၱေလးရတနာပုံနန္းေတာ္ကေန ဆရာေ

တာ္ဘုရားႀကီးကို ေန႕စဥ္ဆြမ္းပို႔တဲ့ ဆြမ္းခ်ိဳင့္ႀကီးနဲ႕ ကေနာင္မင္းသားႀကီးရဲ႕ ျပင္သစ္နိုင္ငံလုပ္ မီးလုံး မီးဆိုင္းေတြ ဖန္အိုးေ

တြ၊ တြကို အခုထိ အေကာင္းပကတိအတိုင္းေတြ႕ခဲ့ရတယ္။

crd