ကျန်းမာရေး အေထြေထြဗဟုသုတ

တစ်ပတ်အတွင်း ပွေး၊ ညှင်းတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ အိမ်တွင်းကုထုံး

တစ်ပတ်အတွင်း ပွေး၊ ညှင်းတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ အိမ်တွင်းကုထုံး

ပွေး၊ ဝဲ ၊ ညှင်း စတဲ့ ယားနာတွေက အရေပြားမသန့်ရှင်းမှုကြောင့် ဖြစ်လာတဲ့ ယားနာတွေဖြစ်ပါတယ်။ ထို ယားနာတွေဖြစ်လာပြီဆိုရင် ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် ကျန်ရှိနေတဲ့ အမာရွတ်တွေကတော့ ရုပ်ဆိုးစေမှာ အမှန်ပါ။ နောက်ပြီး ပွေး ညှင်းယားနာတွေက ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲသလို အခြားနေရာတွေကို ကူးစက်ဖို့လည်း မြန်ဆန်ပါတယ်။

ဒါ့ကြောင့် ပွေး ညှင်းတွေကြောင့် စိတ်ညစ်နေရတဲ့ သူတွေအတွက် တစ်ပတ်အတွင်းမှာ အမာရွတ်မကျန်ပဲ ပွေး ညှင်း တင်းတိပ်တွေကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ တိုင်းရင်းဆေးနည်း တစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

– ကြက်သွန်နီတစ်လုံးကို အခွံခွာရေသေချာ ဆေးပြီး ညှပ်အောင်ထောင်းလိုက်ပါ။

– ပြီးရင်တော့ သံပုရာသီးတစ်လုံးကို ယူပြီး ထောင်းထားတဲ့ ကြက်သွန်နီထဲကို ညှစ်ထည့်လိုက်ပါ။

– သမအောင် နှယ်ပြီး ပွေး ညှင်း တင်းတိပ်တွေရှိတဲ့ နေရာကို နှံအောင်လိမ်းပေးပါ။

ထိုဆေးနည်းကို တစ်နေ့ နှစ်ကြိမ် တစ်ပတ်ဆက်တိုက် ပုံမှန်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကောင်းတွေကို ခံစားရမှာပါ။ လုပ်ရလွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အပြင် မြန်မာ့ရိုးရာ တိုင်းရင်းဆေးနည်းဖြစ်တာကြောင့် ယုံကြည်စွာနဲ့ စမ်းသုံးကြည့်နိုင်ဖို့ မေတ္တာဖြင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Zawgyi

တစ္ပတ္အတြင္း ေပြး၊ ညႇင္းေတြကို ေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္တဲ့ အိမ္တြင္းကုထုံး

ေပြး၊ ဝဲ ၊ ညႇင္း စတဲ့ ယားနာေတြက အေရျပားမသန႔္ရွင္းမႈေၾကာင့္ ျဖစ္လာတဲ့ ယားနာေတြျဖစ္ပါတယ္။ ထို ယားနာေတြျဖစ္လာၿပီဆိုရင္ ေပ်ာက္ကင္းေအာင္ ကုသႏိုင္ေပမယ့္ က်န္ရွိေနတဲ့ အမာ႐ြတ္ေတြကေတာ့ ႐ုပ္ဆိုးေစမွာ အမွန္ပါ။ ေနာက္ၿပီး ေပြး ညႇင္းယားနာေတြက ေပ်ာက္ကင္းေအာင္ ကုသဖို႔ ခက္ခဲသလို အျခားေနရာေတြကို ကူးစက္ဖို႔လည္း ျမန္ဆန္ပါတယ္။

ဒါ့ေၾကာင့္ ေပြး ညႇင္းေတြေၾကာင့္ စိတ္ညစ္ေနရတဲ့ သူေတြအတြက္ တစ္ပတ္အတြင္းမွာ အမာ႐ြတ္မက်န္ပဲ ေပြး ညႇင္း တင္းတိပ္ေတြကို ေပ်ာက္ကင္းေအာင္ ကုသႏိုင္တဲ့ တိုင္းရင္းေဆးနည္း တစ္မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

– ၾကက္သြန္နီတစ္လုံးကို အခြံခြာေရေသခ်ာ ေဆးၿပီး ညႇပ္ေအာင္ေထာင္းလိုက္ပါ။

– ၿပီးရင္ေတာ့ သံပုရာသီးတစ္လုံးကို ယူၿပီး ေထာင္းထားတဲ့ ၾကက္သြန္နီထဲကို ညႇစ္ထည့္လိုက္ပါ။

– သမေအာင္ ႏွယ္ၿပီး ေပြး ညႇင္း တင္းတိပ္ေတြရွိတဲ့ ေနရာကို ႏွံေအာင္လိမ္းေပးပါ။

ထိုေဆးနည္းကို တစ္ေန႔ ႏွစ္ႀကိမ္ တစ္ပတ္ဆက္တိုက္ ပုံမွန္လုပ္ေပးမယ္ဆိုရင္ သိသာတဲ့ ရလဒ္ေကာင္းေတြကို ခံစားရမွာပါ။ လုပ္ရလြယ္ကူတဲ့ နည္းလမ္းျဖစ္တဲ့ အျပင္ ျမန္မာ့႐ိုးရာ တိုင္းရင္းေဆးနည္းျဖစ္တာေၾကာင့္ ယုံၾကည္စြာနဲ႔ စမ္းသုံးၾကည့္ႏိုင္ဖို႔ ေမတၱာျဖင့္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။