ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ လက်ဝှေ့အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။
One Championshipရဲ့ ဝိတ်တန်း (၂)ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကတော့ ယခုမှာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲအဖြစ် စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ရိုင်နာဒီရစ်ဒါနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး အောင်လအန်ဆန်နဲ့ ရေနီယာဒီရစ်ဒါတို့ရဲ့တွဲဆိုင်းက အဓိကတွဲဆိုင်းအဖြစ်
ပါဝင်လာခဲ့တာပါ မြန်မာ့စပါးအုံးလို့ခေါ်တဲ့ အောင်လအန်ဆန်ကတော့ ပြိုင်ဘက်ကို အကောင်းဆုံးပုံစံနဲ့ ထိုးသတ်သွားခဲ့တာပါ။ အောင်လအန်ဆန်နဲ့ ရိုင်နာဒီရစ်ဒါတို့ရဲ့ပွဲကို ယနေ့ အောက်တိုဘာ (၃၀)ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်။
ပြိုင်ပွဲမပြိုင်ခင်ကတည်းက လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် အဆက်မပြတ်ပြုလုပ်နေခဲ့ပြီး ချန်ပီယံကာကွယ်ပွဲအတွက် ပြိုင်ဘက်ကို အကောင်းဆုံးပုံစံနဲ့ ထိုးသတ်သွားခဲ့ပါတယ်။ အောင်လအန်ဆန်နဲ့ ထိုးသတ်ခဲ့တဲ့ ရေနီယာဒီရစ်ဒါကတော့ နယ်သာလန်နိုင်ငံသား ဖြစ်ပြီး
၁၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ မြန်မာ့စပါးအုံး အောင်လအန်ဆန်က အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဒီတစ်ခါမှာတော့ သူ့ရဲ့ခါးပတ်ကို မကာကွယ်နိုင်ခဲ့ပါဘူး။
ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ နောက်ပွဲတွေမှာ ထပ်မံဂုဏ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်ကြီးလည်း အောင်လအန်ဆန်ကိုချစ်ရင် အားပေးစကားပြောခဲ့ပေးကြပါဦးနော်။ ခရက်ဒစ်