ကျန်းမာရေး အေထြေထြဗဟုသုတ

ပျိုမေတို့ ဝိတ်ချတဲ့အခါ စားပေးသင့်တဲ့ ဝိတ်အမြန်ကျစေမယ့် အစားအစာများ

ကိုယ်အလေးချိန်လျှော့ချတော့မယ််ဆိုရင် အများစုလက်ခံထားတာဟာ ဘာမှမစားရဘူးပေါ့။ ဒါပေမဲ့မဟုတ်ပါဘူး။ ကျန်းမာကျစ်လစ်တဲ့ ဝိတ်ချနည်းမျိုးဖြစ်ဖို့အတွက်ဆိုတာ diet ကို သေချာလေးလုပ်ရပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ စားသင့်ပါတယ်။ ဒါဆိုရင် ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတွေအတွက် သီးသန့်ရွေးချယ်ပေးထးတဲ့ diet food လေးတွေအကြေင်း ဖော်ပြပေးလိက်ပါတယ်။

ကျောက်ဖရုံသီး

ကျောက်ဖရုံသီးဟာ ရေဓာတ်ပြည့်ဝစွာ ပါဝင်နေတဲ့ အသီးအနှံတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ဗိုက်ပြည့်စေပြီးတော့ ကျန်းမာရေးကိုလည်း ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။

ပန်းပွင့်

အသက် ၄၀ ကျော်တဲ့အမျိုးသမီးတိုင်း အမြဲတမ်းစားပေးသင့်တဲ့ အစားအစာတစ်မျိုးပါ။ Keto သမားတွေဆိိုရင် ထမင်းအစား ပန်းပွင့်ကို နုတ်နုတ်စဉ်းပြီးတော့ စားတာမျိုးတွေတောင်ရှိနေပါတယ်။ ဗီတာမင် C, B နဲ့ K တို့ပါဝင်နေပြီးတော့ အကောင်းဆုံးသော diet food ပဲဖြစ်ပါတယ်။

ငရုတ်ပွ

ဗီတာမင် C ဓာတ်ပါဝင်ပြီးတော့ တစ်နေ့ကို ၃ လုံးမျှစားပေးခြင်းဟာ သင့်ရဲ့ကယ်လိုရီကို လောင်ကျွမ်းစေပြီး ကိုယ်တွင်းမှာဖြစ်ပွားနေတဲ့ ဖိဆီးမှုတွေကိုလည်းပျောက်ကင်းစေမှာပါ။

နေ့စဉ်နဲ့အမျှ လူငယ်တွေကြား ရေပန်းစားနေတဲ့ မြန်မာနိုင်ငံရှိ နာမည်ကြီး Influencer များ
မုန်လာဥနီ

Beta-carotene ဓာတ်ပါဝင်တဲ့ မုန်လာဥနီတွေမှာ ဗီတာမင် A ါ်ာတ်လည်း ပါဝဝင်နေတဲ့အတွကကြောင့် တစ်နေ့ကို မုန်လာဥနီ ဥအသေး (၂) လုံးနဲ့ ဥကြီးဆို ၁ လုံးကုန်အောင် အားပေးသင့်ပါတယ်။

အသီးသေးပေမယ့်လို့ ဖိုကဘာဓာတ်ပြည့်ဝစွာပါဝင်ပြီးတော့ အာဟာရလည်း ရှိတဲ့အတွက်ကြောင့် blueberry လေလးတွေဟာအဆာခံစေမှာပါဖြစ်ပါတယ်။

ဇီးသီးခြောက်

ဈေးကွက််မှာ အလွယ်တကူဝယ်လို့ရတဲ့ ဇီးသီးခြောက််တွေဟာလည်း ဗီတာမင် A, K, B2, B3, B6 နဲ ့ဖိုက်ဘာဓာတ်တွေ ရောနှောပြီး ပါဝင်နေတဲ့အတွွက်ကြောင့် ဝမ်းမှန်စေတဲ့အာနိသင့်ကို ရရှိစေမှာဖြစ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ ကယ်လ်ဆီယမ်ဓာတ်ပေါကြွယ်ဝပြီးတော့ သင့်ရဲ့ကြွက်သားတည်ဆောက်မှုကိုလည်း အားပေးတဲ့အတွက်ကြောင့် လေ့ကျင့်ခန်းပါ တွဲလုပ်တဲဲ့လူတွေအတွက် အထေက်အကူအဖြစ်ဆုံးပပါဲ။

ချဉ်တဲ့အသီး

သံပုရာသီး၊ ရှောက်သီးတို့၊ လိမ္မော်သီးတို့လို အက်ဆစ်ဓာတ်ပါပြီးတော့ချဉ်တဲ့အသီးတွေကိုလည်း စားပေးခြင်းဖြင့် အစားမစားရလို့ နုန်းချိနေတဲ့ ခန္ဓာကိုယ်လည်းလန်းဆန်းစေပြီးတော့ အူလမ်းကြောင်းကိုလည်း ရှင်းပြီးသားဖြစ်စမှာပါ။