ျပည္တြင္းသတင္း

ပုလဲၿမိဳ႕နယ္မွာ မိုင္း ၂၇ လုံး အခြဲခံလိုက္တဲ့ စစ္ေကာင္စီယာဥ္တန္း ဝင္ေရာက္လာပုံ (႐ုပ္/သံ)

ပုလဲၿမိဳ႕နယ္မွာ မိုင္း ၂၇ လုံး အခြဲခံလိုက္တဲ့ စစ္ေကာင္စီယာဥ္တန္း ဝင္ေရာက္လာပုံ (႐ုပ္/သံ)

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္အတြင္းသို႔ ေအာက္တိုဘာလ ၄ ရက္ေန႔ နံနက္ပိုင္း ဝင္ေရာက္လာေသာ စစ္ေကာင္စီယာဥ္တန္း အစီး ၈၀ ေက်ာ္ကို မိုင္း ၂၇ လုံးခြဲ၍

ပုလဲ PDF က တိုက္ခိုက္လိုက္ၿပီး ကား ၅ စီးပ်က္စီးကာ စစ္ေကာင္စီတပ္သားအမ်ားအျပား ေသဆုံးေၾကာင္း ပုလဲ PDF က တရားဝင္ေျပာဆိုသည္။

ေအာက္တိုဘာလ ၄ ရက္ေန႔ အေျမာက္ကား ၈ စီး ႏွင့္ Truck ကားမ်ား တြဲကားမ်ား ပါဝင္ေသာ စစ္အုပ္စု၏ အစီး ၈၀ ေက်ာ္ျဖင့္ ပုလဲၿမိဳ႕နယ္အတြင္း ေထာက္ပို႔စစ္ကူအျဖစ္ဝင္ေရာက္လာေသာ ယာဥ္တန္းအား

ကန႔္ေဒါင့္ေက်းရြာ အေနာက္ ပိေတာက္ကုန္း လမ္းခြဲအလြန္ ေရႊမင္းသမီးေကြ႕ ေခၚ ကိုးေလာင္းၿပိဳင္ေကြ႕တြင္

ဗိုလ္နဂါး ဦးေဆာင္သည့္ ပုလဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ မိုင္း ၂၇လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ

ယာဥ္တန္းအတြင္းမွ ကား ၅ စီး ပ်က္စီးခဲ့ၿပီး စစ္သားမ်ား အမ်ားအျပား ေသဆုံး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

ယခုအခ်ိန္တြင္ ၎ယာဥ္တန္းမွာ ဆက္လက္ထြက္ခြာနိုင္ျခင္းမရွိေသးဘဲ နဂါးမေတာင္ေပၚတြင္ ရပ္တန႔္ ေနဆဲျဖစ္ၿပီး

ေနာက္ဆက္တြဲ သတင္းမ်ားကို ဆက္လက္ အသိေပးမည္ဟု ပုလဲPDF က သတင္းထုတ္ျပန္ထားသည္။

unicode

ပုလဲမြို့နယ်မှာ မိုင်း ၂၇ လုံး အခွဲခံလိုက်တဲ့ စစ်ကောင်စီယာဉ်တန်း ဝင်ရောက်လာပုံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍

ပုလဲ PDF က တိုက်ခိုက်လိုက်ပြီး ကား ၅ စီးပျက်စီးကာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ပုလဲ PDF က တရားဝင်ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ အမြောက်ကား ၈ စီး နှင့် Truck ကားများ တွဲကားများ ပါဝင်သော စစ်အုပ်စု၏ အစီး ၈၀ ကျော်ဖြင့် ပုလဲမြို့နယ်အတွင်း ထောက်ပို့စစ်ကူအဖြစ်ဝင်ရောက်လာသော ယာဉ်တန်းအား

ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့တွင်

ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း ၂ရလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ

ယာဉ်တန်းအတွင်းမှ ကား ၅ စီး ပျက်စီးခဲ့ပြီး စစ်သားများ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ၎င်းယာဉ်တန်းမှာ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ နဂါးမတောင်ပေါ်တွင် ရပ်တန့် နေဆဲဖြစ်ပြီး

နောက်ဆက်တွဲ သတင်းများကို ဆက်လက် အသိပေးမည်ဟု ပုလဲPDF က သတင်းထုတ်ပြန်ထားသည်။

crd