အေထြေထြဗဟုသုတ

တန်ဖိုးရှိတဲ့မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများကသတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။မိန်းကလေးတစ်

ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာ ဖြစ်ပါတယ်။


အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချ

တတ်သလဲ ပြီးတော့ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့မိန်းကလေး

တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော်

(၁) မချစ်သင့်တဲ့သူကို မချစ်ဘူး

ဒီလိုမိန်းကလေးတွေအနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရား

ဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။မချစ်သင့်တဲ့သူမျိုးကို

ဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး နာမည်ပျက်မရှိပါဘူး

(၂) ကိုယ့်ကိုမလိုချင်တဲ့သူဆီမှာ မတွယ်ကပ်ဘူး

ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုယ့်ကို မချစ်တော့ဘူး၊ မလိုချင်တော့ဘူး၊ ကောင်းကောင်း တန်ဖိုးမထားတော့ဘူးဆိုရင်အဲဒီ့လူ

ဆီမှာ အောက်ကျနောက်ကျခံပြီး တွယ်ကပ်နေမယ့်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ကို တန်ဖိုးမထားတဲ့သူကို စွန့်ခွာသွားဖို့

ဘယ်တော့မှ ဝန်မလေးသလို၊ နောက်တွန့်နေမယ့် သူတွေမဟုတ်ပါဘူး။ သူတို့အတွက် အချစ်ဆိုတာ ဘဝတစ်ခုလုံးမဟုတ်တာကြောင့်

အချစ်တစ်ခုတည်းအတွက်နဲ့ ကိုယ့်ကို တန်ဖိုးမထားတာမျိုးကို သည်းခံနေမယ့်သူတွေ မဟုတ်ပါဘူး ။

(၃) ျခဴမစားတတ္ဘူး

တန်ဖိုးရှိတဲ့မိန်းကလေးတွေက ပိုက်ဆံမချမ်းသာရင်တောင် မာနနဲ့ကိုယ်ကျင့်တရားတော့ ချမ်းသာကြပါတယ်။ သူတို့တွေဟာယောကျ်ား

တစ်ယောက်ဆီက ခြူစားတာတွေ၊ခန္ဓာကိုယ်နဲ့ရင်းပြီး အပေးအယူလုပ်တာတွေ ဘယ်တော့မှမလုပ်ပါဘူး။

သူတို့အတွက် ဘယ်သမ္မာအာဇီဝ အလုပ်က ရှက်စရာမဟုတ်သလို၊ သူများဆီကအချောင်ရတဲ့ပိုက်ဆံထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်

ပြီး ကိုယ့်ခွန်အားနဲ့ရတဲ့ ချွေးနဲစာကို ပိုပြီးတန်ဖိုးထားပါတယ် ။

(၄) မိန်းကလေးအားလုံးကို ကိုယ်စားပြုတယ်

သူတို့ဟာ သူတို့ကိုသူတို့ မိန်းကလေးတွေအားလုံးကို ကိုယ်စားပြုတယ်လို့ ခံယူထားသူတွေပါ။ သူတို့ရဲ့အပြုအမူ၊ ကိုယ်ကျင့်တရား၊

အစစအရာရာမှာ လက်လွတ်စပယ်၊ ပေါ့တီးပေါ့ပျက် မနေတတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့်

တခြားမိန်းကလေးတွေကိုပါ မကောင်းမြင်တာမျိုး မဖြစ်စေချင်သလို၊ သူတို့ကြောင့်နဲ့ အခြားမိန်းကလေးတွေကိုအထင်သေးတာမျိုးတွေ မ

ဖြစ်စေချင်လို့ပါ။သူတို့တတ်နိုင်တဲ့ဘက်ကနေ မိန်းကလေးတွေရဲ့ ဂုဏ်ကိုမြှင့်တင်ပေးဖို့ ကြိုးစားကြတဲ့သူတွေပါ ။

(၅) သူများကို မကစားဘူး

သူတို့တွေဟာ ဘယ်တော့မှ တစ်ဖက်သားရဲ့ခံစားချက်ကို မကစားတတ်ပါဘူး။ ချစ်သူရှိရက်နဲ့ ဖောက်ပြန်တာမျိုး၊ ဆိုင်သူရှိနေတဲ့သူကိုစနို

က်ကျော်တာမျိုး၊ လိုချင်တပ်မက်တာမျိုး၊ တကယ်မချစ်ပဲအပျော်တွဲတာမျိုးတွေ ဘယ်တော့မှ မလုပ်ပါဘူး ။

အကြောင်းကတော့ သူတို့ဟာ စိတ်နေစိတ်ထား အထက်တန်းကျပြီး တန်ဖိုးရှိတဲ့မိန်းကလေးတွေ ဖြစ်တာကြောင့်ကိုယ့်အတွက်နဲ့

တစ်ဖက်သားကို ဒဏ်ရာမရစေချင်လို့ပါ။ များသောအားဖြင့် သူတို့ဟာ FA တွေ ဖြစ်တတ်ကြပါတယ် ။ ။

Credit

Unicode

တန်ဖိုးရှိတဲ့မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများကသတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာ ဖြစ်ပါတယ်။




အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချ

တတ်သလဲ ပြီးတော့ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့မိန်းကလေး

တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော်

(၁) မချစ်သင့်တဲ့သူကို မချစ်ဘူး

ဒီလိုမိန်းကလေးတွေအနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရား

ဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။မချစ်သင့်တဲ့သူမျိုးကို

ဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး နာမည်ပျက်မရှိပါဘူး

(၂) ကိုယ့်ကိုမလိုချင်တဲ့သူဆီမှာ မတွယ်ကပ်ဘူး

ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုယ့်ကို မချစ်တော့ဘူး၊ မလိုချင်တော့ဘူး၊ ကောင်းကောင်း တန်ဖိုးမထားတော့ဘူးဆိုရင်အဲဒီ့လူ

ဆီမှာ အောက်ကျနောက်ကျခံပြီး တွယ်ကပ်နေမယ့်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ကို တန်ဖိုးမထားတဲ့သူကို စွန့်ခွာသွားဖို့




ဘယ်တော့မှ ဝန်မလေးသလို၊ နောက်တွန့်နေမယ့် သူတွေမဟုတ်ပါဘူး။ သူတို့အတွက် အချစ်ဆိုတာ ဘဝတစ်ခုလုံးမဟုတ်တာကြောင့်

အချစ်တစ်ခုတည်းအတွက်နဲ့ ကိုယ့်ကို တန်ဖိုးမထားတာမျိုးကို သည်းခံနေမယ့်သူတွေ မဟုတ်ပါဘူး ။

(၃) ခြူမစားတတ်ဘူး

crd