ပြည်တွင်းသတင်း

ဦးဖြိုးမင်းသိန်းက သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ပြုံးတယ် (ရုပ်သံ)

ဦးဖြိုးမင်းသိန်းက သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ပြုံးတယ်

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

ဦးဖြိုးမင်းသိန်းက သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ပြုံးတယ် – တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့် အင်တာဗျူး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အဂတိအမှုအတွက် NLD အစိုးရလက်ထက်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၁ ရက်နေ့ရုံးချိန်းတွင် တရားလိုပြသက်သေအနေဖြင့် လာရောက်ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတွင်စွဲဆိုထားသည့် အဂတိအမှု ၄ မှုကို နေပြည်တော်သို့ ပြောင်းရွှေ့စစ်ဆေးနေခြင်းဖြစ်သည်။

၁-၁၀-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီဝန်းအတွင်းတွင် အမှုနှင့်ပတ်သတ်ပြီး ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် နစကကောင်စီက ဦးဖြိုးမင်းသိန်း၏ထွက်ဆိုချက်အဖြစ် အစောပိုင်းကတည်းက ရုပ်မြင်သံကြားလိုင်းများတွင် လွှင့်ထုတ်ပြသခဲ့သေးသည်ဖြစ်ရာ

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီ ရွှေ ၇ ပိဿာ ကိုယ်တိုင်ပေးခဲ့ရကြောင်း ပြောဆိုထားသည်။

ယခုရုံးချိန်းတွင်လည်း အထက်ပါအတိုင်း ထပ်မံထွက်ဆိုသွားသည်။

ဦးဖြိုးမင်းသိန်းသည် တရားခွင်သို့ညှိုးနွမ်းစွာဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ဒေါ်အောာင်ဆန်းစုကြည်နှင့် မျက်နှာချင်းမဆိုင်ဘဲ မျက်လွှာချထားကြောင်း၊

၎င်းအနေဖြင့် ကျန်းမာရေး မကောင်းမွန်ဖြစ်နေကြောင်းများ ပြောဆိုသွားသည်။

ထို့ပြင် ရုံးတော်၌ ၎င်း၏အလုပ်အကိုင်နှင့်ပတ်သက်၍ “နိုင်ငံရေးသမား”ဟု ပြောသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်က တချက်ပြုံးလိုက်သည်ကို တွေ့ရှိရကြောင်း

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊

ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့် တရားရင်ဆိုင်နေရပြီး အဂတိလိုက်စားမှု

တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ဖြင့် အမှု ၅မှု တရားစွဲခံထားရသည်။

(Zawgyi)

crd