ပြည်တွင်းသတင်း

ဒီကနေ့လေးမှာ အိမ်ထောင်စု ၃၀၀ ကျော်အတွက် စားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ပိုးမီ

အဆိုတော် ပိုးမီက တောင်ဥက္ကလာ ၁၄ရပ်ကွက်မှာရှိတဲ့ ပြည်သူတချို့အတွက် အခြေခံစားသောက်ကုန်များကို သွားရောက် လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ အိမ်ထောင်စု ၃ဝဝလောက် ရှိတဲ့အတွက် အလှူရှင်များလည်း သွားရောက် လှူဒါန်းလိုရတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။


“ ဒီ ရက်ပိုင်းတွေထဲ …မလှူနိုင်ခဲ့တာ ကြာပါပြီ ( ကိုယ်တိုင်ကိုက မွဲနေလို့😑)

ဒီနေ့ေ တာ့ …တောင်ဥက္ကလာ ၊ ၁၄ ရပ်ကွက် စီမံကိန်း (၁) ရပ်ကွက်လေးကို အခြေခံ စားသောက်ကု န်တွေ သွားလှူဖြစ်ခဲ့ပါတယ် … ( တတ်နိုင်သလောက်လေး လှူနိုင်ခဲ့တာမို အိမ်ထောင်စု အားလုံးစာ မလှူနိုင်ခဲ့ တာတော့ စိတ်မကောင်းဖြစ်ရတယ် 😔)

တစ်ခု ချစ်စရာကောင်းတာက … အဲ့ဒီ့ရပ်ကွက်လေးက ငါရဖို သူရဖို့ အတင်းလုယူ သွားတာမျိုးမရှိဘဲ … အိမ်ထောင်စု အားလုံး ညီညီမျှမျှ ရအောင်လို့ အလှူပစ္စည်း အားလုံး ကို တာဝန်ရှိတဲ့ လူကြီးတစ်ေ ယာက်က ထိန်း သိမ်းပေးပြီး အချိုးကျ ခွဲဝေးပေးမှာကို ကြည်ကြည်ဖြူဖြူသဘောတူကြတယ် …လှူတဲ့အ လှူရှင်တွေလဲ ..စိတ်ချမ်းသာစေချင်လို့ပါတဲ့ ….

အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိတာ မို့ … အလှူရှင်တွေကိုလဲ သွားရောက်လှူဒါန်းနိုင်ဖို့ နှိုးဆော်ပါတယ် ….. ယနေ့ ကုသိုလ် အားလုံးထပ်တူ ရကြပါစေ ….”လို ရေးသားထားပါတယ်။

Zawgyi Version







Tags:ပိုးမီ