ပြည်တွင်းသတင်း

တစ်ကြိမ်ထပ်ပို၍ မဲပေးခြင်းကို ကာကွယ်တားဆီးရန်အတွက် ဂျပန်က အလွယ်တကူဖျက်ပစ်၍မရသောမင်ရည်များ မြန်မာကို လွှဲပြောင်းပေးအပ်

ဂျပန်နိုင်ငံက အထောက်အပံ့စီမံကိန်းဖြစ်သော “ရွေးကောက်ပွဲအကူအညီပေးရေးစီမံကိန်း” အရ အလွယ်တကူဖျက်ပစ်၍မရသောမင်ရည်များ ကို မြန်မာနိုင်ငံသို့ ယနေ့ ပေးအပ်ခဲ့သည်။ ရွေးကောက်ပွဲတွင် တစ်ကြိမ်ထပ်ပို၍ မဲပေးခြင်းကို ကာကွယ်တားဆီးရန်အတွက်ဖြစ်သည် မင်ရည်များသည် ဂျပန်ယန်း ၁၈၁ သန်းတန်ဖိုးရှိသည်ဟုသိရသည်။ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ‌ယနေ့ရေက်ရှိလာသော မင်ရည်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro က ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကြည်မြင့် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာတွင်

“၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာ နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပိုမို တိုးတက်စေရန်အတွက် အ‌ရေးကြီး သော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစွမ်းကုန် ပံ့ပိုးကူညီသွားပါမည်။ ယခုတစ်ခေါက် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင်လည်း ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် Mr. SASAKAWA Yohei ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ‌ရေးအဖွဲ့ကို စေလွှတ်ထားသည့်အပြင် ယခု စီမံကိန်းမှတစ်ဆင့် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကျင်းပနိုင်ရန် ပံ့ပိုး ကူညီသွားမည်ဖြစ်ပါသည်။ယခုစီမံကိန်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme, UNDP) နှင့်ပူးပေါင်း၍

Japan to send special delegation to observe 2020 election | Eleven Media  Group Co., Ltd

မြန်မာနိုင်ငံတစ်ဝန်းရှိ မဲရုံများအတွက် အလွယ်တကူ ဖျက်ပစ်၍ မရသောမင်ရည်များကို ပေးအပ်ပြီး မဲပေးခွင့်ရှိသူများအားလုံးအတွက် တစ်ကြိမ်ထပ် ပိုသော မဲပေးခြင်းများကို ကာကွယ်တားဆီးရာတွင် အသုံးပြုခြင်းဖြင့် တရားမျှတပြီး ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲကျင်းပနိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး ယခင်တစ်ခေါက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ယခု ဒုတိယအကြိမ် ပံ့ပိုးကူညီခြင်းဖြစ်ပါသည်”ဟု ပြောဆိုခဲ့သည်။

Myanmar Gears Up for November Election | Voice of America - English

Myanmar Harp